မြန်မာအမည် - ငရုတ်ကောင်း
အင်္ဂလိပ်အမည် - Black Pepper
ရုက္ခအမည် - Piper Nigrum Linn
မျိုးရင်း - Piperaceae
မူရင်းဒေသ - အိန္ဒယပြည်၊ မာလဗာ ကမ်းခြေ။
ငရုတ်ကောင်းပင်မှာ မျိုးစိတ်များပြားသည်။ ထင်ရှားသော အမျိုးအစားမှာ ၁၀-မျိုးရှိသည်။
ပုံသဏ္ဌာန်မှာ နှစ်ရှည်ခံ နွယ်ပင်မျိုးဖြစ်သည်။ အဖိုပင်၊ အမပင်နှင့် အဖို၊ အမ ၂-မျိုးပါဝင်သော အပင်ဟူ၍ ရှိသည်။ ပင်စည် ပြောင်ချောနေပြီး အဆင် နေရာများ ဘေးမှ ကြားမြစ်များ ထွက်သည်။ အရွက်မှာ ရွက်လွှဲထွက်ပြီး ကွမ်းရွက်နှင့် ဆင်တူသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်း ၀ိုင်းသည်။ မျက်နှာပြင် ပြောင်ချော၍ ရွက်ကြော ၅-ခုမှ ၉-ခုထိ ပါရှိသည်။ ရွက်နားညီ၍ ရွက်ပြားထူပြီးမာ၏။ အောက်သို့ ငိုက်ကျနေသော ကြောင်မြီးသဏ္ဌာန် ပန်းခိုင်တွင် ပွင့်ညှာမဲ့ ပန်းကလေးများ များစွာ ပွင့်သည်။ ပန်းခိုင်မှာ ၂-လက်မ မှ ၅-လက်မအထိ ရှည်သည်။ အဖိုပန်းခိုင်နှင့် အမပန်းခိုင် ဟူ၍ ရှိသည်။ အသီးမှာ အစိမ်းရင့်ရောင်ရှိ၍ အညှာမဲ့ ခွံပျော့ တစ်စေ့သီးဖြစ်သည်။ အသားထူသည်။ အခိုင်လိုက် သီးသည်။ ရင့်မှည့်လာပါက လိမ္မော်ရောင်မှ အနီရောင်သို့ ပြောင်းသွားသည်။ တစ်ခိုင်လျှင် အသီး ၂၀ မှ ၅၀ အထိ ပါဝင်သည်။
ငရုတ်ကောင်းသည် ပူအိုက် စွတ်စို ထိုင်းမိုင်းသော ရာသီဥတုကို နှစ်သက်သည်။ မိုးရေချိန် အနည်းဆုံး ၆၀-လက်မ ရှိရမည်၊ တစ်နှစ်ပတ်လုံး နီးပါး မိုးမှန်မှန် ရွာသွန်းပါက ပိုမို နှစ်သက်သည်။ ငရုတ်ကောင်းပင်ကို အစေ့စိုက်ပျိုးနည်းနှင့် ကိုင်းဖြတ် စိုက်ပျိုးနည်း ၂-နည်းဖြင့် စိုက်ပျိုးနိုင်သည်။ စိုက်ပြီး ၃-နှစ်ကြာလျှင် စတင် သီးပွင့်သည်။ ၂၅-နှစ် မှ ၃၀-နှစ် အထိ ဆက်လက် သီးပွင့်သည်။ ငရုတ်ကောင်းပင်သည် ဇူလိုင်လတွင် စတင် သီးပွင့်၍ ဖေဖော်ဝါရိလမှ မက်လအတွင်း ဆွတ်ခူးရသည်။ ရင့်မှည့်လာပါက လိမ္မော်ရောင် ဖြစ်ပေါ်လာသည်။ သီးခိုင်တွင်ရှိသည့် ငရုတ်ကောင်းများ အစေ့ ၂-စေ့ခန့် အနီးရောင် စတင် တွေ့ရှိလျှင် စတင်ဆွတ်ခူးနိုင်သည် ဆွတ်ခူးပြီး သီးခိုင်များကို ဖျာပေါ်တွင် ဖြန့်၍ အညှာများကို ခြွေပစ်ရသည်။ ထို့နောက် အစေ့များကို နေတွင် အခြောက်လှန်းရသည်၊ နေပြင်းလျှင် ၆-နေ လှန်းရသည်။ ကောင်းစွာ ခြောက်သွေ့သွားသောအခါ အစေ့သည် မည်းနက်၍ အခွံမှာ တွ့ရူံ့သွားသည်။
အသုံးပြုနည်းမှာ (၁) ငရုတ်ကောင်းစေ့ကို အမူန့်ပြုပြီး ပျားရည်နှင့် ရော၍လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာ ရောဂါများ ပျောက်ကင်းသည်။
(၂) ငရုတ်ကောင်းကို စးသုံးခြင်းဖြင့် အစာကြေခြင်း၊ လေကြေခြင်းနှင့် ဆီးကောင်းခြင်းတို့ကို ဖြစ်စေသည်။ ၀မ်းဖော၊ ၀မ်းရောင်ဖြစ်ခြင်းကို ပျောက်ကင်းစေသည်။
(၃) ငရုတ်ကောင်းမူန့်ကို နွယ်ချိုမူန့်နှင့် ရော၍ လျက်ပါက လေထိုးလေအောင့် ရောဂါ၊ နှစ်လုံးတုန် ရင်ခုန် ရောဂါများ ပျောက်ကင်းစေသည်။
(၄)မြန်မာ ဆေးပူများတွင် ငရုတ်ကောင်းကိုအနည်းနှင့်အများထည့်သွင်း အသုံးပြုကြသည်။
(၅) ဟင်းခတ် အမွှေးအကြိုင် အဖြစ်လည်း အသုံးပြုနိုင်သည်။

Thursday, 4 November 2010
ငရုတ်ကောင်း
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment