ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 9 November 2010

အသုပ်စုံနှင့် ပတ်သက်၍

ညှပ်ခေါက်ဆွဲကြော်သုပ်

ပါဝင်သောပစ္စည်းများ -

ညှပ်ခေါက်ဆွဲ = ၃၀ကျပ်သား

ဂေါ်ဖီထုပ် = တစ်ခြမ်း

ကြက်သွန်နီ = ၄လုံး

ဆီ = ၁၀ကျပ်သား

ပဲငံပြာရည်(အနောက်) = အနည်းငယ်

ဆား = အနည်းငယ်

မုန်လာဥနီ = ၁၀ကျပ်သား

ပဲသိး = ၁စည်း

ဆလတ်ရွက် = အနည်းငယ်

သခွားသီး (သို့) ပဲပင်ပေါက် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်ဆီိ = အနည်းငယ်

ပြုလုပ်ပုံ -

- ညှပ်ခေါက်ဆွဲများကို မွှထားပါ။

- ဂေါ်ဖီ၊ ပဲဆီနှင့် မုန်လာဥနီများကို လှီးထားပါ။

- ဆီအိုးတည်၍ ဆီပူလာလျှင် လှီးထားသော ဂေါ်ဖီ၊ ပဲသီးနှင့် မုန်လာဥနီများ ထည့်ပါ။

- ထိုထဲသို့ ဟင်းခတ်မူန့်၊ ဆား အနည်းငယ်တို့ကို ထည့်၍ စလောင်းဖြင့် ခဏအုပ်ထားပါ။

- အသီးအရွက်များ အတန်ငယ်နွမ်းလာလျှင် ညှပ်ခေါက်ဆွဲဖတ်များ ထည့်၍ကြော်ပါ။

- ညှပ်ခေါက်ဆွဲကြော် ရပါမည်။

- ထိုညှပ်ခေါက်ဆွဲကြော်ကို တစ်ပွဲပြင်စာ ပန်ကန်တွင် ထည့်၍ လှီးထားသော သခွားသီး၊ ဟင်းခတ်မူန့်၊ ငရုတ်ဆီတို့ဖြင့် ရောနယ်၍ သုပ်ရပါသည်။

- ဆလတ်ရွက်ထည့်၍ အစပ်အတွက် ငရုတ်သီးအကျက်မူန့်ထည့်၍ သုပ်စားပါ။


နန်းကြီးသုပ်(နန်းပြားသုပ်)

ပါဝင်သောပစ္စည်းများ -

ဂျုံခေါက်ဆွဲ = ၁ပိသာ

ကြက်သား = ၅၀ကျပ်သား

မုန့်ကြွပ်(ကြော်ထားပါ) = ၁၀ကျပ်သား

အုန်းသီး = ၁လုံး

ငံပြာရည် = ၁၀ကျပ်သား

ဟင်းခတ်မူန့် = လိုသလောက်

ကြက်သွန်ဖြူ = ၃လုံး

ကြက်သွန်နီ = ၁၀လုံး

အရောင်တင်မူန့်(အစိမ်းမူန့်) = အနည်းငယ်

ပဲမူန့် = ၅ကျပ်သား

ဆီ = ၂၀ကျပ်သား

သံပရာသီး၊ ရှောက်သီး = သင့်တော်ရုံ

ငရုတ်သီးမူန့်အကျက် = အနည်းငယ်

ပြုလုပ်ပုံ -

- အုန်းသီးဦးရည်ကို ပျစ်အောင်ကျိုပါ။

- ကြက်သားကို ဆား၊ ဟင်းခတ်မူန့်တို့နှင့် နယ်ပြီး နူးရုံပြုတ်ပါ။ ပြီးလျှင် အသားသေးသေးလေး ပြုလုပ်ပြီး နွှင်ထားပါ။

- ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်းပြီး ဆီသတ်၍ နီရောင်သမ်းလာလျှင် အရောင်တင်မူန့်ထည့်ပါ။

- အရောင်တင်မူန့်ထည့်ပြီး ငရုတ်သီးနံ့ပျောက်လျှင် ကြက်သားကို ထည့်ပြီးမွှေပါ။ အုန်းနို့ရည်ကို ထည့်ပါ။ အပေါ့ အငန်မြည်း၍ ထည့်ပါ။ ဆီကျန်ရေကျန်လေး ချက်ထားပါ။

- သုပ်စားမည့် ပန်ကန်ထဲတွင် ခေါက်ဆွဲထည့်ပြီးလျှင် ကြက်သားအုန်းနို့ ဟင်းဆမ်း၊ မုန့်ကြွပ်နျင့် ကြက်သွန်နီ ပါးပါးလှီးပြီးထည့်၊ ရှောက်သီးစိတ် (သို့) သံပရာသီးစိတ်တို့ကို သင့်တော်ရုံထည့်ပြီး သုံးဆောင်နိုင်ပါသည်။

- အစပ်ကြိုက်သူများ ငရုတ်သီးမူန့်ထည့်၍ သုံးဆောင်နိုင်ပါသည်။ ဟင်းချိုအဖြစ် ကြက်သားပြုတ်ရည်ထဲသို့ ကြက်သွန်မြိတ် အနည်းငယ်ခတ်၍ အပေါ့အငန်ထည့်ကာ သုံးဆောင်နိုင်ပါသည်။


မြီးရှည်သုပ်

ပါဝင်သောပစ္စည်းများ -

မြီးရှည်(မုန့်တီနန်းလတ်) = ၁ပိဿာ

ဝက်သုံးထပ်သား၊ ၀က်ရိုး = ၅၀ကျပ်သား

ကြက်သား = ၅၀ကျပ်သား

ကော်မူန့် = ၅၀ကျပ်သား

ဆီ = ၃၀ကျပ်သား

ပဲငါးပိ = လက်ဖက်ရည်ပန်ကန် တစ်လုံး

ငရုတ်သီးပွခြောက် = ၁၀ကျပ်သား

ကြက်သွန်နီ = ၁၀ကျပ်သား

ကြက်သွန်ဖြူ = ၅ကျပ်သား

အရောင်တင်မူန့် = ၃ဇွန်း

ပဲငံပြာရည် = လိုသလောက်

ဟင်းခတ်မူန့် = လိုသလောက်

ပဲပင်ပေါက် = လိုသလောက်

တရုတ်နံနံ = အနည်းငယ်

ကြက်သွန်မြိတ် = အနည်းငယ်

ချင်း = အနည်းငယ်

ဆား = အနည်းငယ်

ပြုလုပ်ပုံ -

- အသားများကို ဆား၊ ဟင်းခတ်မူန့်တို့ဖြင့် နယ်၍ နူးအောင် ပြုတ်ပါ။

- နူးအိလာလျှင် ဆယ်၍ အမျှင်သေးသေးနွှင်ပြီး အရိုးကို ဆက်ပြုတ်ပါ။

- မုန့်ကို ရေနွေးဆူလောင်း၍ ဆန်ခါစစ်ထားပါ။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အရောင်တင်မူန့်တို့ကို ဆီသတ်၍ ချက်ထားပါ။

- ချင်းနှင့် ကြက်သွန်ဖြူတို့ကို တစ်မျိုးစီဖြင့် ညက်အောင်ထောင်းပါ။

- ငရုတ်သီးခြောက်ကို ဆီဖြင့်ကြော်၍ ညိုရောင်ပြေးလာလျှင် ဆယ်ယူပြီး အအေးခံကာ ညက်အောင်ထောင်းပါ။
- ပဲပင်ပေါက်ကို ရေနွေးဖျော၍ အရည်စစ်ထားပါ။

- ကော်မူန့်ကို ရေနွေးဖြင့် ပျစ်ပျစ်ဖျော်ထားပါ။

- မုန်ညင်းချဉ်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံပင်တို့ကို ထည့်ပြီး ပြင်ဆင်ထားပါ။

- ပြီးလဆင် ပန်ကန်ပြား ခပ်ကြီးကြီးတွင် မုန့်တီကို ထည့်ပြီး ပြင်ဆင်ထားပါ။

- အသားဖတ်များကို ပန်ကန်တစ်ခုထဲတွင် ထည့်ပါ။

- ငံပြာရည်၊ ဆီချက်၊ ကော်ရည်၊ ဟင်းခတ်မူန့်၊ တရုတ်ပဲငါးပိ၊ ကြက်သွန်ဖြူရည်၊ ချင်း၊ တရုတ်နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးအပွကြော်ထောင်း၊ မုန်ညင်းချဉ် လှီးထားသည်တို့ကို လိုသလောက်ထည့်ပြီး သုံးဆောင်ပါ။

- မြီးရှည်စားသုံးရန် အရိုးဟင်းချိုထဲသို့ ငရုတ်ကောင်း လှော်ထောင်း။ ကြက်သွန်ဖြူ ဓားပြားရိုက်နှင့် ပဲပင်ပေါက်တို့ထည့်၍ သုံးဆောင်နိုင်ပါသည်။


အသုပ်စုံသုပ်

ပါဝင်သောပစ္စည်းများ -

ဂျုံခေါက်ဆွဲ = ၁၀ကျပ်သား

ညှပ်ခေါက်ဆွဲ = ၁၀ကျပ်သား

ပဲကြာဆံ = ၅ကျပ်သား

ဆန်ကြာဆံ = ၁၀ကျပ်သား

မုန့်ဖတ် = ၁၀ကျပ်သား

ထမင်း = အချိုပန်ကန်တစ်လုံး

အာလူး = ၃လုံး

သင်္ဘောသီးစိမ်းခြစ်ပြီး - အနည်းငယ်

ပဲပြား = တစ်ခု

တို့ဖူး = ၁တုံး

ပဲပင်ပေါက် = ၁၀ကျပ်သား

ဂေါ်ဖီ = ၁၀ကျပ်သား

ပဲမူန့်(အကျက်) = ၅ကျပ်သား

ဟင်းခတ်မူန့် = လိုသလောက်

မန်ကျည်းသီး = လိုသလောက်

ငရုတ်ကျက်မူန့် = လိုသလောက်

ဆီ = ၂၀ကျပ်သား

ကြက်သွန်နီိ = ၅လုံး

ကြက်သွန်ဖြူ = ၃လုံး

ပုစွန်ခြောက်မူန့် = ၁၀ကျပ်သား

ငံပြာရည် (ကျိုပြီး) = ၁၀ကျပ်သား

ပြုလုပ်ပုံ -

- ရှေးဦးစွာ ပဲကြာဆံပြုတ်ပြီး ဆန်ခါနှင့် စစ်ထားပါ။

- အာလူးပြုတ် အခွံသင်ပြီး အတုံးသေးသေး လှီးထားပါ။

- ဆန်ကြာဆံကိုလည်း ရေနွေးနှင့် ဖျောထားပြီး စစ်ထားပါ။

- ထမင်ကို ငရုတ်ဆိနှင့် နယ်၍ လုံးထားပါ။

- ပဲပြားကို ဆီနှင့်ကြော်ပြီး လှီးထားပါ။

- ပဲပင်ပေါက် ရေနွေးနှင့် ဖျော်၍ စစ်ထားပါ။

- ဂေါ်ဖီပါးပါးလှီး၊ ကြက်သွန်နီ ပါးပါးလှီးထားပါ။

- သင်္ဘောသီးစိမ်းကို ခြစ်နှင့်ခြစ်ပြီး ရေစိမ်ပါ။

- ထို့နောက် ပန်းကြီးကြီးထဲသို့ ဂျုံခေါက်ဆွဲ၊ ညှပ်ခေါက်ဆွ၊ ပဲကြာဆံ၊ မုန့်ဖတ်၊ ထမင်း၊ အာလူး၊ သင်္ဘောသီးစိမ်းခြစ်၊ ပဲပြား၊ တို့ဖူး၊ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ ကြက်သွန်နီများ တစ်ပုံစီပုံ၍ ထည့်ထားပါ။

- ဆီချက် ချက်ထားပါ။

- ပြီးလျှင် တစ်ပွဲပြင်စာအတွက် အထက်ပါပစ္စည်းများကို အနည်းငယ်စီယူထည့်ပါ။

- ထိုထဲသို့ ပုစွန်ခြောက်မူန့်၊ ငံပြာည်၊ မန်ကျည်းရည်၊ ဟင်းခတ်မူန့်၊ ပဲမူန့်တို့ ထည့်ပါ။

- အစပ်စားလိုလျှင် ငရုတ်သီး အကျက်မူန့် ထည့်၍ သုံးဆောင်ပါ။

- ဘူးသီးဟင်းခါးနှင့် အလွန်လိုကဖက်ပါသည်။


တိုဟူးသုပ်

ပါးဝင်သောပစ္စည်းများ -

တို့ဟူး = ၂၀ကျပ်သား

ကြက်သွန်နီ = ၂လုံး

မန်ကျည်းသီး = အနည်းငယ်

ရှောက်ရွက် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်သီးမူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပဲမူန့်(အကျက်) = အနည်းငယ်

ဆိ = အနည်းငယ်

ပြုလုပ်ပုံ -

- တို့ဟူးကို ပါးပါးလှီးထားပါ။

- ထို့နောက် လှီးထားသော ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ ပဲမူန့်၊ ရှောက်ရွက်၊ ငံပြာရည်၊ မန်ကျည်းရည်နှင့် ဆီချက်တို့ ထည့်၍ သုပ်စားပါ။

- အစပ်လိုလျှင် ငရုတ်သီးမူန့် ထည့်ပါ။


မုန့်တီသုပ်

ပါဝင်သောပစ္စည်းမျာ -

မုန့်တီနန်းသေး = ၂၀ကျပ်သား

ကြက်သွန်နီ = ၂လုံး

ပဲမူန့် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပုစွန်ခြောက်မူန့် = အနည်းငယ်

ဆီ = ၅ကျပ်သား

မန်ကျည်းရည် = အနည်းငယ်

ငရုတ်သီးမူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပြုလုပ်ပုံ -

- မုန့်တီဖတ်ထဲသို့ ကြက်သွန်နီပါးပါး လှီးထည့်။

- ပဲမူန့်၊ ဟင်းခတ်မူန့် ၊ ပုစွန်ခြောက်မူန့်၊ မန်ကျည်းရည်၊ ငံပြာရည်နှင့် ဆီချက်တို့ ထည့်နယ်၍သုပ်ပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးမူန့် ထည့်ပါ။

- ကြက်သွန်ဖြူနှင့် တွဲဖက်စားသုံးပါ။


မုန့်တီသုပ်(ရခိုင်)

ပါဝင်သောပစ္စည်းများ -

မုန့်တီနန်းသေး = ၂၀ကျပ်သား

ကြက်သွန်နီ = ၂လုံး

ပဲမူန့် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပုစွန်ခြောက်မူန့် = အနည်းငယ်

ဆီ = အနည်းငယ်

မန်ကျည်းရည် = အနညးငယ်

ငရုတ်သီးစိမ်း= အနည်းငယ်

နံနံပင် = အနည်းငယ်

ပြုလုပ်ပုံ -

- ငရုတ်သိးစိမ်းကို ထောင်းပြီး ရေနွေးဖြင့် ပျစ်ပျစ်ဖျော်ထားပါ။

- မုန့်တီနန်းသေးထဲသို့ လှီးထားသော ကြက်သွန်နီထည့် ဟင်းခတ်မူန့်။ ငံပြာရည်၊ ပဲမူန့်၊ ပုစွန်ခြောက်မူန့်များ ထည့်ပါ။

- ထောင်းထားသော ငရုတ်ရည် အနည်းငယ်ထည့် ဆီချက်ထည့်၍ သုပ်စားပါ။

- နံနံပင်အုပ်ပါ။

- စပ်စပ်ကလေးနှင့် စားကောင်းပါသည်။


သင်္ဘောသီးသုပ်

ပါဝင်သောပစ္စည်းများ -

သင်္ဘောသီး = ၁လုံး

ပုစွန်ခြောက်မူန့် = အနည်းငယ်

ပဲမူန့်(အကျက်) = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

မန်ကျည်းသီး = အနည်းငယ်

ကြက်သွန်နီ = ၃လုံး

ဆီ = ၅ကျပ်သား

ပြုလုပ်ပုံ -

- သင်္ဘောသိးကို အခွံသင်၊ ရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ပါ။

- ပြီးလျှင် ထုံးရေကြည်တွင် တစ်နာရီခန့်စိမ်၍ ရေညှစ်ထားပါ။

- သင်္ဘောသီးထဲသို့ ကြက်သွန်နီ ပါးပါးလှီး၊ ပုစွန်ခြောက်မူန့်၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ မန်ကျည်းရည်၊ ပဲမူန့်တို့ထည့်၍ သုပ်ပါ။

- အစပ်ကြိုက်လျှင် ငရုတ်သီးမူန့်ထည့်သုပ်ပါ။


ရှောက်သီးသုပ်

ပါဝင်သောပစ္စည်းများ -

ရှောက်သီးစိမ်းစိမ်း = ၁လုံး

ပုစွန်ခြောက်မူန့် = နှစ်ကျပ်ခွဲသား

မျှင်ငါးပိ = နှစ်ကျပ်ခွဲသား

ကြက်သွန်နီ = ၁၀လုံး

ငံပြာရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်သီးမူန့် = အနည်းငယ်

ပဲမူန့်အကျက် = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ပြုလုပ်ပုံ -

- ရှောက်သီးကို အခွံသင်၊ အမြွှာကလေးများလုပ်ပီး ဆားရည်ဖြင့် အနည်းငယ်စိမ်ပါ။

- မျှင်ငါပိကို ကင်ထားပါ။

- ထို့နောက် ရှောက်သီးအမြွှာကလေးများထည့်၊ မျှင်ငါပိ၊ ပုစွန်ခြောက်မူန့်၊ လှီးထားသော ကြက်သွန်နိ၊ ဟင်းခတ်မူန့်၊ ငံပြာရည် အနည်းငယ် တို့ဖြင့်ရောနယ်သုပ်ပါ။

- ငရုတ်သီးသုပ်သည် စပ်မှ စား၍ကောင်းပါသည်။

- ကြာဆံဟင်းခါးနှင့် လိုက်ဖက်သည်။


ဂေါ်ဖီသုပ်

ပါဝင်သောပစ္စည်းများ -

ဂေါ်ဖီအရွယ်တော် = တစ်ခြမ်း

ပုစွန်ခြောက်မူန့် = ၅ကျပ်သား

ကြက်သွန်နိ = ၅လုံး

နှမ်းလှော် = အနည်းငယ်

မြေပဲလှော် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလှီးပါ။

- ကြက်သွန်နီ ပါးပါး လှီးပါ။

- ပြီးလျှင် ပုစွန်ခြောက်မူန့်၊ နှမ်း။ ထောင်းထားသော မြေပဲများထည့်၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ ဆီချက်များထည့်၍ သုပ်စားပါ။

No comments:

Post a Comment