ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 20 November 2010

ငါးပိဟင်းမျိုးစုံချက်နည်းနှင့် ပတ်သက်၍

ငါးကျည်းကျပ်တိုက်ကြော်

ပါဝင်သောပစ္စည်းများ -

ငါးကျည်းကျပ်တိုက်ခြောက် = ၅ကျပ်သား

ငရုတ်ပွတောင့် = ၁၀တောင့်

ကြက်သွန်ဖြူ = ၁လုံး

ကြက်သွန်နီ = ၅လုံး

ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

ပြုလုပ်ပုံ -

- ငါးကျည်းများကို အလယ်ရိုးများ ထုတ်ပြီး ခပ်သေးသေးလှီးဖြတ်ထားပါ။ ရေမဆေးရပါ။

- ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါးပါးလှီး၍ နီရောင်လာအောင် ကြော်ထာူးပါ။

- ငရုတ်သီးပွတောင့်ကို အခြောက်ထောင်းထားပါ။

- ငါးကျည်းကျက်တိုက်များကို ဆီအိုးတွင် ကြွပ်ရွလာအောင်ကြော်ပါ။

- ပြီးလျှင် ဆယ်ယူပါ။

- ဆီအိုးထဲသို့ ငရုတ်သီးများ ထည့်၍ ကြော်ပါ။

- ငရုတ်နံ့ပျောက်လျှင် ကြော်ထားသော ငါးများထည့်၍ ပြန်ကြော်ပါ။

- ဆား၊ ဟင်းခတ်မူန့် အနည်းငယ်စီ ထည့်ပါ။

- ကြွပ်ရွလာလျှင် ခွင်ပေါ်မှချ၍ အအေးခံပါ။

- အေးလျှင် ကြော်ထားသော ကြက်သွန်ကြော်များဖြင့် သမအောင်ရော၍ မွှေလိုက်ပါ။


ငံပြာရည်

ပါဝင်သောပစ္စည်းများ -

ပုစွန်ခြောက်မူန့် = ၁၀ကျပ်သား

ကြက်သွန်ဖြူ = ၂လုံး

ကြက်သွန်နီ = ၄လုံး

ငရုတ်သီး = ၅ကျပ်သား

ငံပြာရည်ည = ၅ကျပ်သား

ဆီ = ၅ကျပ်သား

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ကြက်ွန်နီ၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီး နီရောင်လာအောင် ကြော်ပြီး ဆီစစ်ထားပါ။

- ပြီးလျှင် ထောင်းထားသော ငရုတ်သီးများ ထည့်ကြော်ပြီး ကြွပ်လာလျှင် ပုစွန်ခြောက်ထည့်၍ မွှေပါ။

- ထို့နောက် ငံပြာရည်ထည့်ပါ။

- နာနာမွှေပေးပါ၊ ကျက်လောက်လျှင် ခွင်ပေါ်မှ ချ၍ အအေးခံပြီး ကြော်ထားသော ကြက်သွန်ကြော်များ ထည့်၍ မွှေလိုက်ပါ။


ငံပြာရည်ချက် (အစို)

ပါဝင်သောပစ္စည်းများ -

ငရုတ်ပွခြောက် = ၅ကျပ်သား

ပုစွန်ခြောက် = ၁၀ကျပ်သား

ငံပြာရည် = ၁၀ကျပ်သား

ဆီ = အနည်းငယ်

ကြက်သွန်ဖြူ = ၂လုံး

ကြက်သွန်နီ = ၅လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ငရုတ်သီးကို ထောင်းထားပါ။

- ထိုထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ပါ ရောထည့်၍ ထောင်းပါ။

- ပုစွန်ခြောက်ကို မညက်တညက်ထောင်းထာူးပါ။

- ဆီအိုးတည်၍ ဆီကျက်လျှင် ငရုတ်သီး ဆီသတ်ပါ။

- ငရုတ်သီးနံ့ပျောက်လျှင် ပုစွန်ခြောက်မူန့်များ ထည့်၍မွှေပါ။

- ပြီးလျှင် ရေအနည်းငယ်ထည့်၍ စလောင်းအုပ်ထားပါ။

- ထို့နောက် ငံပြာရည်နှင့် ဟင်းခတ်မူန့်တို့ ထည့်၍ ဆက်ချက်ပါ။

- အရည်စပ်စပ်ကလေးနှင့် ပျော့ပျော့အိအိ ငံပြာရည်ချက် ဖြစ်လာပါမည်။


ငါးပတ်ငါးပိကောင်ချက်

ပါဝင်သောပစ္စည်းများ -

ငါးပတ်ငါးပိကောင် = ၂၀ကျပ်သား

ကြက်သွန်နီ = ၃လုံး

ကြက်သွန်ဖြူ = ၂လုံး

ငရကုတ်သီးအပွတောင့် = ၅တောင့်

ခရမ်းချဉ်သီး = ၁၀ကျပ်သား

ငရုတ်သီးစိမ်း = လိုသလောက်

ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

နနွင်း = အနည်းငယ်

နံနံပင် = အနည်းငယ်

ပြုလုပ်ပုံ -

- ငါးပတ်ငါးပိကောင်ကို ရေစင်အောင်ဆေးပြီး နနွင်းဖြင့် နယ်၍ ရေစစ်ထားပါ။

- ခရမ်းချဉ်သီးနှင့် နံနံပင်ကိုလည်း လှီးထားပါ။

- ငရုတ်သီး ထောင်းထားပါ။ ထိုအထဲသို့ ကြက်သွန်ဖြူ ကြက်သွန်နီ ရောထည်ထောင်းထားပါ။

- ဆီအိုး တည်၍ ဆီကျက်လျှင် ငရုတ်သီးဆီသတ်ပါ။ နနွင်းမူန့် အနည်းငယ်ထည့်ပါ။

- ပြီးလျှင် ခရမ်းချဉ်သီးထည့်၍ မွေးပေးပါ။ နာနာမွှေပြီးလျှင် ငါးပိကောင်များထည့်၍ ရေအနည်းငယ်ထည့် ချက်ပါ။

- ဟင်းခတ်မူန့်ထည့်၍ ရေမပျစ်မကျဲလေးတွင် ငရုတ်သီးစိမ်းနှင့် နံနံပင်များ အုပ်၍ သုံးဆောင်ပါ။


ငါးပိကြော်ရိုးရိုး

ပါဝင်သောပစ္စည်းများ -

ရေကျိုငါးပိကောင်းကောင်း = ၁၀ကျပ်သား

ငရုတ်သီးပွ လေးစိတ်ကွဲ = ၁၀တောင့်

ကြက်သွန်ဖြူ = ၁လုံး

ကြက်သွန်နီ = ၃လုံး

ဆီ = အနည်းငယ်

နနွင်း = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ပြုလုပ်ပုံ -

- ငရုတ်သီးခြောက်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ရော၍ ဆီသတ်ပါ။

- ပြီးလျှင် နုတ်နုတ်စဉ်းထားသော ရေကျိုငါးပိများကို ထည့်မွှေပြီး သမအောင် ရောမွှေ၍ တည်ပါ။

- ထို့နောက် ငရုတ်သီးကစိမ်းလေး အုပ်လိုက်ပါ။


ငါးဖယ်အောင်း ငါးပိကောင်ကြော်

ပါဝင်သောပစ္စည်းများ -

ငါးဖယ်အောင်းပါးပိကောင် = ၂ကောင်

ငရုတ်သီးပွ (သို့) ရှည် = ၅တောင့်

ဆီ = အနည်းငယ်

နနွင်း = အနည်းငယ်

ပြုလုပ်ပုံ -

- ငါးဖယ်အောင်ကို ဗိုက်ထဲမှ ဆားများ ဖယ်ပစ်ပြီး ရေစင်အောင်ဆေးပါ။

- ပြီးလျှင် နှစ်ပိုင်းပိုင်းထားပါ။

- ဆီအိုးတည်၍ ဆီကျက်လျှင် ငရုတ်သီးတောင့်များထည့်၍ ကြော်ပါ။ ကြွပ်လာလျှင် ဆယ်ယူထားပါ။

- ငါးဖယ်အောင်ကို ထည့်၍ကြော်ပါ။

- မီးနည်းနည်းဖြင့် စိတ်ရှည်ရှည်လေး ကြော်ရပါသည်။

- နနွင်းမူန့် အနည်းငယ်ထည့်လိုက်ပါ။

- ငါးဖယ်အောင်း အရေခွံလေးများ နီရောင်လာလျှကင် ဆယ်ယူ၍ ပြင်ဆင် စားသုံးပါ။

- ချဉ်ပေါင်ဟင်းနှင့် အလွန်လိုက်ဖက်သော ငါးပိအမယ်တစ်မျိုး ဖြစ်သည်။


ငါးဖယ်အောင်းမီးဖုတ်

ပါဝင်သောပစ္စည်းများ -

ငါးဖယ်အောင်းငါးပိကောင် = ၁ကောင်

ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ငါးဖယ်အောင်းများကို ရေစင်စွာဆေးပြီး မီးခဲအေးအေးဖြင့် စိတ်ရှည်စွာ ကင်ပါ။

- ပြီးလျှင် ဓားပြားလေးဖြင့် အသာအယာထုပါ။

- ဟင်းခတ်မူန့် အနည်းငယ်ဖြူးပြီး ဆီဆမ်း၍ သုံးဆောင်ပါ။

No comments:

Post a Comment