ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 2 November 2010

ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။



ရှေ့နေရဲ့ဒုက္ခ

ရှေ့နေတစ်ဦးက မျက်မြင်သက်သေတစ်ဦးကို စစ်ဆေးနေပါတယ်။

“ခင်ဗျားရှိတဲ့ နေရာက အခင်းဖြစ်တဲ့နေရာနဲ့ တော်တော်လှမ်းတာပဲ၊ ကျုပ်ရဲ့အမူသည်ကို ခင်ဗျားမြင်ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”


“ကျုပ်အသေအချာ မြင်ပါတယ်”

“နေပါဦး…ခင်ဗျားရဲ့ မျက်လုံးက ဘယ်လောက်များ ကောင်းလို့ ခုလို မြင်နိုင်ရတာလဲ”

ရှေ့နေက ငေါ့တော့တော့လေသံနဲ့ ပြောလိုကတော့ သက်သေလုပ်သူက ခုလို ပြန်ပြောလိုက်ပါတယ်။

“အင်း…လမင်းကြီးကို ကျွန်တော်မြင်နေရတာပဲ။ အဲဒါ ဘယ်လောက် ဝေးသလဲဗျာ”


တတ်သွားပြီ

စကိတ်လျှောစီးသင်တန်းကို တက်ရောက်နေတဲ့ ဆာရှာဟာ သင်တန်းပထမနေ့ ပြန်လာတဲ့အခါ အိမ်ရောက်ရောက်ချင်း သူ့မေမေကို ခုလိုပြောပါတယ်။

“မေမေရေ…သမီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာပြီ”

“နေပါဦး…မေမေရဲ့၊ သမီးက ချက်ချင်းပဲ လျှောအစီးတတ်သွားပြီလား”

“အို…မေမေကလည်း ဘယ်ဟုတ်ပါ့မလဲ၊ ချော်လဲရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားပြီလို့ ပြောတာပါနော်”


မှားပါတယ်

“ဘတ်” ဟာ ထိုင်ခုံခါးပတ် ပတ်ရမှာကို နည်းနည်းမှ မလိုလားပါဘူး။ တစ်နေ့တော့ ယာဉ်ထိန်းရဲ တစ်ဦးလိုက်လာပြီး သူ့ကို ခါးပတ် ပတ်ဖို့ သတိပေးပါတယ်။

“ကျုပ် ခါးပတ် ပတ်ပြီးမှ မောင်းတာပါဗျာ၊ မယုံရင် ကျုပ်မိန်းမ မေးကြည့်ပါလား”

ဒီတော့ ယာဉ်ထိန်းရဲက သူ့မိန်းမဘက်လှည့်မေးပါတယ်။

“ဘယ်လိုလဲ ကဲ ပြောစမ်း”

“ပြောမနေပါနဲ့ ရဲကြီးရယ်၊ ကျွန်မ သူနဲကပေါင်းလာတာ အနှစ် နှစ်ဆယ်ရှိပါပြီ၊ အဲဒါကတော့ သူ အရက်မူးနေတုန်း သူနဲ့ပြိုင်ပြီး မငြင်းခုံသင့်ဘူး ဆိုတာပါပဲ”


တစ်နေရာတွင် ရှိလိမ့်မည်

ရုပ်ရှင်ကုမ္ပဏီမန်နေဂျာက ကားထုပ်ငှားရမ်းသူတစ်ဦးထံ ခုလို ပြန်ကြားစာ ရေးလိုက်ပါတယ်။

“လူကြီးမင်းတို့ ငှားရမ်းလိုသော “တစ်နေရာတွင် ရှိလိမ့်မည်” ရုပ်ရှင်ဇာတ်ကားထုပ်မှာ ပျောက်ဆုံးနေပါသည်။ ယခုတိုင်ရှာ၍ မတွေ့သေးပါ။ တစ်နေရာတွင် ရှိပါလိမ့်မယ်ချင်ဗျာ”


တစ်တင်ပဲသတ်မယ်

လင်ယောက်ျား = မင်းနဲ့ငါ စကားများတိုင်း ရန်ဖြစ်တိုင်း သေကွဲကွဲမှ အေးမယ်လို့ချည်း ပြောနေတာ မင်း ငါနဲက တကယ်သေကွဲ ကွဲချင်တယ်ပေါ့လေ”

မိန်းမ = “အမှန်ပဲ…သေကွဲကွဲမှ အေးမှာ”

လင်ယောက်ျား = “အေး…ဒါဖြင့်လဲ မင်းပဲ ငါ့ကိုသတ်လိုက်တော့၊ ငါ့ကို သတ်ရင် မင်းကို ငွေတစ်သောင်းပေးမယ်”

မိန်းမ = “ရှင့်မှာ ငွေတစ်သောင်းရှိလို့လား”

လင်ယောက်ျား = “ရှိလို့ပြောတာပေါ့ကွာ”

မိန်းမ = “ဒါဆိုလဲ ကျွန်မကို ငါးရာပဲပေးလေ၊ သေအောင် မသတ်တော့ဘူး၊ ဒဏ်ရာရအောင်ပဲ လုပ်လိုက်မယ်”


မူးနေလို့

“မနေ့ညက အိမ်ပြန်ရောက်တေ့ ငါလည်းမူးမူးနဲ့ မိန်းမကို တအား ရိုက်ပစ်လိုက်တယ်ကွာ”

“ဒီတော့ မင်းမိန်းမက မငိုဖူးလား”

“ငိုတာပေါ့ကွ၊ သူငိုမှ ငါလည်း အမူးပြေပြီး ထိုင်ကန်တော့လိုက်ရတယ်”

“မင်းနယ်ကွာ မိန်းမကို ရိုက်ပြီးမှ ကန်တော့ရတယ်လို့”

“ ငါ မူးပြီး ရိုက်မိတာ ငါ့မိန်းမ မဟုတ်ဖူးကွ၊ ယောက္ခမကြီး ဖြစ်နေလို့”


ကျွန်မကို အားမနာနဲ့

အရာရှိကတော် = “ညည်းက အိမ်ဖော်အသစ်ဆိုတော့ ငါတို့် မိသားစုအကြောင်း သိအောင်တော့ ပြောထားရဦးမယ်၊ ငါတို့ မနက်စောစော ထကြတယ်၊ မနက်စာကိုလည်း စောစောစီးစီးပဲ စားတတ်ကြတယ်။

အိမ်ဖော်သစ် = “ဟုတ်ကဲ့ အန်တီ ဒါဆိုလည်း ရပါတယ်။ ကျွန်မ အိပ်ရာက မနိုးသေးရင် အန်တီတို့ စားနှင့်ကြနော်၊ ကျွန်မကို အားမနာပါနဲ့။


ပိန်ချင်ရင်လွယ်လွယ်လေး

အ၀လွန်တဲ့ ဖက်တီးပုတ်ကြီးနဲ့ အလွန်ပိန်တဲ့ ပိန်တာရိုးတို့ လူနှစ်ယောက် ခုလိုစကား အချီအချ ပြောနေကြပါတယ်။

“ကိုယ်အလေးချိန် လျှော့ချနည်းကို သေသေချာချာ ပြောပြနိုင်မယ့် လူတစ်ယောက်လောက်တော့ တွေ့ချင်လိုက်တာဗျာ”

“ဒါလေးများ လွယ်ပါတယ်ဗျာ၊ ကိုယ် အလေးချန် လျော့ချင်ရင် အစားအစာကို တစ်ဝကြီး စားလိုက်ရုံပေါ့ဗျ”

“အဖြစ်နိုင်လိုက်တာဗျာ၊ အစားပုပ်ရင် ပိုပြီးအ၀လွန်လာမှာပေါ့”

“ဖြစ်နိုင်ပါတယ်ဗျာ။ အစာတွေ အများကြီးစားတော့ ၀ဖြိုးလာရော။ ၀လာတော့ ပျင်းလာရော၊ ပျင်းတော့ အလုပ်မလုပ် ချင်တော့ဘူးလေ။ အလုပ်ကောင်းကောင်း အလုပ်တော့ အလုပ်ကဖြုတ်ရောပေါ့။ အလုပ် ပြုတ်တော့ စားစရာမရှိဖြစ်ရော၊ ဒီတော့ ခင်းဗျားရဲ့ ကိုယ်အလေးချိန်လည်း လျော့ကျ ကုန်ရောပေါ့ဗျာ”

No comments:

Post a Comment