ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 30 November 2010

ပန်းဂျုံ


မြန်မာအမည် - ပန်းဂျုံ

အင်္ဂလိပ်အမည် - Buck Wheat

ရုက္ခဗေဒအမည် - Fago Pyrum Eseu Len Tum Moench

မျိုးရင်း - Phlygona Ceae

ပုံသဏ္ဌာန်မှာ အရည်ရွှမ်းသော ပင်ပျော့မျိုး ပင်လတ်မျိုး ဖြစ်သည်။ ပင်စည်မှာ ပန်းရောင် ရှိ၏။ အရွက်များ ရွက်ဆိုင် ထွက်ပြီး ရွက်ရင်း နှလုံးပုံ ရှိ၏။ ရွက်ထိပိ ချွန်သွယ်သည်။ ရွက်ညှာ ရှည်၍ ရွက်ကြောများ အရင်းပိုင်းတွင် ပန်းရောင် ရှိ၏။ အပွင့်မှာ ပန်းရောင်သန်းသော အဖြူရောင် ဖြစ်သည်။

စိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့ဖြစ်သည်။

ရေမြေ ရာသီဥတုမှာ နုံးမြေ၊ လယ်မြေများတွင် စပါးရိတသိမ်းပြီး ရိုးပြတ်တွင် သီးထပ် စိုက်ပျိုးကြသည်။ ချီဗွေတွင် မိုးရာသီနှင့် ဆောင်းရာသီ၌ စိုက်ပျိုးကြသည်။ အများအားဖြင့် ဆောင်းသီးနှံ ဖြစ်သည်။

စိုက်ပျိုးနည်းမှာ အစေ့မှ တိုက်ရိုက် မျိုးပွား၍ စိုက်ပျိုးရသည်။ နွားဖြင့် ထယ်တစ်စပ် ထိုးပြီး တစ်ပတ်ခန့်အကြာတွင် နွားထွန်ဖြင့် ၄-စပ်မှ ၈-စပ် အထိ မြေပေါ်သည်အထိ မွှေပေးရသည်။ ဆောင်းရာသီ စက်တင်ဘာလတွင် လည်းကောင်း။ စပါးခင်း ရိုးပြတ်တွင် နိုဝင်ဘာလတွင် လည်းကောင်း၊ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပက်ကြဲခြင်းဖြင့် လည်းကောင်း၊ အတန်းလိုက် လည်းကောင်း စိုက်ပျိုးနိုင်သည်။ အတန်းလိုက် စိုက်ပျိုးလျှင် ပင်ကြား၊ တန်းကြား ၆-လက်မစီ ခြား၍ စိုက်ပျိုးရသည်။ တစ်ကျင်းလျှင် အနည်းဆုံး ၂-ပင်ခန့် ရှိသင့်သည်။

ထယ်မထိုးမီ နွားချေး၊ သစ်ရွက်ဆွေး လှည်း ၃-စီး မှ ၆-စီးတိုက် ချသင့်သည်။ ထွန်မမွှေမီ ယူရီးယား၊ ဆီဆူပါနှင့် ပိုတက်ရှ် သင့်လျော်သလို အချိုးအဆဖြင့် ရောစပ်၍ ချပေးသင့်သည်။

တစ်ဧက မျိုးစေ့ ၁-တင်းမှ ၁-တင်းခွဲ အထိ ကုန်၍ တစ်ဧကလျှင် ကျင်းပေါင်း ၇၅၀၀၀-ခန့်၊ တစ်ကျင်း ၂-ပင်နူန်းနှင့် အပင်ပေါင်း ၁-သိန်း ၅-သောင်းခန့် ၀င်သည်။ မျိုးစေ့ မချမီ မျိုးစေ့မှ အပင်ပေါက်ရန် ရေ တစ်ကြိမ်၊ အပင် ၁-လမှ ၁-လခွဲ အတွင်း ပန်းစတင် ပွင့်ချိန်တွင် တစ်ကြိမ်၊ အပင် ၁-လခွဲမှ ၂-လအတွင်း ပန်းပွင့်များ ဖြိုင်ချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃-ကြိမ် ရေသွင်းပေသင့်သည်။

အပင်ပေါက်ချိန်မှစ၍ အပင်ပေါက်များအား ပေါင်းပင်များ လွှမ်းမိုးမသွားနိုင်စေရန် ပေါင်းမြက်များ ရှင်းလင်းပေးရသည်။ အပင်သက်တန်း ၁၅-ရက်သားမှ တစ်လအတွင်း အပင်များ အမြစ်မြဲနေစေရန် အပင်ချေတွင် မြေတောင်မြှောက် ပေးသင့်သည်။ ပန်းဂျုံ၏ ပင်စည်မှာ ပျော့၍ မြေတောင်မြှောက်ပေးမှသာ အပင်များမတ်ထောင်နေမည် ဖြစ်သည်။ အပင်များ အလွန်ကြပ်မနေစေရန်လည်း ပြုပြင်ပေးရသည်။

မျိုးစေ့မြေချစဉ် မြေအောက်ပိုးမွှားများ ဖျက်ဆီးနိုင်သဖြင့် မျိုးစေ့မချမီ မျိုးစေ့ကို လည်းကောင်း၊ မြေကြီးကို လည်းကောင်း၊ ပိုးသတ်ဆေးများ စီရင်ပေးထားသင့်သည်။ အပွင့်များ ပွင့်လာသောအခါ အင်းဆက် အကူအညီ၊ ဥပမာ ပျားများဖြင့် ၀တ်မူံကူးသဖြင့် မလိုအပ်ပါက ပိုးသတ်ဆေး သုံးစွဲရန် မသင့်ပါ။

အသီးဆွတ်ခူးနည်းမှာ စိုက်ပြီး ၃-လကြာလျှင် ရိပ်သိမ်းနိုင်သည်။ အပင်ရင်းရှိ အရွက်များ ကြွေကျချိန်တွင် ရိတ်သိမ်းရမည်။ အပင်ခြေမှ တံဇင်ဖြင့် ရိတ်ဖြတ်၍ အစည်းငယ်များ ပြုလုပ်ပြီး တလင်းသို့ သယ်ယူ၍ အခြောက်လှမ်းရသည်။ ခြောက်သည်အခါ နွားဖြင့် နင်းနယ်၍ လည်းကောင်း၊ ဒုတ်ဖြင့် ရိုက်မွှေ၍ လည်းကောင်း ရယူစုဆောင်းနိုင်သည်။ အလှေးအမှော်များကို ဖယ်ထုတ် သန့်စင်ပေးရန်လိုသည်။ တစ်ဧကတွင်နူန်းမှာ အောင်မြင် ဖြစ်ထွန်းမူကောင်းပါက ၁၅-တင်းမှ ၂၀-တင်းအထိ ထွက်ရှိပြီး အောင်မြင် ဖြစ်ထွန်းမူ မကောင်းလျှင် ၅-သင်နူန်းခန့်သာ ထွက်ရှိနိုင်သည်။
မျိုးစေ့များ ရယူရာတွင် ကောင်းစွာ ခြောက်သွေ့၍ အောင်မြင်သောအခါ စေ့များကိုသာ ရွေးချယ်ထားသင့်သည်။ ၎င်းနောက် လေးလုံးသော သံပုံး၊ လေလုံမူရှိသော ၀ါးပုတ်ငယ်များတွင် ထည့်သွင်း၍ မိုးလုံသော နေရာတွင် မလူပ်မရှား ၀ဲနေအောင် ထားသင့်သည်။ ပိုးထိုးမူ ကင်းဝေးစေရန် ပိုးသတ်ဆေးများ သုံးစွဲ၍ သိမ်းဆည်းသင့်ပါသည်။

အသုံးပြုနည်းမှာ ပြည်တွင်း၌ တောင်တန်း ဒေသတို့တွင် စားသုံးရန် အတွက် ဂျုံအစား သုံးစွဲကြပါသည်။ ပန်းဂျုံကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကို ကောင်းစွာ ဖြည့်တင်းပေးသည်။ ၎င်းအပင်၏ ၀တ်ရည်ကို ပျားများ အလွန်ကြိုက်နှစ်သက်ကြ၍ ပျားမွေးမြူရေး စခန်းများအနီးတွင် တွဲဖက် စိုက်ပျိုးထားခြင်းဖြင့် အောင်မြင်သော ဂျုံစေ့များကို ရရှိစေနိုင်သည့်အပြင် ပျားရည်အထွက်နူန်းကိုလည်း တိုးတက်စေနိုင်သည်။

No comments:

Post a Comment