ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 4 November 2010

ပရုတ်ပင်

မြန်မာအမည် - ပရုတ်ပင်

အင်္ဂလိပ်အမည် - CAMPHOR

ရုက္ခဗေဒအမည် - CINNA MOMUM CAM PHORANEES

မျိုးရင် - LAURACEAE

ပရုတ်ပင်၏ မူရင်း ပေါက်ရောက်ရာ ဒေသမှာ ဂျပန်၊ တရုတ်ပြည်တောင်ပိုင်းနှင့် ဖော်မိုဆာကျွန်းတို့ ဖြစ်သည်။

ပုံသဏ္ဌာန်မှာ အပင်ကြီးမျိုးဖြစ်၏။ သဘာဝအလျောက် အလေ့ကျပေါက်သော အပင်များသည် ပေ-၃၀ မှ ပေ-၄၀အထိ မြင့်သည်။ အကိုင်းအခက် များစွာ ဖြာထွက်သော အပင်မျိုး ဖြစ်သည်။ ဂျပန်နှင့် ဖော်မိုဆာကျွန်းတို့တွင် အပင်မြင့်ပေ-၅၀အထိ ရှိသည်။ အရွက်မှာ ရွက်လွှဲထွက်ပြီး ရွက်ရင်းသွယ်၍ ထိပ်ချွန်သည်။ အပွင့်များမှာ သေးငယ်၍ အခိုင်လိုက် ပွင့်သည်။ အသီးမှာ စားတော်ပဲခန့် ရှိသည်။ ရနံ့မွှေးကြိုင်သည်။ ရင့်မှည့်ပါက အမည်းရောင် ရှိသည်။

ပရုတ်ပင်မှာ သမပိုင်း ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မြေအမျိုးအစား မျိုးစုံတွင် ဖြစ်ထွန်းနိုင်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် အလေ့ကျ ပေါက်ရောက်သည်။ မြေမျက်နှာပြင်အမြင့်ပေ ၆၀၀၀-အထိ စိုက်ပျိုးနိုင်သည်။

ဆွတ်ခူးခြင်းမှာ အပင်အသက် ၃-နှစ် ၄-နှစ်သား အရွယ်မှ စ၍ အညွှန့်များကို ကိုက်ညှပ်ယူရသည်။ တစ်နှစ်လျှင် ၃-ကြိမ်မှ ၄-ကြိမ် အထိ ဆွတ်ခူးနိုင်သည်။ အပင်များကို ၆-ပေ၊ ၈-ပေထက် ပို၍ မမြင့်စေရန် အကိုင်းနှင့် အရွက်များကို မှန်မှန် ဖြတ်ယူရသည်။ အချို့ အပင်များကို ကြီးသည်အထိ ထားရှိပြီးမှ ခုတ်လှဲ၍ အရွက်များသာမက ပင်စည်နှင့် အကိုင်းအခက်များမှလည်း ပရုတ်ကို ထုတ်ယူနိုင်သည်။

ပရုတ်ထုတ်ယူနည်းမှာ ပင်စည်၊ အခေါက်နှင့် အရွက်များကို နုပ်နုပ်စင်းပြီး ရေနွေးငွေ့ဖြင့် ပေါင်းတင်ယူရသည်။ ပေါင်းခံ၍ရသော အရည်များကို ခပ်နွေးနွေး မီးမျှင်းမျှင်းဖြင့် ကျိုချက်သောအခါ ရေနှင့် ငွေ့ပျံလွယ်သော ဆီများထွက်သွားပြီး ပရုတ်ရိုင်းများကို ရရှိသည်။ ယင်း ပရုတ်ရိုင်းများကို အပူတိုက်ပေးပြီး အအေးနှင့် တွေ့ထိစေလျှင် ဖြူစင် သန့်ရှင်းသော ပရုတ်ကို ရရှိသည်။

အဆီအသုံးပြုနည်းမှာ -

(၁) ပရုတ်သည် မြန်မာဆေးများတွင် အပူလွန်ကဲသော စားဆေးများ၌ လည်းကောင်း။ အကြောလိမ်းဆေးများ၌ လည်းကောင်း၊ မီးဖွားပြီး အမျိုးသမီးများ ဗိုက်စီးဆေး၊ လိမ်းဆေးများ၌ လည်းကောင်း ထည့်သွင်း အသုံးပြုကြသည်။

(၂) သွားကိုက်၊ သွားနာသော် ပရုတ် ထည့်ပေးလျှင် ပျောက်စေသည်။

(၃) မြန်မာ့ရိုးရာ ကွမ်းစားသည့် အခါတွင် ပရုတ်ကို အသုံးပြုသည်။

(၄) ပရုတ်ကို ပရုတ်လုံးနှင့် ပရုတ်ဆီ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသည်။

(၅) ပရုတ်ဆီကို မူးမော်ခြင်း၊ ကိုယ်လက်အင်္ဂါ ကိုက်ခဲခြင်းနှင့် ဒူလာရောဂါ၊ မီးယပ်ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။

ပရုတ်မှာ ရှားပါးသော ပရဆေး ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်၍ နိုင်ငံခြားမှ မှာယူ သုံးစွဲ နေရသည်။ မြန်မာတိုင်းရင်း ဆေးဆရာတို့သည် နိုင်ငံခြား ပရုတ်ထက် ရှမ်းပြည်တွင် ပေါက်ရောက်သေ ပရုတ်ပင်မှ ရရှိသည့် ပရုတ်များကို ပိုမို နှစ်သက်ကြသည်၊ ရှမ်းပရုတ်သည် နိုင်ငံခြား ပရုတ်ထက် အနံ့ကောင်း၍ အခိုး အာကာသ ရရှိပြီး အကျိုးအာနိသင် ပိုမို ရရှိသည်ဟု ဆိုကြသည်။

No comments:

Post a Comment