ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 November 2011

မိမိစရိုက်နှင့်ကိုက်ညီမည့် ကမ္မဋ္ဌာန်းကို သင်ယူခြင်း

တရားအားထုတ်ရာ၌ မိမိစရိုက်နှင့် လိုက်ဖက်သည့် ကမ္မဋ္ဌာန်းကို ရွေးချယ်တတ်ရန် လွန်စွာ အရေးကြီး၏၊ စရိုက်နှင့် ကမ္မဋ္ဌာန်းမကိုက်ညီပါက အနာတခြား ဆေးတခြား ဆိုသကဲ့သို့ ဖြစ်နေပေသည်။

စရိုက်ဟူသော စကားသည် စရိတဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ ဖြစ်နေကျထက် ပိုမိုလွန်ကဲစွာဖြစ်ခြင်းဟု ဆိုလိုသည်။ ထိုစရိုက်သည် ခြောက်ပါးရှိ၏၊ ၎င်းတို့မှာ -

၁။ ရာဂစရိုက် = ရာဂအဖြစ်များခြင်း
၂။ ဒေါသစရိုက် = ဒေါသအဖြစ်များခြင်း
၃။ မောဟစရိုက် = မောဟအဖြစ်များခြင်း
၎။ သဒ္ဓါစရိုက် = သဒ္ဓါအဖြစ်များခြင်း
၅။ ဗုဒ္ဓိစရိုက် = အသိဉာဏ်ပညာအဖြစ်များခြင်း
၆။ ၀ိတက်စရိုက် = အကြံအစည်အဖြစ်များခြင်းတို့ဖြစ်သည်။

ဤစရိုက်များသည် သတ္တ၀ါတစ်ဦးတွင် တစ်မျိုးစီသာရှိသည်မဟုတ် သတ္တ၀ါတစ်ဦးတည်းမှာပင် စရိုက်နှစ်မျိုး၊ သုံးမျိုးစသည်ဖြင့် ရှိနေတတ်သည်။ ထိုသို့ ပုဂ္ဂိုလ်တစ်ဦးတည်း၌ စရိုက်တစ်မျိုးထက်ပို၍ နှစ်မျိုး၊ သုံးမျိုးရောနှော နေတတ်သော်လည်း မူရင်းစရိုက်တစ်မျိုးသာ ထင်ရှား၏။ ထို့ကြောင့် စရိုက်နှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းရွေးချယ်ရာတွင် မူရင်းစရိုက်ကိုသာ အဓိကထား၍ စိစစ်ရမည်။

ရာဂစရိုက် ရှိသူသည် အသုဘကမ္မဋ္ဌာန်(၁၀)ပါး၊ ကာယဂတာသတိ(၁)ပါး ဟူသော ကမ္မဋ္ဌာန်း(၁၁)ပါး အနက် နှစ်သက်ရာ ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။

ဒေါသစရိုက် ရှိသူသည် ဗြဟ္မစိုရ်တရားလေးပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော ကသိုဏ်းလေးပါးတို့တွင် နှစ်သက်ရာကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။

မောဟစရိုက် ရှိသူနှင့် ၀ိတက်စရိုက် ရှိသူတို့သည် အနာပါနဿတိ၊ ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။

သဒ္ဓါစရိုက် ရှိသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဟူသော (၆)ပါးတွင် နှစ်သက်ရာ ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။

ဗုဒ္ဓိစရိုက် ရှိသူကား မရဏဿတိ၊ ဥပသမာနုဿတိ၊ စတုဓာတု၀၀တ္ထာန်၊ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းများအနက် နှစ်သက်ရာကို အားထုတ်သင့်၏။

ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ ကသိုဏ်း(၆)ပါး၊ အာရုပ္ပကမ္မဋ္ဌာန်း(၄)ပါးတို့ကား မည်သည့်စရိုက်ရှိသူမဆို အားထုတ်နိုင်သော ကမ္မဋ္ဌာန်းများဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment