ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 20 November 2010

ငါးပိဟင်းမျိုးစုံချက်နည်းနှင့် ပတ်သက်၍

ငါးပိရည်ကျိုဖျော်နည်း

ပါဝင်သောပစ္စည်းများ -

ငါးငါးပိကောင်းကောင်း = ၁၀ကျပ်သား

ငါးပနော်လတ်လတ်ဆတ်ဆတ် = ၁ကောင်

ကြက်သွန်ဖြူ အရွယ်တော် = ၃ဥ

ငရုတ်သီးစိမ်း = အနည်းငယ်

ငရုတ်သီးလှော်မူန့် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

နနွင်း = အနည်းငယ်

နံနံပင် = အနည်းငယ်

ပြုလုပ်ပုံ -

- ရေချိုငါးပိကို ရေလိုသလောက်ထည့်၍ နနွင်းမူန့် အနည်းငယ်ထည့်၍ ကျိုပါ။

- ဆူပွတ်ပြီး တစ်ဝက်ခန်းသည်အထိ ကျိုပါ။

- ငါးပနော်ကို ရေစင်အောင်ဆေးပြီး မီးကင်ပါ။

- ကျက်လောက်သောအခါ အရေခွံများ ခွာချပြီး အရိုးများ နွှင်ပါ။ ပြီးလျှင် လက်ဖြင့် အသားများကို ခြေပါ။

- ကြက်သွန်ဖြူကိုလည်း အနည်းငယ် မညက်တညက်ထောင်းထားပါ။ ငရုတ်သီးစိမ်းကို စလောင်းဖုံးထဲတွင် မီးခဲထည့်၍ မီးသင်းပြီး အညှာများ ခြွေပစ်၍ ငရုတ်ဆုံထဲ မညက်တညက် ထည့်ထောင်းထားပါ။

- ပြီးလျှင် ခြေထားသော ငါးပနော်၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများ တစ်ပုံစီထည့်။ ၎င်းအထဲသို့ ဟင်းခတ်မူန့် အနည်းငယ်၊ ငရုတ်သီးလှော်မူန့် အနည်းငယ်စီ ထည့်ပါ။

- ပြီးလျှင် ကျိုထားသော ငါးပိရည်ကျိုကို အပေါ်မှ အသာအယာ လောင်းထည့်ပါ။

- နံနံပင်လေး လှီးပြီး အုပ်လိုက်ပါ။

- အချဉ်ကြိုက်လျှင်ခရမ်းချဉ်သီး မီးအုံး၍ ထည့်ဖျော်ပါ။ စားခါနီးမှ ရောမွှေ၍ သုံးဆောင်ပါ။

- အလွန်မွှေးကြိုင်ပြီး အရသာရှိလှပါသည်။ တို့စရာနှင့်တွဲ၍ ထမင်းအလွန်မြိန်သော ငါးပိတစ်ခွက် ဖြစ်ပါသည်။

- အရေးကြီးသည်မှာ ငါးပိရည်ကျိုကို အအေးခံပြီးမှထည့်၍ ဖျောပါ။ ပူလျှင် ချွဲသွားတတ်ပါသည်။


ကြို့သီးငါးပိချက်

ပါဝင်သောပစ္စည်းများ -

ကြို့သီးမှည့်မှည့် = ၂၀လုံး

မျှင်ငါးပိကောင်းကောင်း = ၅ကျပ်သား

ပုစွန်လှော် = ၅ကျပ်သား

ကြက်သွန်ဖြူ = ၅ကျပ်သား

ငရုတ်ပွ = ၅ကျပ်သား

ကြက်သွန်နီ = ၂လုံး

ဆား = အနည်းငယ်

ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ငရုတ်သီးကို ဆုံထဲထည့်ထောင်းပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများပါ ထည့်ထောင်းပါ။ ပြီးလျှင် ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီသတ်ပါ။

- ပုစွန်ကိုလည်း လှော်ထားပါ။

- ဆီသတ်ထားသည့်အထဲသို့ ပုစွန်လှော် ထည့်မွှေပါ။

- ကြို့သီးများကို အခွံသင်၍ ထည့်ချက်ပါ။ နူးလျှင် အစေ့များ ထုတ်ပစ်ပါ။

- ဆားနှင့် မျှင်ငါးပိကို ရေဖျော်၍ ထည့်ချက်ပါ။ မျှင်ငါးပိနံ့ပျောက်လျှင် သုံးဆောင်၍ ရပါသည်။

- အပေါ်မှ နံနံပင် အပင်လိုက်အုပ်လိုက်ပါ။ ငရုတ်သီးစိမ်း အရှည်တောင့်လေး အုပ်လိုက်ပါ။


ငါးငါးပိချက်

ပါဝင်သောပစ္စည်းများ -

ငါးရံ့ (သို့) ငါးကြင်း = ၂၀ကျပ်သား

ရေချိုငါးပိကောင်းကောင်း = ၂၀ကျပ်သား

ကြက်သွန်နီ = ၅လုံး

ပီနံသီး = ၅ကျပ်သား

ဆီ = အနည်းငယ်

နနွင်းမူန့် = အနည်းငယ်

ဆား = အနည်းငယ်

သရက်သီးစိမ်း (သို့) မရန်းသီးစိမ်း = လိုသလောက်

ပြုလုပ်ပုံ -

- ရှေးဦးစွ ငါးပိကို ရေနှစ်ဆဖြင့် ကျိုထားပါ။ ငါးရံ့ (သို့) ငါးကြင်းကို အတုံးသေးသေး တုံးထားပါ။

- ပြီးလျှင် ဆာ၊ ဟင်းခတ်မူန့် အနည်းငယ်ထည့်၍ နယ်ထားပါ။

- ကြက်သါန်နီကို ပါးပါးလှီးထားပါ။

- သရက်သီး (သို့) မရန်းသီးစိမ်းများကို ဓားဖြင့်ပေါက်ထားပါ။

- ဆီအိုးတည် ဆီကျက်လျှင် နနွင်းမူန့် အနည်းငယ်ထည့်၍ ကြက်သွန်နီ ဆီသတ်ပါ။ ပြီးလျှင် နယ်ထားသော ငါးများ ထည့်မွှေပါ။

- သရက်သီးစိမ်းများ (သို့) မရန်းသီးစိမ်းများထည့်၊ ငရုတ်သီးစိမ်းများ သေးသေးလှီးဖြတ်၍ ထည့်မွှေပါ။

- ကျိုထားသော ငါးပိများထည့်၍ ခပ်ပျစ်ပျစ်လေး ချက်လိုက်ပါ။


ပုစွန်ခြောက်ငါးပိရည်ဖျော်

ပါဝင်သောပစ္စည်းများ -

ရေကျိုငါးပိ = ၁၀ကျပ်သား

ပုစွန်ခြောက် = ၅ကျပ်သား

ကြက်သွန်ဖြူ = ၆လုံး

ပီနံသီး = ၃၀တောင့်

ငရုတ်သီးအကျက်မူန့် = ၃၀တောင့်

နံနံပင် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

နနွင်းမူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ရေကျိုငါးပိ တစ်ဆယ်သားကို ရေနှစ်ဆဖြင့် ရောကျိုပါ။

- နနွင်းမူန့်ထည့်၍ ကျိုပါ။

- ပွက်ပွက်ဆူပြီး ငါးပိကျက်လျှင်ချ၍ အအေးခံထားပါ။

- ကြက်သွန်ဖြူကို အခွံသင်ထားပါ။

- ငရုတ်ဆုံထဲတွင် ပုစွန်ခြောက် ညက်အောင်ထောင်းပြီး ဖျော်မည့် ပန်ကန်ထဲတွင် တစ်ပုံပုံထားပါ။

- ပြီးလျှင် ကြက်သွန်ဖြူကို မညက်တညက် ထောင်းပါ။ တစ်ပုံ ပုံပါ။

- ငရုတ်သီးစိမ်းကို အနည်းငယ်လှော်၍ အညှာခြွေပြီး မညက်တညက်ထောင်းပါ။ တစ်ပုံ ပုံပါ။

- ဟင်းခတ်မူန့် အနည်းငယ်ထည့်ပါ။ အအေးခံထားသော ငါးပိထည့်ပါ။

- ငရုတ်သီးအကျက်မူန့်နှင့် နံနံပင်တို့ လှီးထည့်၍ မွှေဖျော်လိုက်ပါ။ ရေနွေးပူပူလေးသောက်၍ သုံးဆောင်ပါ။


ငါးပိလိမ္မာချက်

ပါဝင်သောပစ္စည်းများ -

ရေကျိုငါးပိ = ၁၀ကျပ်သား

ပုစွန်ခြောက် (သို့) ငါးကျည်းခြောက် = ၅ကျပ်သား

ငရုတ်သီးပွ = ၂ကျပ်သား

ကြက်သွန်ဖြူ = ၁လုံး

ကြက်သွန်နီ = ၃လုံး

ပီနံသီး = အနည်းငယ်

ဆီ = အနည်းငယ်

နနွင်း = အနည်းငယ်

ဆား = အနည်းငယ်

ပြုလုပ်ပုံ -

- ရေကျိုငါးပိကို ရေအနည်းငယ်ထည့်၊ နနွင်းမူန့်ထည့်၍ ကျိုပါ။

- ကျိုပြီး ငါးပိများကို အရိုးစစ်၍ ပန်ကန်ထဲ ထည့်ပြီး ဟင်းခတ်မူန့် အနည်းငယ်၊ ငရုတ်သီး အကျက်မူန့် အနည်းငယ် ထည့်၍ ဖျော်စားပါ။

- အငန်လိုလျှင်ဆားအနည်းငယ် ထည့်ပါ။


ငါးငါးပိထောင်း

ပါဝင်သောပစ္စည်းများ -

ရေကျိုငါးပိကောင်းကောင်း = ၅ကျပ်သား

ငှက်ပျော်ရွက် = ၁ရွက်

ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ကြက်သွန်ဖြူ = အနည်းငယ်

ပြုလုပ်ပုံ -

- ရေကျိုငါးပိကို ငှက်ပျောရွက်တွင် ထည့်၍ လုံးအောင်ထုပ်ပါ။

- ပြီးလျှင် မီးခဲတွင် ဖုတ်ပါ။

- ငါးပိကျက်လောက်လျှင် ငရုတ်ဆုံထဲထည့်၍ ထောင်းပါ။

- ကြက်သွန်ဖြူနှင့် ငရုတ်သိးစိမ်းများထည့်၍ ထောင်းပါ။ ညက်လျှင် ဆီစိမ်းဆမ်း၍ သုံးဆောင်ပါ။

- ငရုတ်အကျက်မူန့် မွှေးမွှေးေးလ ထည့်ထောင်းလျှင်လည်း ကောင်းပါသည်။


မန်ကျည်းသီးစိမ်း ငါးပိချက်

ပါဝင်သောပစ္စည်းများ -

မန်ကည်းသိးစိမ်း = ၁၀ကျပ်သား

မျှင်ငါးပိကောင်းကောင်း = အနည်းငယ်

ဆီ = အနည်းငယ်

ကြက်သွန်ဖြူ = အနည်းငယ်

ကြက်သွန်နီ = အနည်းငယ်

ငရုတ်သီးပွ = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ပုစွန်ခြောက် = ၅ကျပ်သား

ဆား = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- မန်ကျည်းသီးစိမ်းများကို ရေစင်အောင်ဆေးပြီးထောင်းပါ။

- ငရုတ်သီးနှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ထောင်းပါ။

- ပြီးလျှင် ဒယ်အိုးထဲတါင် ဆီထည့်၍ ဆီကျက်လျှင် နနွင်း၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ထည့်၍ ဆီသတ်ပါ။
- ထောင်းထားသော ပုစွန်ခြောက်များထည့်ပါ။

- မန်ကျည်းသီးစိမ်း ထည့်ပါ။

- ဆား၊ ဟင်းခတ်မူန့် အနည်းငယ်စီထည့်ပါ။

- မျှင်ငါးပိကို ရေဖျော်၍ ထည့်ပါ။

- ငရုတ်သီးစိမ်း အတောင့်လိုက်ထည့်မွှေ၍ ချက်ပါ။


ကင်ပွန်းချဉ်ရွက် ငါးပိချက်

ပါဝင်သောပစ္စည်းများ -

ကင်ပွန်းချဉ်ရွက် = ၁စည်း

မျှင်ငါးပိကောင်းကောင်း = အနည်းငယ်

ပုစွန်ခြောက်မူန့် = အနည်းငယ်

ငရုတ်သီးပွ = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ဆီ = အနည်းငယ်

နနွင်းမူန့် = အနည်းငယ်

ဆား = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ကင်ပွန်းချဉ်ရွက်များကို ရေစင်အောင်ဆေးပြီး အရွက်များသင်ထားပါ။

- မျှင်ငါးပိကို ရေဖျော်ထားပါ။

- ငရုတ်သီးထောင်းပါ။

- ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုလည်း ရော၍ ထောင်းထားပါ။

- ဆီပူအိုးတည်၍ ဆီကျက်လျှင် နနွင်းထည့်၊ ငရုတ်၊ ကြက်သွန်ဆီသတ်ပါ။

- ကင်ပွန်းချဉ်ရွက်ထည့်ပါ။

- ပုစွန်ခြောက်မူန့်ထည့်၊ ငရုတ်သီးစိမ်းများထည့်၍ မွှေပါ။

- ဖျော်ထားသော မျှင်ငါးပိကို ထည့်ချက်ပါ။

- ဟင်းခတ်မူန့် အနည်းငယ်ထည့်ပါ။

- ကင်ပွန်းချဉ်ရွက်နွမ်းလျှင် သုံးဆောင်၍ ရပါသည်။


ဝက်သားငံပြာရည်ကြော်

ပါဝင်သောပစ္စည်းများ -

ဝက်သား အသားကောင်းကောင်း = ၂၀ကျပ်သား

ကြက်သွန်နီ = ၅လုံး

ကြက်သွန်ဖြူ = ၃လုံး

ငံပြာရည်ကောင်းကောင်း = ၅ကျပ်သား

ငရုတ်သီးအပွတောင့် = ၁၅တောင့်

ဆီ = ၅ကျပ်သား

နနွင်း = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

ပြုလုပ်ပုံ -

- ၀က်သားများကို ရေစင်စွာဆေးပါ။

- ပြီးလျှင် အတုံးသေးသေးတွေ တုံးထားပါ။

- ထို့နောက် ဆား၊ ဟင်းခတ်မူန့် အနည်းငယ်တို့ဖြင့် နာနာနယ်ထားပါ။

- ငရုတ်သီးအပွတောင့်ကို ငရုတ်ဆုံတွင် မညက်တညက်ထောင်းပါ။

- ထိုအထဲသို့ ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။

- ရှေးဦးစွာ ဆီအိုးတည်း၍ ဆီကျက်လျှင် နယ်ထားသော ၀က်သားတုံးကလေးများ ထည့်၍ ကြော်ပါ။

- ၀က်သားတုံးကလေးများ နီရောင်သမ်းလာလျှင် ဒယ်အိုးထဲမှ ဆယ်ယူ၍ ဆီစစ်ထားပါ။

- ပြီးလျှင် ဒယ်အိုးကို ပြန်တည်၍ မီးနည်းနည်းဖြင့် ကြက်သွန်နီ ထည့်ကြော်ပါ။

- ထို့နောက် ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ပါ ရောထည့်၍ ဆီသတ်ပါ။

- ငရုတ်သီးစိမ်းနံ့ပျောက်လျှင် ငံပြာရည် အနည်းငယ် လောင်းထည့်ပါ။

- ပြီးလျှင် ကြော်ထားသော ၀က်သားတုံးကလေးများ ထည့်ပါ။

- ဟင်းခတ်မူန့်ထည့်၍ အပေါ့အငန် မြည်းပါ။

- မစိုမခြောက်ကလေးချ၍ သုံးဆောင်းပါ။

- အစပ်ကြိုက်လျှင် ငရုတ်သီးအရှည်တောင့် သုံးပါ။

No comments:

Post a Comment