ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 8 September 2010

ဘုရားရှိခိုးအမျိုးမျိုးထဲမှာ ဘယ်ဘုရားရှိခိုးဟာ အကောင်းဆုံးလဲ?


ဘုရားရှိခိုးတယ်ဆိုတာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ဖော်ထုတ်ချီးကျူးပြီး ဘုရားရှင်ကို လေးစားပူဇော်ခြင်းဖြစ် ပါတယ်။ ဘုရားရှင်မှာလဲ ဂုဏ်တော်တွေဟာ ဖွင့်ထုတ်လို့ မကုန်အောင် များပြားပါတယ်။ ဘုရားတစ်ဆူရဲ့ ဂုဏ်ကို အခြားဘုရားတစ်ဆူက တစ်ကမ္ဘာပတ်လုံး အခြားဘာစကားမှမပြောဘဲ ချီးကျူးနေသော်လဲ မကုန်နိုင်ဘူးဆိုတာကို ဥဒါန်းနဲ့ဗုဒ္ဓ၀င်အဌကထာတွေမှာ ပြထားပါတယ်။ ဒါကြောင့်လဲ ဘုရားရှိခိုးအမျိုးမျိုး ဖြစ်နေတာပါပဲ။ အဲဒီ ဂုဏ်တွေထက် ဘယ်ဂုဏ်ကိုပဲဖြစ်ဖြစ် ထုတ်ဖော်ရှိခိုးရင် ကောင်းတာပါပဲ။

ဒါပေမယ့် သုကုမာရ မဂ္ဂဒီပနီကျမ်းမှာ လယ်တီဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း မှာထားတယ်။ ဤဘုရားဂုဏ် ၉-ပါး၊ တရားဂုဏ် ၆-ပါး၊ သံဃဂုဏ် ၉-ပါးကို အဓိပ္ပာယ်နှင့်တကွ ရေလည်စွာ မသိသောသူသည် ဘုရား၊ တရား၊ သံဃာကို ဥာဏ်နှင့် ကြည်ညိုတက်သောသူမဟုတ်။ ထိုသူ၌ တိဟိတ်ကုသိုလ်မဖြစ်။ ဒွိဟိတ်ကုသိုလ်သာ ဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာလူမျိုးမှန်လျှင် ဤဂုဏ်တော်သုံးပါးနက်ကို နှုတ်တက်ကြေမွ တကယ်ရမှ သင့်မြတ်သတည်း၊ ဤဂုဏ်တော် ဘုရားရှိခိုးသည် သုတ္တန်ပါဠိတော်၌ မြတ်စွာဘုရား ကိုယ်တော်တိုင် အဖန်ဖန်ဟောတော်မှု၏။ ရဟန္တာကြီးများကလည်း အဖန်ဖန်ဟောတော်မှု၏။ ဤဘုရားရှိခိုးထက် ကြီးမြတ်သော ဘုရားရှိခိုးမရှိပြီ။

No comments:

Post a Comment