ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 3 November 2010

ဘဲသားဟင်းလျာနှင့် ပတ်သက်၍

ဘဲခေါင်းသုပ်

ပါဝင်သောပစ္စည်းများ

ဘဲခေါင်း = ၁၀ခေါင်း(လည်ချောင်းပါ)

ကြက်သွန်နိ = ၇လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ငရုတ်ဆီ = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

နနွင်း = အနည်းငယ်

ပြုလုပ်ပုံ -

- ဘဲခေါင်းမျာကို အမွေးစင်အောင်နုတ်ပြီး ရေဆေးပါ။

- ချင်းနှင့် နနွင်း အနည်းငယ်ထည့်၍ ပြုတ်ပါ။

- နူးလာလျှင် ဘဲခေါင်းကို လေးစိတ်စိတ်၊ လည်ချောင်းများကို အတုံးအတုံးလှီးပါ။

- ကြက်သွန်နီကွင်းကွင်းလှီးပါ။

- ပြီးလျှင် ဘဲခေါင်းများ၊ ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ ငရုတ်ဆီတို့ဖြင့် သုတ်စားနိုင်ပါသည်။
- ငရုတ်သီးစိမ်းအနည်းငယ်ထည့်ပါ။


ဘဲခြေထောက်သုပ်

ပါဝင်သောပစ္စည်းများ -

ဘဲခြေထောက် = ၃၀ဆယ်သား

ကြက်သွန်နိ = ၅လုံး

ငံပြာရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်ဆီ = အနည်းငယ်

နံနံပင် = အနည်းငယ်

ဆား = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ကြက်သွန်မိတ် = အနည်းငယ်

သံပရာသီး = ၁လုံး

ပြုလုပ်ပုံ -

- ဘဲခြေထောက်များကို အရိုးထုတ်(အဆစ်နေရာများကိုဓားနောင့်နှင့် အသာထုပြီး တွန်းထုတ်လျှင် ထွက်ပါသည်။)

- ဆား၊ ဟင်းခတ်မူန့်ဖြင့်နယ်၊ ရေထည့်ပြုတ်ပါ။

- ကြက်သွန်နိ ကွင်းကွင်းလှီး၊ ပြုတ်ထားသော ဘဲခြေထောက် အနေတော် လှီးထည့်၊ ဖျော်ထားသော ငရုတ်ဆီ၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်မူန့်၊ ငံပြာရည် အနည်းငယ်ထည့်၍ သုပ်ပါ။

- အပေါ်မှ နံနံပင် (သို့) ကြက်သွန်မိတ် လှီးထည့်၍ သုံးဆောင်ပါ။

- ငရုတ်ဆီ မနှစ်သက်လျှင် သံပရာသီးဖြင့် သုပ်ပါ။


ဘဲအရေခွံသုပ်

ပါဝင်သောပစ္စည်းများ -

ဘဲအရေခွံ = ၃၀ကျပ်သား

ကြက်သွန်နီ = ၅လုံး

သခွးသီး = ၁လုံး

ငရုတ်ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

နံနံပင် = အနည်းငယ်

ဆား = အနည်းငယ်

နနွင်း = အနည်းငယ်

ပြုလုပ်ပုံ -

- ဘဲအရေပြားများကို မွေးစင်အောင် နုတ်ပြီး ဆား၊ နနွင်း၊ ဟင်းခတ်မူန့် အနည်းငယ် ထည့်ပြုတ်ပါ။

- အနေတော် လှီးဖြတ်ပါ။

- ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ သခွားသီး၊ ဟင်းခတ်မူန့်၊ ဆား၊ ငံပြာရည်၊ ငရုတ်ဆီတို့ဖြင့် သုပ်စားနိုင်ပါသည်။
- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းထည့်ပါ။ နံနံပင်အုပ်ပါ။


ဘဲသားသုပ်

ပါဝင်သောပစ္စည်းများ -

ဘဲအသားနုနု = ၃၀ကျပ်သား

ကြက်သွန်နီိ = ၅လုံး

ငရုတ်ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ချင်း = အနည်းငယ်

ပြုလုပ်ပုံ -

- ဘဲကို ရေစင်အောင်ဆေးပြီး အတုံးကြီးကြီးတုံးပြီး ဆား၊ ဟင်းခတ်မုန့်တို့ဖြင့် နယ်ပါ။

- ပြီးလျှင် ချင်းထည့်၍ ပြုတ်ပါ။

- နူးလျှင် ဆယ်၍ အသားနွှင်ပါ။
- ကြက်သွန်နိ ပါးပါးလှီး၊ ဆား၊ ဟင်းခတ်မူန့်၊ ငရုတ်ဆီ၊ ငံပြာရည်များ ထည့်၍သုပ်ပါ။

- အစပ်ကြိုက်လျှင် ငရုတ်သီး စိမ်းထည့်ပါ။ သံပရာရည်နှင့်လည်း သုပ်သစား၍ ရပါသည်။


ဘဲကြွပ်ကြော်သုပ်

ပါဝင်သောပစ္စည်းများ -

ဘဲသားနုနု = ၃၀ကျပ်သား

ကြက်သွန်နီ = ၅လုံး

ချင်း = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

နံနံပင် = အနည်းငယ်

သံပရာသီး = ၂လုံး

ပြုလုပ်ပုံ -

- ဘဲသားများကို ရေစင်စွာဆေးပြီး အတုံးတုံးပါ။

- ပြီးလျှင် ဆား၊ ဟင်းခတ်မူန့်တို့ဖြင့် နယ်ပြီး အနည်းငယ် ပြုတ်ပါ။

- ပြီးလျှင် ဆယ်ယူ၍ ဆီပူအိုးထဲထည့်ကြော်ပါ။

- ကြော်ထားသော ဘဲသားတုံးများကို ဆယ်ယူပြီး ဆီစစ်ထားပါ။

- ပြီးလျှင် အရိုးနွှင်၊ လှီးထားသော ကြက်သွန်နီထည့်၊ ဟင်းခတ်မူန့်၊ ဆား အနည်းငယ်စီထည့်၊ သံပရာသီး ညှစ်၍ သုပ်စားပါ။

- ငရုတ်သီးစိမ်းလှီးထည့်လျှင်လည်း ရပါသည်။

No comments:

Post a Comment