ဝါးပိုးမျှစ်သုပ်
ပါဝင်သောပစ္စည်းများ -
ဝါးပိုးမျှစ် = ၁၀ကျပ်သား
ကြက်သွနနီ = ၃လုံး
နှမ်း = အနည်းငယ်
ကြက်သွန်ကြော် = အနည်းငယ်
သံပရာသီး = တစ်ခြမ်း
ဟင်းခတ်မူန့် = အနည်းငယ်
ဆား= အနည်းငယ်
ဆီချက် = အနည်းငယ်
ပြုလုပ်ပုံ -
- မျှစ်ကို ရေဆေးပြီး ပြုတ်ပါ။
- ထို့နောက် ဆန်ခါနှင့်စစ်ပြီး မညက်တညက် ထောင်းလိုက်ပါ။
- ထောင်းထားသော မျှစ်ထဲသို့ ကြက်သွန်နီ လှီးထည့်၊ နှမ်း၊ ကြက်သွန်ကြော်၊ ဟင်းခတ်မူန့်၊ သံပရာသီးညှစ်၊ ဆီချက်တို့ဖြင့် ရောနယ်သုပ်စားပါ။
- မြည်းကြည့်ပြီးမှ ဆားကို လိုသလောက်ထည့်ပါ။
- မျှစ်သည် အငန်ဓာတ်ပါ၍ ငန်တတ်ပါသည်။
တရုတ်စကားပါင့်သုပ်
ပါဝင်သောပစ္စည်းများ -
တရုတ်စကားပွင့် = ၁၀ပွင့်
နှမ်း = အနည်းငယ်
မြေပဲ = အနည်းငယ်
ပဲမူန့်အကျက် = အနည်းငယ်
ဆီ = ၅ကျပ်သား
ကြက်သွန်နီ = ၄လုံး
ကြက်သွန်ဖြူ = ၁ဥ
မန်ကျည်းသီး = အနည်းငယ်
ပုစွန်ခြောက်မူန့် = အနည်းငယ်
ငံပြာရည် = သင့်ရုံ
ဟင်းခတ်မူန့် = သင့်ရုံ
ငရုတ်သီးမူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- တရုတ်စကားပွင့်များကို ရေစင်အောင်ဆေး၍ နူးအောင်ပြုတ်ပါ။
- နူးလာလျှင် ဆယ်ယူပြီး ပါးပါးလှီးပါ။
- ကြက်သွန်နီ နှစ်လုံးကို ပါးပါးလှီး၍ ရေစင်စင်ဆေးပါ။
- ကြက်သွန်နီ နှစ်လုံးနှင့် ကြက်သွန်ဖြူ တစ်ဥကို ဆီချက်ချက်ပါ။
- ပြီးလျှင် လှီးပြီးသား တရုတ်စကားပွင့်ထဲသို့ ကြက်သွန်နီ၊ ဆီချက်၊ ပုစွန်ခြောက်မူန့်၊ ပဲမူန့်၊ မြေပဲ၊ နှမ်းတို့ ထည့်ပါ။
- ပြီးလျှင် မန်ကျည်းရည်ထည့်၍ ရောနယ်သုပ်ပါ။
- အစပ်ကြိုက်သူများ ငရုတ်သီးမူန့်ထည့်၍ သုံးဆောင်နိုင်ပါသည်။
ဂျူးမြစ်သုပ်
ပါဝင်သောပစ္စည်းများ -
ဂျူးမြစ် = ၃၀ကျပ်သား
ကြက်သွန်နီ = ၅လုံး
ကြက်သွန်ဖြူ = ၂ဥ
ဆီ = ၅ကျပ်သား
ပဲမူန့်အကျက် = အနည်းငယ်
ပုစွန်ခြောက်မူန့် = ၄ဇွန်း
ငံပြာရည် = အနည်းငယ်
မြေပဲကြော် = အနည်းငယ်
ခရမ်းချဉ်သီး = ၄လုံး
ငရုတ်သီးစိမ်း = အနည်းငယ်
နံနံပင် = အနည်းငယ်
ပြုလုပ်ပုံ -
- ဂျူးမြစ်ကို ရေစင်အောင်ဆေးပြီး မကျက်တကျက် ပြုတ်ပါ။
- ပြီးလျှင် အနေတော်လှီးဖြတ်ပါ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီဖြင့် ကြွပ်နေအောင် ကြော်ပါ။
- ခရမ်းချဉ်သီးနျင့် ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
- မြေပဲကို ညက်ညက်ကလေးထောင်းပါ။
- ၎င်းတို့ကို အသုပ်လုပ်စားမည့် ပန်ကန်ထဲသို့ ရောထည့်၍ နယ်လိုက်ပါ။ အပေါ့ အငန်မြည်းပြီး ထည့်ပါ။
- သက်သက်လွတ်သမားများ ငံပြာရည်နှင့် ပုစွန်ခြောက်မူန့်မထည့်ဘဲ ဆားထည့်၍ သုံးဆောင်ပါ။
- အချဉ်ကြိုက်လျှင် သံပရာသီး သင့်တော်ရုံထည့်၍ သုံးဆောင်ပါ။
ခံတက်ချဉ်သုပ်
ပါဝင်သောပစ္စည်းများ -
ခံတက်ချဉ် = ၂စည်း
ကြက်သွန်နီ = ၅လုံး
ပုစွန်ခြောက်မူန့် = ၁ဇွန်း
မျှင်ငါးပိ = အနည်းငယ်
မြေပဲလှော်မူန့် = အနည်းငယ်
ငရုတ်သီးမူန့် = အနည်းငယ်
နှမ်းလှော် = အနည်းငယ်
ပြုလုပ်ပုံ -
- ခံတက်ချဉ်ကို ပါးပါး လှီး၍ ရေစစ်ထားပါ။
- ကြက်သွန်နီကိုလည်း လှီးထားပါ။
- လှီးထားသော ခံတက်ချဉ်နှင့် လှီးထားသော ကြက်သွန်နီကိုရော ပုစွန်ခြောက်မူန့်၊ နှမ်းလှော်၊ မြေပဲလှော်မူန့်၊ မျှင်ငါးပိမီးကင်၍ ထည့်ပါ။
- ဆီချက်ထည့်၍ သုပ်စားပါ။
- ငရုတ်သီး စိမ်းထည့်၍ သုပ်စားလျှင် ပိုကောင်းပါသည်။
- ထိုနည်းတူ ဟင်းဂလာချဉ်နှင့် မုန်လာဥချဉ်တို့ကိုလည်း သုပ်စားနိုင်ပါသည်။
ကညွတ်သုပ်
ပါဝင်သောပစ္စည်းများ -
ကညွတ် = ၃စည်း
ကြက်သွန်နီ = ၅လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ပဲမူန့် = အနည်းငယ်
နှမ်း = အနည်းငယ်
မန်ကျည်းရည် = အနည်းငယ်
ကြက်သွန်ကြော် = အနည်းငယ်
ဆီ = အနည်းငယ်
ပြုလုပ်ပုံ -
- ကညွတ်ကို ရေဆေးပြီး ပါးပါးလှီးပါ။
- ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။
- မန်ကျည်းရည် ဖျော်ထားပါ။
- ထို့နောက် ပါးပါးလှီးထားသော ကညွတ်ထဲသို့ ကြက်သွန်နီ၊ ဟင်းခတ်မူန့် အနည်းငယ်၊ ငံပြာရည်၊ ပဲမူန့်၊ နှမ်း၊ ကြက်သွန်ကြော်တို့ကို မန်ကျည်းရည်၊ ဆီချက်တို့ဖြင့် ရောနယ်၍ သုပ်ပါ။
- ငရုတ်သီးစိမ်း လှီးထည့်၍ သုပ်စားပါ။
နှမ်းဖတ်ချဉ်သုပ်
ပါဝင်သောပစ္စည်းများ -
နှမ်းဖတ်ချဉ် = ၂၀ကျပ်သား
ဆီ = ၅ကျပ်သား
ကြက်သွန်နီ = ၅လုံး
ငရုတ်သီးစိမ်း = အနည်းငယ်
ရှောက်ရွက် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
ပြုလုပ်ပုံ -
- နှမ်းဖတ်ချဉ်ထဲသို့ ကြက်သွန်နီ သုံးလုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထည့်ပါ။
- ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ရှောက်ရွက်တို့ကိုလည်း ပါးပါးလှီးထည့်ပါ။
- ထို့နောက် ဆီရွှဲရွှဲဆမ်း၍ ဟင်းခတ်မူန့်နှင့် ဆား အနည်းငယ်ထည့်ပြီး ရောနယ်သုပ်ပါ။
- သတ်သတ်လွတ်သမားများအတွက်လည်း ဟင်းတစ်မည်ဖြစ်ပါသည်။
ပဲပုစွန်သီးသုပ်
ပါဝင်သောပစ္စည်းများ -
ပဲပုစွန်သီး = ၃၀ကျပ်သား
ဆီ = ၅ကျပ်သား
ကြက်သွန်နီ = ၃လုံး
ကြက်သွန်ဖြူ = ၂ဥ
ပုစွန်ခြောက်မူန့် = စတီးဇွန်း သုံးဇွန်း
ပဲမူန့်အကျက် = ၁ဇွန်း
မြေပဲ(ထောင်းပြီး) = ၂ဇွန်း
ငံပြာရည် = သင့်တော်ရုံ
ခရမ်းချဉ်သီး = ၃လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- လတ်ဆတ်သော ပဲပုစွန်သီး သုံးဆယ်သားကို ရေနည်းနည်းဖြင့် ပျော့အိနေအောင်ပြုတ်ပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ကြွပ်အောင်ကြော်ပါ။
- ခရမ်းချဉ်သီး အစေ့ထုတ်၍ ပါးပါးလှီးထားပါ။
- ပြုတ်ထားသော ပဲပုစွန်သီးများ၏ အကြောများကို ထုတ်ယူ၍ ပစ်ပါ။
- အားလုံးပြီးစီးလျှင် အထက်ဖော်ပြပါ ပစ္စည်းများကို အချိုးအတိုင်း ထည့်၍ နယ်ပေးပါ။
- အပေါ့အငန် မြည်း၍ သုံးဆောင်ပါ။
ပေါက်ပန်းဖြူရွက်သုပ်
ပါဝင်သောပစ္စည်းများ -
ပေါက်ပန်းဖြူအရွက်နုနု = ၅ခက်
ကြက်သွန်နီ = ၃လုံး
ကြက်သွန်ဖြူ = ၁ဥ
ငံပြာရည် = သင့်ရုံ
မြေပဲလှော် = နှစ်ကျပ်ခွဲသား
နှမ်း = နှစ်ကျပ်ခွဲသား
ဆီ = ၅ကျပ်သား
ဟင်းခတ်မူန့် = အနည်းငယ်
သံပရာသီး = ၁လုံး
ပြုလုပ်ပုံ -
- ပေါက်ပန်းဖြူရွက်များကို ရေဖြင့် ပြုတ်ပါ။
- နူးလာသောအခါ အရွက်များကို ခြွေ၍ ပါးပါးလှီးထားပါ။
- ကြက်သွန်ဖြူနှင့် ကြက်သွန်နီတစ်လုံးကို ဆီချက်ချက်ထားပါ။
- ကျန်သည့် ကြက်သွန်နီ နှစ်လုံးကို ပါးပါးလှီးပြီး ရေစင်အောင် ဆေးထားပါ။
- မြေပဲကို မညက်တညက်လေး ထောင်းပါ။
- လှီးထားသော ပေါက်ပန်းဖြူရွက်ထဲသို့ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲ၊ နှမ်း၊ ဟင်းခတ်မူန့်၊ ငံပြာရည်တို့ ထည့်ပြီး ရောနယ်၍ သုပ်ပါ။
- အချဉ်အရသာအတွက် သံပရာသီး ညှစ်ထည့်ပါ။
- အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း ပါးပါးလှီး၍ သုံးဆောင် နိုင်ပါသည်။
မိုအစိမ်းသုပ် -
ဖက်ဆွတ်မို = ၂၀ကျပ်သား
ပုစွန်ခြောက်မူန့် = အနည်းငယ်
သံပရာသီး = ၁လုံး
ကြက်သွန်နီ = ၃ပင်
ကြက်သွန်မြိတ် = ၂ပင်
ဆီ = အနည်းငယ်
ဆား = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ပြုလုပ်ပုံ -
- မိုကို ရေစင်စွာဆေးပြီး မွှထားပါ။
- ကြက်သွန်နီကို ပါးပါးလှီးထားပါ။
- ပြီးလျှင် မိုထည့်၊ ကြက်သွန်နီထည့်၊ ဟင်းခတ်မူန့်၊ ဆား၊ ပုစွန်ခြောက်မူန့်နှင့် ဆီချက်တို့ဖြင့် ဖွဖွနယ်၍ သုံးဆောင်ပါ။
- အချဉ်အတွက် သံပရာရည်ညှစ်ရပါသည်။
- ငရုတ်သီးစိမ်း ထည့်၍ သုပ်လျှင် ပို၍ စားကောင်းပါသည်။

Saturday, 20 November 2010
အသုပ်စုံနှင့်ပတ်သက်၍
အမျိုးအစား/ကဏ္ဍ
စားကြမယ်ဟေ့ကောင်းကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment