ရယ်ပြီးတော့နေမယ်၊ ရွှင်ပြီးတော့နေမယ်၊ ပြုံးပြီးတော့နေမယ်၊ ပျော်ပြီးတော့နေမယ်။ အရာအရာ လူကဖြစ်တယ်။
၁။ ရှိပြီးတဲ့ ကောင်းချီးမင်္ဂလာတွေကို ရေတွက်ပါ။
ကတညုတ ကတဝေဒိတရာအရ ကျေးဇူးသိသော သဘောရှိရမယ်။ ကိုယ့်မှာ ကောင်းချီးမင်္ဂလာရှိတဲ့ အရာတွေ ရှိတယ်။ အဲဒါမျိုးတွေကို ရေတွက်ပါ။
- ပီအိုနီပန်းကလေးတွေ ပွင့်နေပြီ။ အဲ…ကံ့ကော်ပန်းတွေ ပွင့်နေပြီ။ ကံ့ကော်ရနံ့ သူ့ရနံ့မွှေး။
- ကျုပ်သားဖိုးထောင် တုတ်တုတ်နဲ့ စလမ်းလျှောက်ပြီဗျ။
အဲသလိုဟာမျိုးတွေကို တစ်ပတ်တစ်ကြိမ် တနင်္ဂနွေနေ့ညတိုင်းမှတ်၊ ကောင်းနိုးရာရာ အမျိုးအစား စုံစုံလင်လင်မှတ်တဲ့။
၂။ ကြင်နာမူပါတဲ့ ကိုယ်နူတ်အမူအရာပြုလုပ်ပါ။
ဘတ်စကားဂိတ် တန်းစီတော့ အရင်လိုတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကိုယ်က ဖယ်ပေးလိုက်တယ်။ အိမ်နီးနားချင်း အဘွားကြီးတစ်ဦးကို ဥပုသ်နေ့တိုင်း ဟင်းတစ်ခွက်ပို့ပေးတယ်။
အဲဒါမျိုး သူတစ်ပါးကို ကြင်ကြင်နာနာပြုမူရင် ခင်ဗျားကိုယ်တိုင်လည်း သဘောကောင်း၊ မနောကောင်းသူအဖြစ် ခံစားနိုင်ရော၊ ပြုံးလို့ ရွှင်လို့ဖြစ်ရော၊ စိတ်ချမ်းသာရော။
၃။ လူ့ဘ၀ရဲ့ ကောင်းတာလေးတွေကို ခံစားပါ။
ခဏတဖြုတ် အရသာရှိတာလေးများ၊ ပျော်စရာလေးများရှိတယ်။ အဲဒါတွေကို သတိတရခံစားလိုက်စမ်းပါ။ သရက်သီးကလေး ကိုက်လိုက်တော့ ချိုနေတာ၊ နေရောင်ဝင်နေတာနဲ့ ကုက္ကိုပင်ရိပ်ဝင်လိုက်တော့ အေးမြလိုက်တာ၊ စိတ်ပညာ ဆရာတွေက အဲသလို စိတ်ဓာတ်ပုံတွေကို မပျော်ရွှင်တဲ့အချိန်မှာ ထုတ်ကြည့်ဖို့ ရိုက်ထားပါလားတဲ့။
၎။ ဆရာသမားကို ကျေးဇူးသိတတ်ပါ။
ဘ၀တစ်ကွေ့မှာ ကျေးဇူးတင်အပ်တဲ့ နည်းပေးလမ်းပြတဲ့ ဆရာသမားတွေ ရှိတာချည်းပဲ။ ကျေးဇူးတင်ကြေင်း ပြောဖို့၊ ပြဖို့ မမေ့နဲ့။ ဖြစ်နိုင်ရင် လူကိုယ်တိုင်သွား။
၅။ ခွင့်လွှတ်လိုက်ပါ။
ကိုယ့်အပေါ် မှားယွင်းခဲ့သူတွေကိုလည်း ခွင့်လွတ်လိုက်ပါတဲ့။ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ဒေါသတွေ၊ မုန်းနေတာတွေ ရှိနေမှာပေါ့တဲ့။ ဘယ်လိုလုပ်ပြီး စိတ်ငြိမ်းချမ်းသာမလဲ။ ခွင့်လွှတ်စိတ်ကမှ ခံစားရတာ ပိုကောင်းပါတယ်။
၆။ မိတ်ဆွေတွေနဲ့ မိသားစုမှာ အချိန်နဲ့ စွမ်းအား မြုပ်နှံပါ။
ဘယ်ကလောက်ငွေရ၊ ဘယ်ကလောက် ရာထူးကြီး၊ ဘယ်အိမ်မှာနေ ဘ၀မှာ ကျေနပ်ဖို့ရာအတွက် ဒါတွေဟာ အရာမရောက်လှပါ။ အဓိကကျတဲ့ အကြောင်းခြင်းရာက ဆွေမျိုးဥာတိမိတ်ဆွေသင်္ဂဟ ကူလူးဆက်သွယ်မူ ဖြစ်သတဲ့။
၇။ ကိုယ့်ကျန်းမာရေး ဂရုစိုက်ပါ။
အိပ်ရေး၀၀အိပ်၊ လေ့ကျင့်ခန်းလုပ်၊ ရယ်နေပြုံးနေ၊ နေ့တိုင်းလုပ်ရင် ကျေကျေနပ်နပ် ခံစားရမှာပါ။
၈။ စိတ်ဖိစီးမူများ။ အခက်အခဲများကို ရင်ဆိုင်နိုင်သော နည်းလမ်းများရှာဖွေထားခြင်း
ဘာသာရေးနည်းလမ်း ရှိပြီးသားပါ။ ဘာသာရေးမဟုတ်သော်ငြား “ပြီးသွားမှာပါ၊ ပြီးသွားမှာပါ” “မသေမှ မသေသေးတာပဲ၊ အကောင်းကြီးကျန်သေးတာပဲ” အဲသလို စကားတွေ ရှိတာပဲ။ အဲဒီစကားတွေမှာ ယုံကြည်ဖို့ပဲ လိုတာပါ။

Thursday, 4 November 2010
ပျော်စရာလောကကြီး ဖြစ်အောင်
အမျိုးအစား/ကဏ္ဍ
လမ်းညွှန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment