ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 6 November 2010

ဝိရောဓိအတွေးများ

“ပညာရှိ”

တရံရောအခါကပါ။

လိပ်နှစ်ကောင် ခရီးသွားဖြစ်ပါတယ်။

လိပ်တစ်ကောင်က သူတို့လိပ်တက္ကသိုလ်က ပါမောက္ခလိပ်ဖြစ်ပြီး နောက်တစ်ကောင်က ဒရ၀မ်လိပ်ပါ။

ခရီးတစ်လျှောက် ပါမောက္ခလိပ်က ဒရ၀မ်လိပ်ကို လောကကို စဉ်းစားဆင်ခြင်ပြီး ဖြတ်သန်းဖို့ နားချ၊

သင်ကြားလာခဲ့ပါတယ်။

ဒရ၀မ်လိပ်ကလည်း အင်း … အင်းပါပဲ။

ဒီလိုနဲ့ တောင်တစ်တောင်ရဲ့ အဆင်းကို ရောက်လာပါပြီ။ အဲဒီအဆင်းက တော်တော်မတ်ပါတယ်။

ပါမောက္ခလိပ်က အဆင်းမတ်မတ်ကြီးကို အန္တရာယ်ကင်းအောင် ဘယ်လိုဆင်းသင့်တယ်ဆိုတာ ရှင်းပြနေပါတယ်။

သူရှင်းပြသံမှ မဆုံးသေးပါဘူး။

ဒရ၀မ်လိပ်က သူ့ခေါင်း ခြေလက်တွေကို သူလိပ်ခွံထဲကို သွင်းလိုက်ပြီး တောင်စောင်းတစ်လျှောက် လိမ့်ချသွားပါတော့တယ်။

ဒရ၀မ်လိပ် အရင်ဆုံးအောက်ကို ရောက်သွားပါတယ်။

ပါမောက္ခလိပ်ကြီးက တရွေ့ရွေ့ တရွေ့ရွေးနှင့် ဆင်းလာတုန်း …:P


“ဗေဒင်”

ဂျစ်ပစီတွေရဲ့ ကြက်ရိုးဗေဒင်က နာမည်ကြီးပါတယ်။

တစ်နေ့လူတစ်ယောက် ကြက်ရိုးဗေဒင် မှန်ကန်ကြောင်း လာပြီး သက်သေခံပါတယ်။

ပြီးတော့ သူက မေးသေးတယ်။

ကြက်ရိုးဗေဒင် ဘာလို့ ဒီလောက် မှန်ရတာလဲတဲ့။

ဧကန္တ စပ်စပ်စုစုနိုင်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်မယ်ထင်ပါတယ်။

ဂျစ်ပစီကြီးကလည်း လဲ့လဲ့ပြုံးပြီး ပြောပါတယ်။

ဗေဒင်ဆိုတာ လောကရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို ကြိုပြေပြတာပါ။ ဖြစ်ရင် မှန်တာပေါ့တဲ့။

ဂျစ်ပစီရဲ့ စကားထဲမှာ ဓမ္မတွေနဲ့ လွန်လပ်ပေါ့ပါးလို့ နေပါတော့တယ်။


“ဘ၀”

သင်္ချာပညာရှင်တစ်ယောက်က အင်မတန်ခက်ခဲရူပ်ထွေးတဲ့ ကိန်းစဉ်တစ်ခုကို အဖြေရဖို့ တွက်ချက်နေပါတယ်။

အဲဒီ ကိန်းစဉ်တန်းနဲ့ အမည်က ဘ၀တဲ့။

သူကြိုးစားပမ်းစား တွက်ချက်နေတာကို အရူးတစ်ယောက်က ကြည့်နေပါတယ်။

ပြီးတော့ …

“ဒီလောက်ကြီး ကြိုးစားမနေပါနဲ့ဗျာ။ အဖြေက သုညပါ။”

ပြောပြီး ကခုန်နေပါတော့တယ်။

သိပ်မကြာပါဘူး။

ရလာတဲ့အဖြေကို တစ်လည့်၊ အရူးကိုတစ်လှည့်စီ ကြည့်ပြီး သင်္ချာပညာရှင်ကြီးခမျာ ခေါင်းတခါခါနဲ့။

အဖြေ သုညကတော့ ခပ်တည်တည်ပါပဲ။


“ကလေးအတွေး”

လူသားတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအကြောင်းအချက်တွေ လိုအပ်သလဲလို့ ပညာရှင်တွေ ငြင်းခုံနေကြပါတယ်

သူတော်စင် = အရင်ဘ၀က ပြုပြုခဲ့သော ကုသိုလ်။

မနုဿဗေဒပညာရှင် = လူအဖြစ်ဆင်းသက်လာမယ့် မျိုးရိုးဇီဝပုံသဏ္ဌာန်။

ငြင်းခုံပွဲက အချေအတင် ဖြစ်လာပါတယ်။

ကလေးတစ်ယောက်က နားမလည်နိုင်သလိုကြည့်ရင်း…

“လူဖြစ်ဖို့ အဓိက လိုအပ်တဲ့အချက်ဟာ အဖေနဲ့ အမေ မဟုတ်ဘူးလား” လို့ ၀င်ပြောလိုက်ပါ တော့တယ်။

ပညာရှင်တွေလည်း ကြောင်အမ်းအမ်းနဲ့ ကလေးလေးစကားကို ယုံဖို့ ခက်နေသလိုပါပဲ။

“ကလေးအတွေး” ကတော့ ရှင်သန့်ပေါ့ပါးလို့ …။

ခင်ဗျားတို့ရော ဘယ်လိုထင်ပါသလဲ။

No comments:

Post a Comment