မန်ကျည်းရွက်သုပ်
ပါဝင်သောပစ္စည်းများ -
မန်ကျည်းရွက်နုနု = ၁၀ကျပ်သား
ပုစွန်ခြောက် = အနည်းငယ်
ကြက်သွန်နီ = ၄လုံး
ဆီ = နှစ်ကျပ်ခွဲသား
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပဲမူန့်အကျက် = အနည်းငယ်
ပြုလုပ်ပုံ -
- မန်ကျည်းရွက်နုနုလေးများကို အရိုးများကုန်အောင်သင်၍ ရေစင်စင်ဆေးထားပါ။
- ကြက်သွန်နီကို ပါးပါးလှီး၍ ရေဆေးထားပါ။
- မန်ကျည်းရွက်ထဲသို့ ကြက်သွန်နီ၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ ပဲမူန်က၊ ဆီစိမ်းတို့ ထည့်ပြီး ရောနယ်၍ သုပ်ပါ။
မြင်းခွာရွက်သုပ်
ပါဝင်သောပစ္စည်းများ -
မြင်းခွာရွက် = ၃စည်း
ကြက်သွန်နီ = ၅လုံး
သံပရာသီး = ၁လုံး
ဟင်းခတ်မူန့် = အနည်းငယ်
မြေပဲကြော်(ထောင်းပြီး) = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ပုစွန်ခြောက်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး ပါးပါးလှီးထားပါ။
- ထို့နောက် ကြက်သွန်နီ နှစ်လုံး ဆီချက် ချက်ပါ။
- ကြက်သွန်နီသုံးလုံးနှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။
- ပြီးလျှင် ဆီချက်၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ မြေပဲကြော်၊ ပုစွန်ခြောက်မူန့်တို့ကိုထည့်ပြီး ရောနယ်၍ သုပ်ပါ။
- သံပရာသီးညှစ်ပြီး ထည့်သုပ်ပါ။
- အစပ်မကြိုက်သူများ ငရုတ်သီးစိမ်း မထည့်ဘဲ စားသံးနိုင်ပါသည်။
- သက်သတ်လွတ်သမားများ ပုစွန်ခြောက်မူန့်၊ ငံပြာရည်တို့ မထည့်ဘဲ သုံးဆောင်နိုင်ပါသည်။
မဲဇလီဖူးသုပ်
ပါဝင်သောပစ္စည်းများ -
မဲဇလီဖူးပြုတ် = ၃စည်း
ဆီ = ၅ကျပ်သား
ကြက်သွန်နီ = ၄လုံး
မြေပဲကြော် (ထောင်းပြီး) = အနည်းငယ်
နှမ်း = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- မဲဇလီဖူးကို အစိမ်းရည်များ ထွက်လာသည်အထိ ပြုတ်ပြီး ရေအေးတွင် စိမ်ထားပါ။
- ပြီးလျှင် ပါးပါးလှီးထားပါ။
- မဲဇလီဖူးထဲသို့ ဆီချက်၊ ပုစွန်ခြောက်မူန့်၊ မြေပဲ၊ နှမ်း။ ငံပြာရည်၊ ဟင်းခတ်မူန့်တို့ထည့်ပြီး ရောနယ်ပါ။
- ပြီးလျှင် သံပရာသီးလေးညှစ်ပြီး သုံးဆောင်နိုင်ပါသည်။
- မဲဇလီဖူးသုပ်ကို တန်ဆောင်မုန်း လပြည့်နေ့ညတွင် စားလျှင် ရောဂါဘယ ကင်းဝေးသည်ဟု ဆိုပါသည်။
ဝဥသုပ်
ပါဝင်သောပစ္စည်းများ -
ဝဥ = ၂၀ကျပ်သား
ကြက်သွန်နီ = ၄လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
ရှောက်ရွက် (နုနု) = အနည်းငယ်
နှမ်း = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ဆီ = ၅ကျပ်သား
ပြုလုပ်ပုံ -
- ၀ဥကို ရေဖြင့် စင်ကြယ်အောင်ဆေး၍ အနေတော်တုံးထားပါ။
- ပြီးလျှင် ကြက်သွန်နီနှင့် ရှောက်ရွက်နုနုကို ပါးပါးလှီးပါ။
- လှီးထားသော ၀ဥထဲသို့ ဆီချက်၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ဆား၊ ကြက်သွန်ကြော်၊ နှမ်း၊ ဟင်းခတ်မူန့်တို့ ထည့်ပြီး ရောနယ်၍ သုပ်ပါ။
- သံပရာသီးလေးညှစ်၍ ထည့်သုပ်ပါက ခံတွင်းမြိန်စေပါသည်။
- အစပ်ကြိုက်သူများ ငရုတ်သီးစိမ်းထည့်၍ သုံးဆောင်နိုင်ပါသည်။
အင်ဥသုပ်
ပါဝင်သောပစ္စည်းများ -
အင်ဥ = နို့ဆီဘူးတစ်ဘူး
ဆီ = နှစ်ကျပ်ခွဲသား
ကြက်သွန်နီ = ၅လုံး
ပုစွန်ခြောက်မူန့် = အနည်းငယ်
ပဲကျက်မူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
သံပရာသီး = ၁လုံး
ပြုလုပ်ပုံ -
- အင်ဥများကို သ့မပါစေရန် ရေဖြင့် အထပ်ထပ်ဆေး၍ ရေနွေးဖျောပါ။
- အင်ဥများကို ဓားဖြင့် ပါးပါးလှီးပါ။
- ကြက်သွန်နီ သုံးလုံးကို ဓားဖြင့် ပါးပါးလှီးပါ။
- ကျန်သည့် ကြက်သွန်နီ နှစ်လုံးကို ဆီချက်ချက်ပါ။
- လှီးထားသော အင်ဥကို သံပရာသီးညှစ်၍ နယ်ပေးပါ။
- ပြီးလျှင် ပုစွန်ခြောက်မူန့်၊ ကြက်သွန်နီ၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ ဆီချက်နှင့် ပဲကျက်မူန့်တို့ ထည့်ပြီးရောနယ်၍ သုပ်ပါ။
သခွားသီးသုပ်
ပါဝင်သောပစ္စည်းများ -
သခွားသီးခပ်ကြီးကြီး = ၁လုံး
ကြက်သွန်နီ = ၃လုံး
ပုစွန်အစိမ်း (အကောင်သေး) = ၁၀ကျပ်သား
ပင်စိမ်းရွက် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
သံပရာသီး = ၂လုံး
ပြုလုပ်ပုံ -
- သခွားသီးကို ရေစင်အောင်ဆေးပြီး ခြစ်ဖြင့် ခြစ်ပါ။
- ကြက်သွန်နီနှင့် ပင်စိမ်းရွက်တို့ကို ပါးပါးလှီးထားပါ။
- ပုစွန်ကို အနည်းငယ်လှော်ပြီး ငရုတ်ဆုံတွင် ငရုတ်သီးစိမ်းနှင့် ရောထောင်းပါ။
- ထို့နောက် သခွားသီးကဲ့သို့ ကြက်သွန်နီ၊ ပင်စိမ်းရွက်၊ ပုစွန်နှင့် ငရုတ်သီးစိမ်းထောင်းပြီးသားတို့ ထည့်ပါ။
- ပြီးလျှင် ဟင်းခတ်မူန့်၊ ငံပြာရည်တို့ထည့်ပြီး ရောနယ်၍ သုပ်ပါ။
- အချဉ်ကြိုက်လျှင် သံပရာရည် ညှစ်၍ သုံးဆောင်နိုင်ပါသည်။
သရက်သီးအစိမ်းသုပ်
ပါဝင်သောပစ္စည်းများ -
သရက်သီးအစိမ်း = ၂လုံး
ကြက်သွန်နီ = ၃လုံး
ပုစွန်ခြောက်မူန့် = အနည်းငယ်
ပဲမူန့်(အကျက်) = အနည်းငယ်
မြေပဲကျက်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆီ = အနည်းငယ်
ပြုလုပ်ပုံ -
- သရက်သီးးများကို ရေဆေးပြီး ဂျစ်ဖြင့် ခြစ်ပါ။
- ဓားနှင့် ပေါက်၍ ပါးပါးလှိးလျှင်လည်း ရပါသည်။
- ပြီးလျှင် လက်ဖြင့်ဆုပ်၍ အရည်များ ညှစ်ထုတ်ပါ။
- ကြက်သွန်နီကို ပါးပါးလှီးပြီး ညှစ်ထုတ်ပါ။
- ကြက်သွန်နီကို ပါးပါးပြီး ရေစစ်ထားပါ။
- ပြီးလျှင် သရက်သီး၊ ကြက်သွန်နီ၊ ငံပြာရည်၊ ပဲမူန့်၊ ပုစွန်ခြောက် မူန့်၊ ပဲမူန့်(အကျက်)၊ မြေပဲကျက်မူန့်၊ ဟင်းခတ်မူန့်၊ ဆီချက်တို့ဖြင့် ရောနယ်၍ သုပ်စားပါ။
သရက်ချဉ်သုပ်
ပါဝင်သောပစ္စည်းများ -
သရက်ချဉ် = ၂လုံး
ကြက်သွန်နီ = ၃လုံး
ဆီ = အနည်းငယ်
နှမ်း = အနည်းငယ်
ငရုတ်သီးစိမ်း= အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = လိုအပ်မှထည့်ပါ
ပြုလုပ်ပုံ -
- ကြက်သွန်နီနှင့် ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။
- သရက်ချဥကို ရေဆေးပါ။
- သရက်ချဉ်ထဲသို့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထည့်ပါ။
- ပြီးလျှင် ဟင်ခတ်မူန့်၊ ဆား။ နှမ်းနှင့် ဆီစိမ်းတို့ ရောနယ်၍ သုပ်စားပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးထည့်၍ သုပ်ပါ။
မရန်းသီးစိမ်းသုပ်
ပါဝင်သောပစ္စည်းများ -
မရန်းသီးအစ်မ်း = ၁၀ကျပ်သား
ကြက်သွန်နီ = ၅လုံး
ငံပြာရည် = အနည်းငယ်
ပုစွန်ခြောက်မူန့် =အနည်းငယ်
မျှင်ငါးပိ = အနည်းငယ်
နှမ်းလှော် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- အစေ့မယှက်သေးသော မရန်းသီးများကို ထက်ခြမ်းခွဲပြီး အစေ့ထုတ်ပါ။
- ရေဆေးပြီး ပါးပါးလှီး၍ ရေစစ်ထားပါ။
- ကြက်သွန်နီလည်း ပါးပါးလှီး၍ ရေစစ်ထားပါ။
- အဆင်သင့်ဖြစ်လျှင် မရန်းသီး၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငံပြာရည်၊ မျှင်ငါးပိတို့ကို ထည့်၍ ဆီချက်လောင်းသုပ်ပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းထည့်၍ သုပ်ပါ။
- နှမ်းလှော်ကလေးဖြူးပါ။
ငှက်ပျောဖူးသုပ်
ပါဝင်သောပစ္စည်းများ -
ငှက်ပျောဖူး = ၁ဖူး
ဆီ = နှစ်ကျပ်ခွဲသား
ကြက်သွန်နီ = ၄လုံး
ပုစွန်ခြောက်မူန့် = နှစ်ကျပ်ခွဲသား
ငံပြာရည် = အနည်းငယ်
ပဲမူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငရုတ်သီးမူန့် = အနည်းငယ်
မန်ကျည်းသီး = အနည်းငယ်
ပြုလုပ်ပုံ -
- ငှက်ပျောဖူးအရင့်ဖတ်ကို ခွာ၍ အနဖက်ကလေးများကို ပါးပါးလှိးပြီး ရေစိမ်ထားပါ။
- ကြက်သွန်နီနှစ်လုံးနှင့် ကြက်သွန်ဖြူတို့ကို ရော၍ ဆီချက် ချက်ပါ။
- ကျန်သည့် ကြက်သွန်နီနှစ်လုံးကို ပါးပါးလှီးထားပါ။
- ငှက်ပျောဖူးတွင် အဖန်ရည်များကုန်သောအခါ ညှစ်၍ ဆီချက်၊ ကြက်သွန်နီ၊ ပဲမူန့်၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ ငရုတ်သီးမူန့်၊ မန်ကျည်းရည်တို့ထည့်၍ ရောနယ်ပါ။
- သက်သတ်လွတ်သမားများ ပုစွန်ခြောက်မူန့်နှင့် ငံပြာရည် မထည့်ဘဲ သုံးဆောင်ပါ။

Saturday, 20 November 2010
အသုပ်စုံနှင့်ပတ်သက်၍
အမျိုးအစား/ကဏ္ဍ
စားကြမယ်ဟေ့ကောင်းကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment