ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 4 November 2010

သွေးတိုးသမားတွေ အားထားရမယ့် ငရုတ်သီး

ငရုတ်သီးဟာ သွေးတိုးသမားတွေအတွက် ဓာတ်စာဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ပြောနေကြပါတယ်။ ဒီအကြောင်းကို သြဂုတ်လထုတ် Cell metabolism စာစောင်မှာ ဖော်ပြထားပါတယ်။

ငရုတ်သီးမှာ ပူလောင်စေတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီဓာတ်ကတော့ Capsaicin လို့ခေါ်ပါတယ်။ ဒီ Capsaicin ဓာတ်ကို ငရုတ်သီးမှာ ပေါပေါများများ တွေ့ရပါတယ်။ Capsaicin ဓာတ်ရဲ့ သတ္တိက သွေးကြောတွေရဲ့ အတွင်းမှာ ကပ်နေပြီး သွေးကြောတွေကို မာသွားစေတဲ့ TRPV1 ကို ချေဖျက်ပေးနိုင်ပါတယ်။ သွေးကြောများ ရောင်ရမ်းခြင်းနဲ့ သွေးဖိအားမြင့်ခြင်းကို သက်သာစေကြောင်း ကြွက်တွေနဲ့ သုတေသနပြုကြည့်ရာမှာ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် မကြာခင်ကာလမှာ ငရုတ်သီးဟာ သွေးတိုးလူနာတွေအတွက် ဓာတ်စာဆေးညွှန်းဖြစ်လာဖွယ် ရှိပါတယ်။

No comments:

Post a Comment