မြန်မာအမည် - သစ်ကြံပိုး
အင်္ဂလိပ်အမည် - CINNAMON
ရုက္ခဗေဒအမည် - CINNA MONUMZEYLANICUM
မျိုးရင်း - LAURA CEAE
မူရင်း ဒေသမှာ သစ်ကြံပိုးပင်သည် မျိုးစိတ်များစွာရှိသည့်အနက် တရုတ် သစ်ကြံပိုး (CHINA MONUM CASSIA) ၏ မူရင်းပေါက်ရောက်ရာ ဒေသမှာ တရုတ်ပြည် တောင်ပိုင်းဖြစ်၍ သင်္ဘောသစ်ကြံပိုး (CHINA MONUM ZEYLA NICUM) ၏ မူရင်းဒေသများမှာ သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယပြည် တောင်ပိုင်းတို့ ဖြစ်သည်။
အမျိုးအစားမှာ သစ်ကြံပိုးပင်သည် ပရုတ်မျိုးရင် (LAURA CEAE) တွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း တစ်ထောင်ခန့် ရှိသည့်အနက် ထင်ရှားသော မျိုးစိတ်များမှာ -
၁။ CINNA MOMUM CASSIR.
၂။ CINNA MOMUM ZEYLA NICUM.
၃။ CINNA MOMUM TAMALA.
၎။ CINNA MOMUM INERS တို့ဖြစ်သည်။
သစ်ကြံပိုးပင်၏ ပုံသဏ္ဌာန်နှင့် ပတ်သက်၍ မျိုးစိတ်အလိုက် အနည်းငယ် ကွဲပြားသော်လည်း ယေဘုယျအားဖြင့် တူညီကြရာ အခြေခံ တူညီချက်များကို ဖော်ပြအပ်ပါသည်။
သစ်ကြံပိုးပင်သည် အမြဲ စိမ်းလန်း၍ အနံ့ရှိသော အပင်ကြီးမျိုး ဖြစ်သည်။ သဘာဝအလျောက် ပေါက်ရောက်သော အရိုင်းပင်သည် ပေ-၄၀ မှ ပေ-၆၀ အထိ မြင့်သည်။ အကိုင်းအခက်များ ဝေဆာစွာ ထွက်လေ့ ရှိသည်။ စနစ်တကျ စိုက်သော အပင်များသည် ထိုမျှ မမြင့်ပေ။
အရွက်မှာ ရွက်ဆိုင် ထွက်ပြီး ရွက်ရင်းဝိုင်း၍ ရွက်ဖျား ချွန်သည်။ အရွက်နုစဉ် ပန်းရောင်ရှိ၍ ရင့်သော် အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ ပွင့်ခိုင်သည် အကိုင်းများမှ ထွက်သော်လည်း ကြားဖူးမှ သော်လည်းကောင်း ထွက်သည်။ ပွင့်ညှာ ရှည်သည်။ အပွင့်များ သေးငယ်ပြီး ဖြူဝါရောင်ရှိ၍ စူးရှသော အနံ့ရှိ၏။ တပိုတွဲလ၊ တပေါင်းလများတွင် ပွင့်သည်။
သစ်ကြံပိုးသိးသည် လုံးဝိုင်းသည်။ အညိုရောင်သန်းသော အနီရောင်ရှိသည်။ နယုန်လမှ သီတင်းကျွတ်လအတွင်း အသီးများ ရင့်မှည့်သည်။ အသီးမှ အဆီ ထုတ်ယူရရှိနိုင်သည်။ သစ်ကြံပိုး တစ်ပင်လုံးတွင် အဓိက အသုံးပြုသော အစိတ်အပိုင်းမှာ အခေါက်ဖြစ်၍ အဖိုးတန်ဆုံး ဖြစ်သည်။ ၎င်း သစ်ကြံပိုးခေါက်သည် နီညိုရောင် ရှိ၍ ချိုသော အရာသာနှင့် မွှေးကြိုင်သော ရနံ့ရှိ၏။ သစ်ကြံပိုးမျိုးစိတ် အလိုက်အခေါက် အထူအပါး ကွာခြားသည်။ အခေါက်မှ အဆီထုတ်ယူရရှိသည်။
စိုက်ပျိုး ပေါက်ရောက်သည့်ဒေသမှာ တရုတ်သစ်ကြံပိုး (CINNA MOMUM CASSIA) ကို မြန်မာပြည်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဗန်းမော်နှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ရှိရသည်။ ၎င်းသည် အပင်ကြီးမျိုးဖြစ်၍ အပင်ကြီးသည့်အထိ ထားပြီး အခေါက်ခွာကြရသည်။ ရိုးရိုး သစ်ကြံပို (CINNA MOMUM ZEY-LA NICUM) ကို မူ အပင်ငယ်စဉ်က အခေါက်ခွာသည်။ တစ်နှစ်လျှင် မိုးရေလက်မ(၈၀)မှ (၁၂၅) လက်မအတွင်းရှိပြီး အပူချိန် (၈၀)ဒီဂရီ ဖာရင်ဟိုက် ရှိသော ဒေသများတွင် စိုက်ပျိုး ပေါက်ရောက် နိုင်သည်။ မိုးရွာသွန်းသော ကာလရှည်လျားရန်လိုသည်။ ရိုးရိုး သစ်ကြံပိုးသည် ဖော်ပြပါ ရာသီဥတုမျိုးအား အနှစ်သက်ဆုံး ဖြစ်၍ ပေ(၂၀၀၀) မြင့်သော ဒေသအထိ စိုက်ပျိုးနိုင်သည်။ တရုတ်သစ်ကြံပိုးသည် အပူ သမပိုင်း ရာသီဥတုကို နှစ်သက်၏။
အခေါက်ခွာယူနည်းမှာ ခုတ်ယူထားသော အပင်လုံး၏ အပေါ်ဘက်တွင် ဓားနှင့် ပတ်လည် တစ်ရစ် ရစ်ပြီးနောက် (၁၈)လက်မခြားကာောအက်ဘက်၌ တစ်ရစ် ရစ်ရ၏။ ထို့နောက် အထက်အရစ်မှ အောက်အရစ်အထိ ပင်လုံး၏ အရှေ့ဘက်၌ တစ်ခါ၊ နောက်ဘက်၌ တစ်ခါ အလျားလိုက် ဓားဦးချွန်ဖြင့် ခွဲချပြီး အခေါက်ကို ကော်၍ ထုတ်ယူရသည်။ ခွာယူပြီးသော အခေါက်များအား တစ်နေရာတွင် စုပုံ၍ အပေါ်မှ ဂုန်နီအိတ်ဖြင့် အလုံဖုံးပြီး တစ်ညသိပ်၍ ချွေးပြန်စေသည်။
ခြစ်နည်းမှာ နောက်တစ်ရက်၌ သင့်လျော်သော် အရွယ်ရှိသည့် သစ်သားပြားကို တစ်ဘက်နံရံ၊ သို့မဟုတ် သုံးချောင်းထောက်တိုင်တွင် မှီထားပြီး ခြေဖြင့် ဖိ၍ ၎င်းသစ်သားပြားပေါ်တွင် အခေါက်ကို တင်ကာ အခေါက်အောက်ဘက်ရှိ (Cortex) ကိုခြစ်ပစ်ရသည်။ အခေါက်ထူလွန်းပါက အခေါက်အပေါ်ယံကို လည်း ခြစ်ပစ်ပေးရန် လိုသည်။
အခြောက်ခံနည်းမှာ အခေါက်များကို ၂၄-နာရီ အရိပ်ထဲတွင် ထားပြီး အခြောက်ခံရ၏။ ဒုတိယနေ့တွင် သစ်သားပြားပေါ်၌ တင်၍ လေဟာပြင်တွင် လှန်းရ၏။ နေရောင် တိုက်ရိုက်ထိလျှင် တွန့်လိမ်သွားတတ်သဖြင့် သစ်ကြံပိုးခေါက်များကို ဖျာဖြင့် အုပ်ပေးရသည်။ အခေါက်များ ကောင်းစွာ ခြောက်သွေ့သော အခါတွင် အလိပ်လိုက် ဖြစ်သွားသည်။ ၎င်း တို့ကို ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းထားရှိရသည်။
အခေါက်အသုံးပြုနည်းမှာ -
(၁) လေနာ။ သည်းခြေနာ၊ ၀မ်းသွားရောဂါ၊ သွေးချွေးထွက်လွန်ခြင်းတို့ကို အထူးသဖြင့် နိုင်၏။ များသောအားဖြင့် မီးမကင်ဆေး၊ သူငယ်နာဆေး၊ အကြောလိမ်းေ်ဆးများတွင် ထည့်သွင်း အသုံးပြုသည်။
(၂) အခေါက်မူန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ၀မ်းသွားခြင်းကို ပျောက်ကင်းစေသည်။
(၃)တုပ်ကွေးရောဂါ၊ ချောင်းဆိုးရောဂါ၊ သုက်ခန်းခြောက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း တို့အတွက် အခေါက်ကို သွေး၍ အခြားဆေးတို့နှင့် ဖက်စပ် တိုက်ကျွေးနိုင်သည်။
(၄) ဟင်းလျာများ ချက်ပြုတ်ရာတွင် သစ်ကြံပိုးခေါက်ကို ထည့်သွင်း ချက်ပြုတ်လျှင် အစာကြေလွယ်၍ အနံ့အရသာဖြင့် ပြည့်စုံသည်။
(၅) သစ်ကြံပိုး အခေါက်၌ (TANNIN) ခေါ် အဖန်ဓာတ် ပါရှိသဖြင့် ၀မ်းပျက်ရော၈ါနှင့် ၀မ်းတွင်း သွေးယိုစီးခြင်း ရောဂါများ၌ အသုံးပြုနိုင်သည်။
(၆) အခေါက်ကို ပြုတ်၍ သောက်လျှင် ၀မ်းကိုက်ရောဂါ ပျောက်၏။
(၇) သွေးကို အားပေးသောကြောင့် (White Blood Corpuse Puseles)ခေါ် သွေးကောင်းတွင် ပါဝင်သည့် အဖြူသွေးကို တိုးပွားစေသဖြင့် အဆုတ်ရောဂါ ကုသဆွေးအဖြစ် ဖော်စပ်နိုင်သည်။
အဆီအသုံးပြုနည်းမှာ -
(၁) အဆီကို သွားကိုက်ရာတွင် ထည့်သွင်း သုတ်လိမ်းပေးပါက ပျောက်ကင်း၏။
(၂) နားအူခြင်း၊ နားလေထွက်ခြင်းများ ဖြစ်ပါက သစ်ကြံပိုးဆီကို ခတ်ပေးလျှင် ပျောက်ကင်းသည်။
(၃) ၀မ်းတွင်းလေ ပွသော် အဆီ ၂-စက်မှ ၄-စက်အထိ သောက်ပေးပါက ပျောက်၏။
(၄) အနောက်နိုင်ငံများ၌ အူရောင်ငန်းဖျားခေါ် (Typhoid) ရောဂါ ကုသရာ၌ ၎င်းအဆီကို အသုံးပြုသည်။

Thursday, 4 November 2010
သစ်ကြံပိုး
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment