ဓာတုဓမ္မဥဒ္ဒိဿနဲ့ ပရိဘောဂဆိုတဲ့ စေတီ ၄-မျိုးနဲ့ သံဃာတော်တွေဟာ ဘုရားရှင်ဖွင့်ထားတဲ့ ကုန်မျိုးစုံဆိုင်ကြီး ဖြစ်တယ်။ အဲဒီဆိုင်ကြီးမှာ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း၊ အမျိုးမြတ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ နတ်ပြည်ရောက်ခြင်း၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ကုန်မျိုးစုံကို ဖြန့်ခင်းရောင်းချတယ်။
အဲဒီအဖိုးတန်ကုန်တွေကို ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံဆိုတဲ့ အဖိုးငွေတွေပေးပြီး ၀ယ်ယူနိုင်တယ်လို့ ရှင်နာဂသေနက ဖြေထားပါတယ်။
ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆိုတဲ့ ငွေတွေ များများ စုဆောင်းပြီး စေတီ ၄-ပါးနဲ့ သံဃာတော်များဆိုတဲ့ ဘုရားရှင်ရဲ့ ကုန်ပဒေသာဆိုင်ကြီးမှာ လူနတ်နိဗ္ဗာန်ချမ်းသာသုံးပါး ကုန်ပစ္စည်းများကို ၀ယ်ယူစားသုံးနိုင်ကြဖို့ အထူးလိုအပ်ပါတယ်။

No comments:
Post a Comment