ကျွန်ုပ်တို့ စကြာဝဠာ၏ အလယ်ဗဟိုတွင်ရှိသော နေသည် အလွန်ပူလောင်လှသော အခိုးအငွေ့ လုံးကြီး ဖြစ်သည်။ ထိုနေ၏ မျက်နှာပြင်ပေါ်တွင် အနုမြူဗုံး၊ အလုံးပေါင်းများစွာ၏ ပေါက်ကွဲမူအားနှင့် နိုင်းယှဉ်နိုင်သော ပေါက်ကွဲမူများ ဖြစ်ပေါ်လျက်ရှိသည်။ တစ်ခါတစ်ရံ ယင်းပေါက်ကွဲမူများက အရှိပြင်းထန်လှသည်ကို ကြုံတွေ့ကြရသည်။
ယခုလည်း နေမျက်နှာပြင်ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲမူကြီး ဖြစ်ခဲ့ကြောင်း တွေ့ရှိရပြန်သည်။ ယင်းပေါက်ကွဲမူသည် အရှိန်ပြင်းလွန်းသဖြင့် မိုင်ပေါင်း ၉၃သန်းဝေးကွာသည့် ကမ္ဘာမြေတို့ပင် ရောက်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။
ဤသို့ နေမျက်နှာပြင်တွင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် အပူရှိန်သည် လူသားများကို မျိုးတုံးပျောက်ကွယ်စေနိုင်သည်အထိ အင်အားပြင်းထန်သော်လည်း ကမ္ဘာသံလိုက်စက်ကွင်း များကြောင့် သက်သာရာရနေခြင်းဖြစ်သည်။ သို့သော် နေမှ အပူလိုင်း ရိုက်ခတ်မူကိုမူ သြဂုတ်လ (၃)ရက်နေ့မှစ၍ ကြုံရနိုင်ကြောင်း သတိပေးထားသည်။
ယင်းအပူလိုင်းများသည် ကမ္ဘာလေထုအတွင်း အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့များအဖြစ် ပြိုကွဲသွားပြီး ၀င်ရိုးစွန်းဒေသများတွင် Aurora ခေါ် ဥတ္တရအလင်းကို ဖြစ်စေမည်ဖြစ်သည်။ ထို့ပြင် ယင်းအပူလိုင်း ရိုက်ခတ်မူကြောင့် ဂြိုလ်တုများ၏ လုပ်ဆောင်နေမူများ ပျက်စီးနိုင်ပြီး ကမ္ဘာမြေရှိ လျှပ်စစ်ဓာတ်အားလိုင်းကြီးများကိုလည်း ထိခိုက်မူရှိမည်ဟု ခန့်မှန်းထားကြသည်။

Thursday, 4 November 2010
နေမျက်နှာပြင်က ပေါက်ကွဲမူ
အမျိုးအစား/ကဏ္ဍ
ထွေထွေဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment