ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 November 2011

တရားအားထုတ်မူ၌ အနှောက်အယှက်ပြုမည့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရမည့် ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်း (ပလိဗောဓ)

တရားအားထုတ်မည်ဆိုလျှင် နောက်ဆံတင်းစရာ ကိစ္စများကို ကြိုတင်ပြီးပြတ်အောင် ဆောင်ရွက်ထားသင့်၏၊ ဆောင်ရွက်စရာကိစ္စများကို မပြီးမပြတ်ဖြစ်နေပါက တရားအားထုတ်မူ၌ အနှောက်အယှက်ပြုတတ်သည်၊ ထိုကိစ္စအတွက် နောက်ဆံတငင်ငင် ဖြစ်နေတတ်သည်၊ ထိုနောက်ဆံတင်းဖွယ်ကိစ္စများကို ပလိဗောဓ(ကြောင့်ကြမူ) ဟုခေါ်ဆိုသည်။ ယင်းပလိဗောဓကိစ္စတို့ကား နေထိုင်ရန် အဆောက်အုံးပြင်ဆင် စီမံခြင်းကိစ္စ၊ ရင်းနှီးသော ဆွေမျိုးမိဘ အပေါင်းအသင်း ဒကာ ဒကာမတို့ကိစ္စ၊ ပရိဘောဂအသုံးအဆောင်ပစ္စည်းများနှင့် စပ်သောကိစ္စ၊ ဂိုဏ်းဂဏ အသင်းအဖွဲ့နှင့် စပ်သောကိစ္စ၊ လတ်တလော မဖြစ်မနေဆောင်ရွက်ဖွယ်ကိစ္စ၊ ခရီးသွားရန်ကိစ္စ၊ မိသားစုနှင့်ဆွေမျိုး ဆရာသမား ဒကာ ဒကာမတို့၏ ကျန်းမာရေးကိစ္စ၊ မိမိ၏ ကျန်းမာရေးကိစ္စ၊ မိမိ၏ပညာရေးကိစ္စ၊ ရရှိထားသည့် လောကီတန်ခိုးအစွမ်း မပျောက်မပျက်ရေးကိစ္စ စသည်ဖြင့် များပြားစွာရှိလေသည်။

ထို့ပြင် မိမိတစ်ကိုယ်တစ်ကာယ သန့်ရှင်းရေးအတွက် ဆံ၊ မုတ်ဆိတ်၊ လက်သည်း၊ ခြေသည်းတို့ကို ရိတ်ဖြတ်ခြင်း၊ အ၀တ်အထည်များကို ချုပ်လုပ်ခြင်း၊ ဖွတ်လျှော်ခြင်း၊ အိုးခွက်ပန်ကန်များကို ဆေးကြောခြင်း၊ အိပ်ရာ ခုတင်များကို ပြုပြင်ခြင်း အစရှိသည်ဖြင့် အသေးအဖွဲ(ပလိဗောဓငယ်) ကိစ္စများလည်း ရှိနေပေသည်။ ထိုကိစ္စ ကြီးငယ်အသွယ်သွယ်ကို တရားအားမထုတ်မီကပင် ကြိုတင်၍ ပြီးပြတ်အောင် ဆောင်ရွက်ထားရမည်။ အချုပ်အားဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့် ဆွေမျိုးသားချင်း အသင်းအဖွဲ့ အစရှိသော အရေးကိစ္စတို့ကို ပြီးပြတ်အောင် ဆောင်ရွက်ထားရပါမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment