ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 November 2011

ကမ္မဋ္ဌာန်းဆရာထံ ချဉ်းကပ်ခြင်း

ကမ္မဋ္ဌာန်းတရားအားထုတ်ရာ၌ ဆရာကောင်း အမှီကောင်းရဖို့ အရေးကြီးလှ၏။ ဆရာကောင်းဆိုသည်မှာ ကိုယ်တိုင် တရားပေါက်မြောက်ပြီးသူ ဖြစ်ခြင်း၊ ပရိယတ္တပဋိပတ္တိ စာတွေ့ရော လက်တွေ့ပါ ပြည့်စုံခြင်းဟူသော အရည်အချင်းများနှင့် ပြည့်စုံသော ဆရာမျိုးဖြစ်သည်။ ထိုဆရာမျိုးမရခဲ့သော် ကိုယ်ကျင့် တရားကောင်းမွန်၍ စာတွေ့ လက်တွေ့ အတော်အသင့်ရှိသော ဆရာထံမှာ အားထုတ်သင့်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment