
အပင်တော့ မပျိုး။
အလုပ်ဂုဏ် သူမသိ
ဖျင်းသည့် စိတ်မျိုး။
အသီးတော့ စားချင်
အားအင်နှင့် လုံ့လ မစိုက်။
ရေစုန်မှာ လှေကြုံစီးသည့်
ပျင်းဘိစရိုက်။
ရေကြည်တော့ သောက်ချင်
ပေါက်ပင်နှင့် မြေကို မဆွ။
ချွေးစက်ကို ရင်းမထုတ်တဲ့
ဖျင်းခဲ့ လူအ။
ရေသာခို အချောင်လိုက်
စရုက်က နူံချာ။
လူဖြစ်ကာ နေပါလျက်
ရိုင်းတဲ့သိက္ခာ။
ဤမြေကမ္ဘာ
လူဖြစ်လာ လူစိတ်မွေး။
ပန်ကလေး လိုလျှင်ဖြင့်
အပင်ပျိုး တီထွင်ကြံ
အသီးမှန် စားလိုက
လုံးလစိုက်ပါ။
ရေကြည်ဆိုတာ
တူးမှသာ ရမည်ပ
လုံးလ အတူယှဉ်လို့
ဇွဲရှေ့တင် ချွေးနှင့်ရင်း
ပျံ့သင်း လှိုင်ကြည်ရွှင်လျက်
ပြည်တစ်ခွင် အလင်းငှ
ဝင်းပမည်လေး။
No comments:
Post a Comment