ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 4 September 2010

စိန်ရောင်ခြည်တော် ဘုရားပင့်

အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော။
ဝဇိရာဝ ၀ိရောစန္တိ၊ ဇိနော မေ ဌာတုသီသကေ။

အင်္ဂီရသဿ=အယုတ် အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီ တော်ဂုဏ် တို့ကြောင့် ခြောက်ရောင်စုံ ကွန့်မြူးလျက် “အင်္ဂီရသ” ဆိုတဲ့ ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင်ဘက် ပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မှုသော ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏။ ဘမုကန္တရေ=မျက်ခုံးတော် နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌၊ သဉ္ဇညတညာ=နူဖြိုးထွားထွား ကောင်းစွာပေါက် ဖွားဖြစ်ဖြစ်ပေါ်၍ လာတော်မှုသော။ ဥဏ္ဏာယစ=ဆွဲလိုဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်မျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာ ရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေရှင်တော်ဓာတ်လွန်ထူးမြတ်သည့် အရပ်တော်မှလည်ကောင်း၊ ဒါဌာဟိစ=ပတ္တမြားခေါင်ရန်း၊ နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ ထားအပ်သော သွားတော်လေးဆယ် စွယ်တော် လေးဆူ ဖြူရာရာ ဓာတ်တော်ထူးတို့မှလည်းကောင်း၊ သေ တရံ သိယော=ပုလဲအနှစ် စိန်စစ်နမှု ဘော်ဖြူငွေ ရွက် ဖြန့်ကြက်စီခြယ် ငွေကြယ်ရောင်သန်း ကေလာသ ငွေတောင်ကို နေရောင်လွှမ်းဘိသကဲ့သို့ မြတ်လေးပန်း စံပယ်ပန်းငုံ ကြာဖြူပွင့် ၀တ်မှုလိုပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟတ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ် ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်တဲ့ စိန်ရောင်ခြည်ဓာတ် ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကြီး ကဲ့သို့၊ ၀ိရောစန္တိ=ဖူးမြင်ရသူတို့၏ ဟိတ်ဝယ် အထူးဘ၀င်မှာ ကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော်မှု ကြပါပေကုန်၏။ သောဖိနော=ထူး ထွေဆန်းလည် စိန်ရောင်ခြည် တို့ကြောင့် အင်ဂီရသံဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင်ကိုယ်တော် မြတ်ကြီးသည်၊ မေမမ=ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွဲ၍ ရာထာတင် ဦးထိပ်ပြင်၌၊ ဌာတု=ဘေးရန်ခပ် သိမ်း ကင်းငြိမ်းစေမှု မေတ္တာပြု၍ ကြည့်ရူကိုယ်တိုင် ခိုင်ခိုင်မတ်မတ် ရပ်တန့်တော်မှု လှည့်ပါ။ (၀ါ) ရပ်တန့်ရွှင် ကြည် တည်နေရွှေဘုန်းတော်သခင် အရှင်သူမြတ်ဘုရား။

No comments:

Post a Comment