ကော်ပြန့်ကြော်သုပ်
ပါဝင်သောပစ္စည်းများ -
ကော်ပြန်ကြော် = ၃ခု
သခွားသီး = တစ်စိတ်
ငရုတ်ဆီ = အနည်းငယ်
ဆလတ်ရွက် = အနည်းငယ်
ပြုလုပ်ပုံ -
- ကော်ပြန့်ကြော်ကို ကတ်ကြေးဖြင့်ညှပ်ပါ။
- ပြီးလျှင် သခွားသီး လှီးထည့်၊ ဆလတ်ရွက်လှီးထည့်ပြီး ငရုတ်သီးအချဉ်ရည်ဖြင့် သုပ်စားပါ။
ရန်ကုန်ထမင်းသုပ်
ပါဝင်သောပစ္စည်းများ -
ငှဲ့ချက်ထားသောထမင်း = တစ်ပန်ကန်
ပုစွန်ခြောက်ကောင်းကောင်း = ၅ကျပ်သား (ထောင်းပြီး)
ဆီချက် = ၃ဇွန်း
ငံပြာရည် (ကျိုပြိး) = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
မန်ကျည်းရည် = အနည်းငယ်
ငရုတ်သီးမူန့်အကျက် = အနည်းငယ်
ပဲမူန့်အကျက် = အနည်းငယ်
ပြုလုပ်ပုံ -
- ထမင်ပန်ကန်ထဲသို့ ထောင်းပြီးသား ပုစွန်ခြောက်ထည့်၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ မန်ကျည်းရည်နှင့် ပဲမူန့်(အကျက်) အနည်းငယ်စီ ထည့်ပါ။
- ထို့နောက် အပေါ်မှ ဆီချက်ဆမ်း၍ နှ့အောင်နယ်သုပ်ပါ။
- အပေါ့အငန် မြည်းပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးမူန့် ထည့်နယ်၍ သုပ်ပါ
ထမင်းသုပ်
ပါဝင်သောပစ္စည်းများ -
ငှဲ့ချက်ထားသောထမင်း = တပန်းကန်
ပုစွန်ခြောက်မူန့်ကောင်းကောင်း = ၅ကျပ်သား
ဆီချက် = ၃ဇွန်း
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပဲမူန့်(အကျက်) = အနည်းငယ်
တို့ဖူး = ၁တုံး
နှမ်း = အနည်းငယ်
နံနံပင် = အနည်းငယ်
မန်ကျည်းရည် = အနည်းငယ်
ပြုလုပ်ပုံ
- ထမင်းပန်ကန်ထဲသိုပ ပုစွန်ခြောက်မူန့်၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ ပဲမူန့်အကျက် ထည့်ပါ။
- လှီးထားသော တို့ဖူးများထည့်ပါ။
- နှမးအနည်းငယ်နှင့် ဆီချက် မန်ကျည်းရည်များ ည့်၍ သုပ်ပါ။
- ကြော်ထားသော မုန့်ကြွပ်များအုပ်၊ နံနံပင်ထည့်၍ သုံးဆောင်ပါ။
- ကြက်သွန်ဖြူနှင့် တို့စားလျှင် အလွန်ကောင်းပါသည်။
ထမင်းချဉ်သုပ်
ပါဝင်သောပစ္စည်းများ -
ထမင်း = တစ်ပန်းကန်
ခရမ်းချဉ်သီး = ၂လုံး
ပုစွန်ခြောက်မူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ကြက်သွန်မိတ် = အနည်းငယ်
ပဲမူန့် (အကျက်) = အနည်းငယ်
ဆီချက် = အနည်းငယ်
ပြုလုပ်ပုံ -
- ခရမ်းချဉ်သီးကို ရေနွေးဖြင့် ပြုတ်ပြီး အနှစ်တိုက်ပါ။
- ပြီးလျှင် ထမင်း၊ ဆီချက်နှင့် ခရမ်းချဉ်သီးအနှစ်များကိုရောပြီး နာနာနယ်ပါ။
- အလုံးလေးများ လုံးထားပါ။
- လုံးထားသော ထမင်းများထဲသို့ ပုစွန်ခြောက်မူန့်၊ ဟင်းခတ်မူန့်၊ ပဲမူန့်၊ ငံပြာရည်နှင့် ဆီချက်များ ထည့်နယ်၍ သုပ်ပါ။
- ကြက်သွန်မိတ်နှင့် တွဲစားရပါသည်။
ခေါက်ဆွဲသုပ်
ပါဝင်သောပစ္စည်းများ -
ဂျုံခေါက်ဆွဲ = ၅၀ကျပ်သား
ပုစွန်ခြောက်မူန့်ကောင်းကောင်း = ၁၀ကျပ်သား
ပဲပင်ပေါက် = ၂၀ကျပ်သား
ပဲမူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် (ကျိုပြီး) = အနည်းငယ်
မန်ကျည်းရည် = အနည်းငယ်
ငရုတ်သီးမူန့် = အနည်းငယ်
ဆီ = ၁၀ကျပ်သား
နံနံပင် = အနည်းငယ်
ပြုလုပ်ပုံ -
- ရှေးဦးစွာ ပဲပင်ပေါက်များကို ရေနွေးဖျောပါ။
- ပြီးလဆင် ဆန်ခါဖြင့် စစ်ထားပါ။
- စစ်ထားသော ပဲပင်ပေါက်များနှင့် ခေါက်ဆွဲများ ရာထည့်၊ ပဲမူန့်၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ မန်ကျည်းရည်များ ထည့်၊ ပုစွန်ခြောက်မူန့်ထည့်၊ ဆီချက်များ ထည့်၍ သုပ်စားပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးမူန့်ထည့်နယ်၍ သုပ်စားပါ။
- နံနံပင် အုပ်ပါ။
အသားခေါက်ဆွဲသုပ်
ပါဝင်သောပစ္စည်းများ -
ကြက်သား = ၃၀ကျပ်သား
ခေါက်ဆွဲ = ၅၀ကျပ်သား
ကြက်သွန်နီ = ၁၀လုံး
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငရုတ်သီးစိမ်းမူန့် = အနည်းငယ်
ဆီ = ၁၅ကျပ်သား
ပဲမူန့်(အကျက်) = အနည်းငယ်
ပြုလုပ်ပုံ -
- ကြက်သားများကို ရေဆေးပြီး အရိုးနွှင်ပါ။
- အတုံးသေးသေး တုံးပြီးလျှင် ဆား၊ ဟင်းခတ်မူန့်တို့ဖြင့် နယ်ထားပါ။
- ထို့နောက် ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီကျက်လျှင် နယ်ထားသော ကြက်သားများ ဆီသတ်ချက်ပါ။
- ကြက်သားဆီပြန်၊ ခေါက်ဆွဲ၊ လှီးထာသော ကြက်သွန်နိ၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ ပဲမူန့်၊ အချဉ်အတွက် မန်ကျည်းရည်တို့ဖြင့် ရောနယ်၍ သုပ်စားပါ။
ခေါက်ဆွဲကြော်သုပ်
ပါဝင်သောပစ္စည်းများ -
ခေါက်ဆွဲ = ၅၀ကျပ်သား
ဂေါ်ဖီ = အထုပ်သေးတစ်ထုပ်
မုန်လာဥနီ = ၁၀ကျပ်သား
ပဲငံပြာရည်(အနောက်) = အနည်းငယ်
ဆီ = ၁၀ကျပ်သား
ဆား = အနည်းငယ်
ကြက်သွန်ဖြူ = ၁ဥ
သခွားသီး = ၁လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ငရုတ်ဆီ = အနည်းငယ်
ပြုလုပ်ပုံ -
- ဂေါ်ဖိထုပ်၊ မုန်လာဥနီနှင့် ကြက်သွန်နီများကိုပါးပါးလှီးထားပါ။
- ထို့နောက် ဒယ်အိုးတွင် ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်ဖြူ ထောင်းထည့်ပြီး ကြော်ပါ။
- ပြီးလျှင် ခေါက်ဆွဲ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီများကို ရောကြော်ပါ။
- ငရုတ်ဆီ ရေဖျော်ထားပါ။
- ပြီးလျှင် ဆား၊ ဟင်းခတ်မူန့်၊ ပဲငံပြာရည်တို့ကို သင့်တော်ရုံထည့်ပြီး ရောမွှေပါ။
- ခေါက်ဆွဲကြော်ကို အအေးခံပြီး ပါးပါးလှီးထားသော သခွားသီးနှင့် ကြက်သွန်နီများကို ထည့်ပါ။
- အချဉ်ရည်ထည့်၍ သုံးဆောင်ပါ။
- အစပ်ကြိုက်သူများ ငရုတ်သီးစိမ်း (သို့) ငရုတ်သီးမူန့်ထည့်၍ စားသုံးနိုင်ပါသည်။
ကြာဆံသုပ်
ပါဝင်သောပစ္စည်းများ -
ဆန်ကြာဆံ = ၂၀ကျပ်သား
ကြက်သွန်နီ = ၁၀လုံး
ကြက်သွန်ဖြူ = ၃ဥ
ပုစွန်ခြောက်မူန့် = ၅ကျပ်သား
ငံပြာရည် = ဇွန်းကြီး တစ်ဇွန်း
ပဲမူန့်အကျက် = ၁ဇွန်း
မန်းကျည်းသီးမှည့် = အနည်းငယ်
ပဲပင်ပေါက် = ၅ကျပ်သား
ဟင်းခတ်မူန့် = လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီးမူန့် = သင့်တော်ရုံ
ဆီ = ၁၀ကျပ်သား
ပြုလုပ်ပုံ -
- ဆန်ကြာဆံကို နူးအောင်ပြုတ်လျက် ရေအေးတွင်ထည့်၍ အအေးခံထားပါ။ ထို့နောက် ပဲငံပြာရည် အနည်းငယ်ထည့်ပြီး ကြာဆံပေါ် ရောနယ်ပါ။
- ကြက်သွန်နီကို ပါးပါးလှီး၍ တစ်ဝက်ကို ရေစိမ်ပြီး ကျန်တစ်ဝက်ကို ကြက်သွန်ဖြူများနှင့် အတူရော၍ ကြပ်အောင်ကြော်ပါ။
- မန်ကျည်းသိးမှည့်ကို အရည်ပျစ်ဖျော်ကာ ထန်းလျက် နှစ်လုံးလောက်ထောင်းပြီး ရောဖျော်ထားပါ။
- ပန်ကန်ပြားတစ်ခုထဲသို့ ကြာဆံ၊ ပုစွန်ခြောက်မူန့်၊ ကြက်သွန်နီ၊ ဆီချက်၊ မန်ကျည်းရည်၊ ငံပြာရည်၊ ပဲမူန့်၊ ငရုတ်သီးမူန့်၊ ငံပြာရည်၊ ဟင်းခတ်မူန့်တို့ကို အချိုးကျထည့်ပါ။
- ကြက်သွန်စိတ်နှင့် ပဲပင်ပေါက်တို့ကိုလည်း ထည့်ပါ။
- ထို့နောက် အပေါ့အငန် မြည်းပြီး သုံးဆောင်နိုင်ပါတယ်။
- သက်သတ်လွတ်သမားများ ပုစွန်ခြောက်မူန့်၊ ငံပြာရည်တို့ မထည့်ပဲ စားသုံးနိုင်ပါသည်။ ဆား အနည်ငယ်ထည့်ပါ။
ကြာဆံကြော်သုပ်(သတ်သတ်လွတ်)
ပါဝင်သောပစ္စည်းများ -
ဆန်ကြာဆံ = ၃၀ကျပ်သား
ဂေါ်ဖီထုပ် = တစ်ခြမ်း
ကြက်သွန်နီ = ၄လုံး
ဆီ = ၁၀ကျပ်သား
ပဲငံပြာရည်(အနောက်) = အနည်းငယ်
ဆား = အနည်းငယ်
မုန်လာဥနီ = ၁၀ကျပ်သား
ပဲသီး = ၁စည်း
ဆလတ်ရွက် = အနည်းငယ်
သခွားသီး (သို့) ပဲပင်ပေါက် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငရုတ်ဆီ = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ပြုလုပ်ပုံ -
- ကြာဆံကို အရေအရင်စိမ်ပါ။
- ဂေါ်ဖီဖုပ်၊ ပဲသီးနှင့် မုန်လာဥနီတို့ကို လှီးဖြတ်ထားပါ။
- ဆီအိုးတည်၍ ဆီပူလျှင် လှီးထားသော ကြက်သွန်နီထည့် ဆီသတ်ပါ။
- လှီးထားသော ပဲသီး၊ မုန်လာဥနီနှင့် ဂေါ်ဖီတို့ကို ထည့်ပါ။
- ပဲငံပြာရည် အနောက်နှင့် ဟင်းခတ်မူန့်၊ ဆားအနည်းငယ်၊ စီထည့်၍ စလောင်းဖြင့် ခဏအိပ်ထားပါ။
- အသီးအရွက်များ အတန်ငယ်နွမ်းလာလျှင် ရေစိမ်ထားသော ကြာဆံများထည့်ပါ။ ပြီးလျှင် စလောင်းဖြင့် ခဏအုပ်ထားပါ။
- ထို့နောက် ကြာဆံအိလာလျှင် မွှေ၍ ကြော်ပါ။ ထိုကြော်ထားသော ကြာဆံကြော်များကို သုပ်စားမည့် ပန်ကန်ထဲသို့ တစ်ပွဲပြင်စာ ထည့်ပါ။
- ထိုထဲသို့ သခွားသီး လှီးထည့်ပါ။ ဟင်းခတ်မူန့်နှင့် ငရုတ်ဆီ၊ ငံပြာရည်တို့ဖြင့် ရောနယ်၍ သုပ်ပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးအကျက်မူန့်ထည့်၍ သုံးဆောင်ပါ။
- ဆလတ်ရွက်ပါ ထည့်၍ သုပ်စားပါ။
ညှပ်ခေါက်ဆွဲသုပ်
ပါဝင်သောပစ္စည်းများ -
ညှပ်ခေါက်ဆွဲ = ၁၀ကျပ်သား
ကြက်သွန်နီ = ၂လုံး
ပုစွန်ခြောက်မူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ပဲမူန့်(အကျက်) = အနည်းငယ်
မန်ကျည်းရည် = အနည်းငယ်
ဆီ = အနည်းငယ်
ပြုလုပ်ပုံ -
- ညှပ်ခေါက်ဆွဲထဲသို့ လှီးထားသော ကြက်သွန်နီထည့်၊ ဟင်းခတ်မူန့်၊ ပုစွန်ခြောက်မူန့်၊ မန်ကျည်းရည်နှင့် ဆီချက်များ ထည့်၍ သုပ်စားပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးမူန့်ထည့်၍ သုပ်ပါ။

Tuesday, 9 November 2010
အသုပ်စုံနှင့် ပတ်သက်၍
အမျိုးအစား/ကဏ္ဍ
စားကြမယ်ဟေ့ကောင်းကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment