ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 4 November 2010

တရုတ်ပြည်ကိုသွားနေတဲ့ စက်ရုပ်ကား

နေစွမ်းအင်သုံး မောင်းသူမဲ့ စက်ရုပ်ကားနှစ်စင်းဟာ သမိုင်းတင်လောက်တဲ့ ခရီးတစ်ခုကို သွားနေပါပြီ။ ပိုးလမ်းမကြီးအတိုင်း အီတလီနိုင်ငံကနေ ၂၀၁၀ ကုန်စည်ပြပွဲကျင်းပရာ ရှန်ဟိုင်းမြို့ဆီကို ဦးတည်ပြီး သွားနေတာ ဖြစ်ပါတယ်။

ဒီစက်ရုပ်ကားတွေကို အီတလီနိုင်ငံ ပါးမားတက္ကသိုလ် Artificial Vision and Intelligent systems Laboratory (VisLab) က တီထွင်ပြုလုပ်ခဲ့တာပါ။ စက်ရုပ်ကားရဲ့ ခရီးစဉ်ကို ဇူလိုင်လ (၂၆)ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘာ့ကုန်စည်ပြပွဲမပြီးဆုံးမီ အောက်တိုဘာလ (၂၈)ရက်နေ့လောက်မှာ ရှန်ဟိုင်းကို ရောက်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

စွမ်းအင်သစ်ကို အသုံးပြုတဲ့ မောင်းသူမဲ့ကားတွေနဲ့ တိုက်ကြီးတစ်တိုက်ကနေ အခြားတစ်တိုက်ကို ကုန်စည်တွေ ပို့ဆောင်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်အတွေက် ဒီစက်ရုပ်ကား စီမံကိန်းကို The Europe Research Council က ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။

ဒီခရီးရှည်ကြီးက ယာဉ်သွားလမ်းကြောင်းဆိုင်ရာ နည်းပညာ။ အခြားယာဉ်များနှင့် လမ်းသွား လမ်းလာများ ရှိမရှိ ထောက်လှမ်းခြင်း၊ လမ်းမျက်နှာပြင်နဲ့ လမ်းဆင်ခြေလျှောရဲ့ မတ်စောက်မူကို ခန့်မှန်းခြင်း၊ လိမ်းသား၏ ဘေးစပ်ကို စူးစမ်းတိုင်းထွာပြီး အချက်ပြခြင်း၊ လိမ်းကြောင်း ရွေးချမယ်သည့် နည်းပညာစသည်တို့ကို အကဲဖြတ်ပေးမှာ ဖြစ်ပါတယ်။ အခု စက်ရုပ်ကားမှာ သုံးစွဲထားတဲ့ အထက်ပါနည်းပညာတွေက တစ်ချိန်ချိန်ကျရင် ကားတွေအားလုံးမှာ တပ်ဆင်မယ့် နည်းပညာတွေလည်း ဖြစ်လာပါလိမ့်မယ်။

၂၀၁၅ ခုနှစ်၊ ကမ္ဘာ့ကုန်စည်ပြပွဲကို အီတလီနိုင်ငံမှာ ကျင်းပမှာဖြစ်လို့ ၂၀၁၀ ကုန်စည်ပြပွဲကျင်းပရာ ရှန်ဟိုင်းနဲ့ ပေါင်းကူးဆက်သွယ်တဲ့ သဘာဆောင်အောင်လို့ အီတလီ-တရုတ်ခရီးစဉ်ကို ရွေးချယ်စမ်းသပ်ခဲ့တာဖြစ်ပါသတဲ့။

No comments:

Post a Comment