ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

အရိယာဥပုသ်ဟာ ဘယ်နှစ်မျိုး ရှိသလဲ ?


အရိယာဥပုသ်ဟာ ၆-မျိုးကွဲပြာပါတယ်။

(၁) ရှစ်ပါးသီလခံယူပြီး ဘုရားရှင်ရဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့နေတဲ့ ဥပုသ်ကို ဒြဟ္မ ဥပုသ်လို့ ခေါ်ပါတယ်။

(၂) ရှစ်ပါးသီလခံပြီး တရားတော်ရဲ့ သွာက္ခာတစတဲ့ ဂုဏ်တော်တွေကို အဖန်ဖန် နှလုံးသွင်းနေတဲ့ ဥပုသ်ကို ဓမ္မဥပုသ်လို့ ခေါ်ပါတယ်။

(၃) သံဃာတော်ရဲ့ သုပ္ပဋိပ္ပန္နစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်နေတဲ့ ဥပုသ်ကို သံဃဥပုသ်လို့ ခေါ်ပါတယ်။

(၄) ရှစ်ပါးသီလခံယူပြီး သီလရဲ့ ဂုဏ်ကျေးဇူးကို အဖန်ဖန် နှလုံးသွင်းနေတဲ့ ဥပုသ်ကို သီလဥပုသ်လို့ ခေါ်ပါတယ်။

(၅) နတ်တွေ ဗြဟ္မာတွေဟာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဂုဏ်ကျေးဇူးတွေ ရှိကြလို့ နတ်ပြည်ဗြဟ္မာ ပြည်မှာ ဖြစ်ကြရသည်။ ငါ့မှာလဲ ဒီစင်ကြယ်မွန်မြတ်တဲ့ သီလစတဲ့ ဂုဏ်ကျေးဇူးတွေ ရှိပေသည်ဟု နတ်ဗြဟ္မာ တို့ကို စံထားကာ စောင့်သုံးတဲ့ ဥပုသ်ကို ဒေ၀တာဥပုသ်လို့ ခေါ်ပါတယ်။

(၆) ရှစ်ပါးသီလကိုခံယူကာ ရဟန္တာ ပုဂ္ဂိုလ်တွေဟာ သူ့အသက်ကို လုံးဝမသတ်ဘဲ အမြဲ ကြင်နာ သနားတော်မှု ကြသလို ငါလဲသတ်ဖြတ် ညှဉ်းဆဲခြင်းမရှိဘဲ သနားကြင်နာရပေပြီ။ ဤ ကျင့်ဝတ်ဖြင့် ရဟန္တာတွေကို အတုလိုက် ကာ ကျင့်သုံးရပေပြီ။ ဤသို့စသည်ဖြင့် ဥပုသ်အင်္ဂါ ၈-ပါးလုံးကို ဆင်ခြင်အောက်မေ့ စောင့်သုံးတဲ့သီလကို အဌင်္ဂုပေါသထ အင်္ဂါ ၈-ပါးကို ဆင်ခြင်တဲ့ ဥပုသ်လို့ ခေါ်ပါတယ်။

ရှစ်ပါးသီလခံယူပြီး ဥပုသ်စောင့်တဲ့လူဟာ အထက်မှပြခဲ့တဲ့ ဥပုသ် ၆-မျိုးထဲက တစ်မျိုးမျိုးဖြစ်အောင် စောင့်သုံးဖို့ လိုပါတယ်။

No comments:

Post a Comment