ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

ဥပုသ် ဘယ်နှစ်မျိုး ရှိသလဲ?


တိကအင်္ဂုတ္တိုရ်မှာ သီလယူပြီးနောက် ဆင်ခြင်နှလုံးသွင်းကွဲပြားပုံကို ကြည့်ပြီး .....

(၁) ဂေါပါလဥပုသ် = နွားကျောင်းသားဥပုသ်

(၂)နိဂဏ္ဍဥပုသ် = တက္ကတွန်းဥပုသ်

(၃) အရိယဥပုသ် = စင်ကြယ်သော ဥပုသ်

ဆိုပြီး ၃-မျိုးရှိတယ်လို့ ဟောထားပါတယ်။

နွားကျောင်းသားဥပုသ်ဆိုတာက နွားကျောင်းသားတွေဟာ ဒီနေ့တော့ နွားတွေကို ဒီတောမှာကျောင်းပြီး ဒီချောင်း မှာရေတိုက်တယ်၊ နက်ဖြန်ကျရင်တော့ ဘယ်တောမှာ ကျောင်းပြီး ဘယ်ချောင်းမှာ ရေတိုက်ကြမယ်လို့ စီစဉ်လေ့ ရှိသလို ဥပုသ်သည်တွေဟာလဲ ဒီနေ့တော့ ဘာဟင်း ဘာမုန့်တွေစားပြီး နက်ဖြန်၊ သို့မဟုတ် နောက်ဥပုသ်မှာ ဘာဟင်းချက်စားမယ်လို့ အစားအသောက်ကောင်းတွေ စားဖို့စဉ်းစားနေတဲ့ ဥပုသ်မျိုးကို နွားကျောင်းသား ဥပုသ် (ဂေါပါလဥပုသ်)လို့ ခေါ်ပါတယ်။

တက္ကတွန်းဥပုသ်ဆိုတာက တိတ္ထိတက္ကတွန်းတွေ စောင့်သုံးတဲ့ ဥပုသ်မျိုး ဖြစ်ပါတယ်။ ဘယ်နှစ်မိုင်အတွင်းမှာ ရှိတဲ့ သတ္တ၀ါတွေကိုတော့ မသတ်ကောင်း။ ဒီမိုင် သတ်မှတ်ချက် ဟိုဘက်မှာရှိတဲ့ သတ္တ၀ါကိုတော့ သတ်ကောင်းတယ်လို့ ဒုစရိုက်မှုပြုလို့ရအောင် ကြံဖန်စောင့်သုံးတဲ့ သီလမျိုး ဖြစ်ပါတယ်။

အရိယာဥပုသ် စင်ကြယ်တဲ့ ဥပုသ်ဆိုတာက ဘုရားဂုဏ်တော်စသည်ကို အဖန်ဖန်နှလုံးသွင်းပြီး မိမိစိတ်မှာ ကိလေသာ အညစ်အကြေး စင်ကြယ်အောင် စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်ပါတယ်။ ဒီဥပုသ်သုံးမျိုးထဲမှာ နွားကျောင်းသားဥပုသ်၊ တက္ကတွန်းဥပုသ်မျိုး မဖြစ်စေဘဲ အရိယာဥပုသ်မျိုး ဖြစ်အောင်စောင့်ဖို့ သတိပြုကြရပါမယ်။

No comments:

Post a Comment