ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 1 September 2010

အနေကဇာတင်ပွဲ ဆင်ယင်ကျင်းပပုံ



ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဘုရားအနေကဇာတင်ပွဲကို နံနက် စောစောအာရုဏ်တက် ချိန်၌ဖြစ်စေ၊ နံနက် ၁၀-နာရီ၊ ၁၁-နာရီ အချိန်၌ဖြစ်စေ သံဃာတော်များးအားပင့်ဖိတ်၍ ဆွမ်းခဲဖွယ်ဘော ဇဉ်များဆက်ကပ်ပြီး ကျင်းပပြုလုပ် လေ့ရှိကြသည်။ ဘုရားအနေကဇာမတင်မီ အနေကဇာတင်မည့် ဥဒ္ဒိသာကစေတီတော်မြတ်အား ဆွမ်း ခဲဖွယ် ဘောဇဉ် ရေချမ်း ပန်း နံ့သာ ဆီမီး ထီး တံခွန်ကုက္ကား မုလေးပွား စသည်တို့ကို လှူဒါန်းပူဇော်ထားကြသည်။ အနေကဇာတင်ရန် ကြွရောက်လာကြသည် သံဃာတော်များသည် ပန်း နံ့သာ ထီး တံခွန်ကုက္ကား မုလေးပွားစသည်တို့ကို အသီးသီးကိုင်ဆောင်ကြလျက် အနေကဇာတင်မည့် ဥဒ္ဒဿစေတီတော်ကို ရှိခိုးကာ ရှေးဦးစွာ -



၁။ အနေကဇာတိသံသာရံ- အစချီသောဥဒါန်းနှစ်ဂါထာကို (၃)ကြိမ်ရွတ်ဆိုကြသည်။



၂။ ထို့နောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံအားဖြင့် ရွတ်ဆိုပြီး အဆုံးတွင် ယဒါဟဝေ ပါတုဘ၀န္တိ ဓမ္မာ - စသော ပထမ ဥဒါန်းဂါထာတော်ကို ဆက်လက်ရွတ်ဆိုပူဇော်ကြသည်။



၃။ ထို့နောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ အစုံအဆန် ရွတ်ဆို ပူဇော်၍ ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ - စသော ဒုတိယ ဥဒါန်းဂါထာတော်ကို ရွတ်ဆိုပူဇော်ကြသည်။



၎။ ထို့နောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ အစုံအဆန် ရွတ်ဆိုပူဇော်၍ ယဒါ ဟဝေ ပါတု ဘ၀န္တိ - ဓမ္မော စသော တတိယ ဥဒါန်းဂါထာတော်ကို ရွတ်ဆိုပူဇော်ကြသည်။



၅။ ထို့နောက် ဇယန္တော ဗောဓိယာ မှုလေ - စသော အဘိသေက ဂါထာတော်များနှင့် ဘုရားဂုဏ်တော်များ (မာရ်နတ်မင်းကို အောင်ပွဲခံချိန်တွင် နဂါး ဂဠုန် နတ် ဗြဟ္မာတို့ ရွတ်ဆို သီကျူး ကြွေးကြော်ခဲ့သော) “ဇယောဟိ ဗုဒ္ဓဿ သိရီမတော် အယံ” စသော ဥဂ္ဃေါသနဂါထာများကို ရွတ်ဆို ပူဇော်ကြသည်။



၆။ ထို့နောက် - သုနက္ခတ္တ့ သုမင်္ဂလံစသော အာသီသ ပတ္ထနာ ဂါထာများကို ရွတ်ဆိုပူဇော်ကာ အနေကဇာတင်တော် မှုကြသည်။



သံဃာတော်များက ရွတ်ဆိုပူဇော်၍ ပြီးဆုံးသောအခါ ဒကာ ဒကာများက သာဓု သုံးကြိမ်ခေါ်ကြရသည်၊ သာဓုခေါ်ပြီးတိုင်း သံဃာတော် တစ်ပါးက အသင့်လှူထားသည့် ပန်း၊ ပေါက်ပေါက်တို့ကို ကြဲ၍ ဘုရားကို ပူဇော်ရသည်၊ အနေကဇာတင်ပြီးသောအခါ အမွှေးနံ့သာရေများ ထည့်ထားသည့် ဖလားထဲသို့ သပြေခက် ကိုနှစ်ကာ - ဗယန္တော ဗောဓိယာ မှုလေ - အဘိသိတ် ဂါထာ ရွတ်ဆို၍ အမွှေးနံ့သာရေတို့ဖြင့် ပက်ဖျန်းသွန်းလောင်း ပူဇော်ပြီးဗုဒ္ဓါဘိသေက မင်္ဂလာကို ပြုလုပ်လေ့ရှိကြသည်။

No comments:

Post a Comment