ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 22 November 2010

မုယောပင်ပေါက်

မြန်မာအမည် - မုယောပင်ပေါက်

မုယော(မော့)ပင်ပေါက်ကို မုယောစပါးမှ အပင်ဖောက်၍ ရယူရသည်။ ရှေးဦးစွာ မုယောစပါးများကို အပူချိန် ဖာရင်ဟိုက် ၅၅-ဒီဂရီရှိသော ရေထည့်ထားသည့် စည်များတွင် စိမ်ထားရသည်။ ရေစိမ်ထား၍ ၅-ရက် မှ ၄-ရက်အထိကြာ၍ ထိုအချိန်အတွင်း အပူချိန် တညီတည်း ဖြစ်နေစေပြီးလျှင် ရေကိုလည်း ဗက်တီးရီးယားများ လွန်ကဲစွာ မပွားစေရန် မကြာခဏလဲပေးရသည်။ ထို့နောက် မုယောစပါးများကို ဆယ်ယူပြီးသော် ကြမ်းပြင်ပေါ်တွင် ဖြန့်ကြဲကာ ၁၂-ရက်မျှ နေလှမ်းထားရသည်။ ထိုအချိန်တွင် အညှာင့်လည်း စတင်ထိုးထွက်လာသည်။ ကဇော်ပေါက်၍ ဖြစ်ပေးလာသော အင်ဇိုင်းသည် ကစီဓာတ်ကို သကြားဓာတ်အဖြစ် ပြောင်းလဲစေသည့်အပြင် အစာကိုလည်း ပိုမို ကြေညက်စေသည်။ နောက်ဆုံးတွင် မီးဖိုထဲ၌ အပူဓာတ်ပေးခြင်းဖြင့် အညှောင့် ကြီးပွားလာခြင်းကို ရပ်စဲစေ၍ အညှောင့်များကို ဖယ်ရှားပစ်ရသည်။ ထိုအခါမှ မုယောပင်ပေါက်(ခ) မော့ကို ရရှိလေသည်။

မုယောပင်ပေါက်ကို ဘီယာချက်လုပ်ရာ၌ အဓိက အသုံးပြုကြသည်။ နို့မူန့်နှင့် မုယောပင်ပေါက်ကို ရောစပ်၍ ပြုလုပ်ထားသော မုယောပင်ပေါက် နို့မူန့်(မော့နို့မူန့်)သည် အစာခြေလွယ်သဖြင့် လူနာနှင့် ကလေးများအား တိုက်ကျွေးရန် အထူးသင့်လျှော်ပါသည်။

1 comment:

  1. အဲ ဒီ မု ယော ပင် ပေါက် ကို ဘယ် မှာ ရ နိုင် မှာလဲ ??????

    ReplyDelete