ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 12 November 2010

“အမေ့တေး”

Photobucket



ချိုချိုကြည်ကြည်၊ ဆည်းလည်းမြည်၍

ရင်ဆီရိုက်ခတ်၊ မေတ္တာဓာတ်ဖြင့်

လွမ်းပတ်ကြင်နာ၊ ယိုစိမ့်လာသည်

မာတာသမီးလှ ရူမ၀...။


ကြင်အသည်းနဲ့၊ ရင်ထဲကျစ်လျစ်

အားတို့ဖြစ်ခဲ့၊ ပွားသစ်ဝေဆာ

မရိုးပါခဲ့၊ အိပ်ပါ သမီးလေး

အို…အို…အေးဟု၊ မှေးဆက်မျက်တောင်

ပြုံးယောင်နူတ်ခမ်း၊ ပန်းသို့လန်း၍

လ၀န်းငွေစ၊ စမ်းရေလွနှယ်

အမေ့ရွှေရင် ပီတိဆင်္င...။


လွှဲပုခက်နဲ့၊ စွဲမက်ဆိုညှိ

ဂွမ်းဆီထိကာ၊ ဖမိ အရာ

ဝန်ထမ်းပါသော်၊ ရင်မှာပီတိ

ထို အသိလျှင်၊ ရွှန်းအိပျံ့မွေး

မအိုတေးကို၊ ပြန်တွေးရင်နွမ်း

စို့မျက်ဝန်းနဲ့ - လွမ်းမိခုတိုင် ဖြေမပြေ…။

2 comments:

  1. အမေ့တေး ...ကို
    လာရောက်နားဆင်သွားပါတယ်။
    ကဗျာတွေများများရေးနိုင်ပါစေ။

    ကိုခိုင်

    ReplyDelete