ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 8 September 2010

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဘုရားရှင် ဟောထားတာ ရှိပါသလား?


အဂ္ဂိဒတ္တရသေ့ဟာ တပည့်တွေကို တောတောင်သစ်ပင် ဥယျာဉ်ခြံ နတ်ကွန်းတွေကို ရှိခိုးပူဇော်ဖို့ တိုက်တွန်း နေတယ်။ ဒါကို ဘုရားသိတော့ ဒီလို သစ်ပင်တောတောင်တွေကို ရှိခိုးကိုးကွယ်နေတာ မှန်ကန်တဲ့ ဘေးရန်မှ ကင်းတဲ့ ကိုးကွယ်မှုမျိုး မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရင် သစ္စာလေးပါး ကိုသိရမယ်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှ ဘေးကင်းတယ်။ မွန်မြတ်တယ်။ ဆင်းရဲခပ်သိမ်းကလဲ ကင်းလွတ်မယ်လို့ ဘုရားရှင်က ဓမ္မပဒမှာ ဟောထားပါတယ်။

No comments:

Post a Comment