ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 10 November 2010

အသုပ်စုံနှင့်ပတ်သက်၍

ပန်းဂေါ်ဖီသုပ်

ပါဝင်သောပစ္စည်းများ -

ပန်းဂေါ်ဖီ = ၁ပွင့်

ကြက်သွန်နီ = ၃လုံး

ပုစွန်ခြောက်မူန့် = အနည်းငယ်

နှမ်းလှော် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ပန်းဂေါ်ဖိကို မကျက်တကျက်ပြုတ်ပြီးလျှင် ရေအေးဖြင့် စိမ်ပါ။

- ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ ပုစွန်ခြောက်မူန့်၊ နှမ်းလှော်၊ ငံပြာရည်၊ ဟင်းခတ်မူန့်တို့ဖြင့် ရောနယ်သုပ်စားပါ။
- အချဉ်ကြိုက်လျှင် သံပရာသီးထည့်ပါ။


ပဲပြားသုပ်

ပါဝင်သောပစ္စည်းများ -

ပဲပြား = ၂ပြား

ကြက်သွန်နီ = ၃လုံး

ကြက်သွန်ဖြူ = ၂ဥ

ဂေါ်ဖီ = ၁၀ကျပ်သား

သို့မဟုတ် သခွားသီး = ၁လုံး

နံနံပင် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ပဲမူန့်(အကျက်) = အနည်းငယ်

မန်ကျည်းရည် = အနည်းငယ်

ပုစွန်ခြောက်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ပဲပြားကို နှစ်ပိုင်းပိုင်း၊ အစိတ်ကလေးတွေဖြစ်အောင် လှီးပြီး အပေါ့အငန်နှင့် နနွင်းမူန့်ထည့်ပြီး ရောနယ်ပါ။

- ပြီးလျှင် ဆီပူဖြင့် ကြွပ်နေအောင်ကြော်ပါ။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီချက်ချက်ထားပါ။

- ဂေါ်ဖိ သို့မဟုတ် သခွားသီးတစ်လုံးကို ပါးပါးလှီးပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။

- ပြီးလျှင် ပဲပြားကြော်ကို သင့်တော်ရုံ လှီးဖြတ်၍ ဂေါ်ဖီ သို့မဟုတ် သခွားသီးထည့်၊ ဆီချက်၊ ဆား၊ ဟင်းခတ်မူန့်၊ ပဲမူန့်၊ ပုစွန်ခြောက်မူန့်၊ မန်ကျည်းရည်တို့ထည့်ပြီး ရောနယ်၍ သုပ်ပါ။

- နံနံပင်ကို သင့်တော်ရုံဖြတ်၍ အပေါ်မှ ဖြူးလိုက်ပါ။

- ထို့နောက် ဆီချက် ချက်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကြော်တို့ကိုလည်း ဖြူးပြီး သုံးဆောင်နိုင်ပါသည်။

- အစပ်ကြိုက်သူများ ငရုတ်သီးမူန့်၊ သို့မဟုတ် ငရုတ်သိးစိမ်းထည့်၍ စားသောက်နိုင်ပါသည်။


ဘဲဥပြုတ်သုပ်

ပါဝင်သောပစ္စည်းများ -

ဘဲဥ = ၂လုံး

ကြက်သွန်နီ = ၂လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ဘဲဥကို ပြုတ်၍ အခွံသင်ပါ။

- ပြီးလျှင် အစိတ်ကလေးများ စိတ်ပါ။

- လှီးထာေးသာ ကြက်သွန်နီ၊ ဟင်းခတ်မူန့်နှင့် ဆားထည့်၍ ဆီစိမ်းဆမ်းပြီး ဖွဖွသုပ်စားပါ။


ဘဲဥပဲကြာဆံသုပ်

ပါဝင်သောပစ္စည်းများ -

ဘဲဥ = ၂လုံး

ပဲကြာဆံ = ၁၀ကျပ်သား

အာလူး = ၂လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

ဆီ = ၅ကျပ်သား

ကြက်သွန်နီ = ၂လုံး

ပြုလုပ်ပုံ -

- ဘဲဥကိုပြုတ်၍ အခွံသင်ပြီး ပါးပါးလှီးထားပါ။

- ပဲကြာဆံကို ပြုတ်ပြီး ဆန်ခါဖြင့် စစ်ထားပါ။

- အာာလူးကိုလည်း ပြုတ်၍ ပါးပါးလှီးထားပါ။

- အားလုံးရောထည့်ပြီး ဟင်းခတ်မူန့်၊ ဆား အနည်းငယ်နှင့် ဆီချက်တို့ထည့်၍ သုပ်စားပါ။ ကလေးများ အလွန်နှစ်သက်ပါသည်။


ပဲပြုတ်သုပ်

ပါဝင်သောပစ္စည်းများ -

ပဲပြုတ် = ၁၀ကျပ်သား

ကြက်သွန်နီ = ၃လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ပဲပြုတ်ထဲသို့ လှီးထားသော ကြက်သွန်နီထည့်၊ ဆား၊ ဟင်းခတ်မူန့်၊ အနည်းငယ်ကို ဆီနှင့်နယ်၍ သုပ်စားပါ။


ပဲကတ္တီပါသုပ်

ပါဝင်သောပစ္စည်းများ -

ပဲကတ္တီပါပြုတ် = ၁၀ကျပ်သား

ကြက်သွန်နီ = ၃လုံး

ဆား = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ပဲကတ္တပါပြုတ်ပြီးသားကို ပန်ကန်တွင်ထည့်ပါ။ (အစိမ်းဆိုပါက ဆားရည်ဖြင့် နူးအောင်ပြုတ်ပါ)

- ကြက်သွန်နီ သုံးလုံးကို ပါးပါးလှီးပြီး ရေစင်စင်ဆေးထားပါ။

- ထို့နောက် ပဲကတ္တိပါထဲသို့ ကြက်သွန်နီထည့်၊ ဆီရွှဲရွှဲဆမ်း၊ ဟင်းခတ်မူန့်၊ ဆား သင့်တော်ရုံထည့်ပြီး ရောနယ်သုပ်ပါ။ အချဉ်ကြိုက်သူများ သံပရာသီး အနည်းငယ်ညှစ်ပြီး သုံးဆောင်နိုင်ပါသည်။

- သက်သက်လွတ်သမားများအတွက် အလွန်လွယ်ကူပြိး အချိန်ကုန်သက်သာစေသော ဟင်းတစ်မည်အဖြစ် စားသုံးနိုင်ပါသည်။


ယိုးဒယားသင်္ဘောသီးထောင်းသုပ်

ပါဝင်သောပစ္စည်းများ -

သင်္ဘောသီးစိမ်း = ၁လုံး

မြေပဲ = ၁ထုပ်

ငရုတ်သီးစိမ်း = အနည်းငယ်

ဟင်းခတ်မူန်က = အနည်းငယ်

ပုစွန်ခြောက်အကောင် = ၅ကျပ်သား
ထန်းလျက် = ၄လုံး

ပဲသီး = အနည်းငယ်

ကန်စွန်းရွက် = အနည်းငယ်

သံပရာသီး = ၁လုံး

ကြက်သွန်ဖြူ = ၂လုံး

ငံပြာရည် = အနည်းငယ်

ပြုလုပ်ပုံ -

- သင်္ဘောသိးကို ရေဆေး၍ ခြစ်ထားပါ။

- ထုံးရည်ဖြင့် အနည်းငယ်စိမ်ပါ။

- ထို့နောက် ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ထန်းလျက်၊ မြေပဲ၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတို့ ရောထည့်၍ ထောင်းပါ။

- ပြီးလျှင် သင်္ဘောသီးခြစ်ပြီးသား ရောထည့်၍ ထောင်းပါ။

- ထိုအထဲသို့ ငံပြာရည်၊ ဟင်းခတ်မူန့်တို့ ထည့်ပါ။

- ပြီးလျှင် သံပရာသီးကို ညှစ်၍ထည့်ပါ။ ဖွဖွလေး ရောထောင်းပါ။

- ပဲသီးစိမ်း၊ ကန်စွန်းရွက် တို့ဖြင့်ထည့်ပြီး သုံးဆောင်နိုင်ပါသည်။


အဘိုးကြီးလက်ဖက်သုပ်

ပါဝင်သောပစ္စည်းများ -

လက်ဖက်ရွက်နို = ၅ကျပ်သား

ကြက်သွန်ကြော် = ၁၀ကျပ်သား

နှမ်းလှော် = ၅ကျပ်သား

မြေပဲ = ၅ကျပ်သား

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

သံပရာသီး = ၁လုံး

ပုစွန်ခြောက်(အကောင်) = ၅ကျပ်သား

ဆီ = ၅ကျပ်သား

ပြုလုပ်ပုံ -

- ရှေးဦးစွာ လက်ဖက်ကို သံပရာသီးရည် ဆားတို့ဖြင့် နာနာနယ်ပါ။

- ပြီးလျှင် အရည်များ စင်အောင်ညှစ်ထုတ်ပါ။

- ရလာသော လက်ဖက်များကို ငရုတ်ဆုံထဲ ထည့်၍ ထောင်းပါ။

- ထိုထဲသို့ ဟင်းခတ်မူန့် အနည်းငယ်ထည့်၊ ပြီးလျှင် ပုစွန်ခြောက်များကို ထည့်၍ မညက်တညက်ထောင်းပါ။

- ထောင်းပြီးသားများ ဆယ်ယူပြီး ဆီဖြင့်စိမ်ပါ။

- ပြီးနောက် ပြင်မည့်ပန်ကန်ထဲသို့ လက်ဖက် တစ်ပုံ၊ ကြက်သွန်ကြော်တစ်ပုံ၊ နှမ်းလှော်တစ်ပုံ၊ မြေပဲတစ်ပုံစီထည့်ပါ။

- ပြီးလျှင် သုံးဆောင်၍ ရပါပြီ၊ အသက်ကြီးသူများ တမြုံ့မြုံ့နှင့် အလွန်ကြိုက်သော လက်ဖက် ဖြစ်ပါသည်။


မိတ်ဆုံလက်ဖက်

ပါဝင်သောပစ္စည်းများ -

လက်ဖက်သားနုနု = ၅ကျပ်သား

ကြက်သွန်ကြော် = ၅ကျပ်သား

ကုလားပဲခြမ်းကြော် = ၅ကျပ်သား

ပဲခြမ်းကြီးကြော် = ၅ကျပ်သား

မြေပဲ = ၅ကျပ်သား

နှမ်း = နှစ်ကျပ်ခွဲသား

ပုစွန်ခြောက်(အကောင်) = ၂၀ကျပ်သား

ခရမ်းချဉ်သီး (အစိမ်းပိုကောင်း) = ၃လုံး

သံပရာသီး = ၁လုံး

ဆီိ = ၅ကျပ်သား

ဆား = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ဂေါ်ဖီ = အနည်းငယ်

ပြုလုပ်ပုံ -

- လက်ဖက်အသားကို သံပရာရည်၊ ဆားတို့ဖြင့် နယ်ပြီး ညှစ်ထုတ်ပါ။

- ပြီးလျှင် ဟင်းခတ်မူန့်၊ ဆားအနည်းငယ်ထည့်၍ ဆီစိမ်ထားပါ။

- ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး လှီးထားပါ။

- ပြီလျှင် လှီးထားသော ဂေါ်ဖီ၊ ဆီစိမ်ထားသော လက်ဖက်၊ ခရမ်းချဉ်သီး။ ကြက်သွန်ကြော်၊ ပဲခြမ်းကြော်များ၊ မြေပဲ၊ နှမ်း၊ ငံပြာရည်၊ ဟင်းခတ်မူန့်၊ ပုစွန်ခြောက်တို့ ထည့်ပြီး ရောနယ်သုပ်ပါ။

- ငရုတ်သီးစိမ်းထည့်၍ သုပ်ပါ။

- ဆီလိုလျှင် ဆီအနည်းငယ်ထပ်ထည့်ပါ။

- အပေါင်းအသင်း။ ဆွေမျိုးများဆုံလဆင် သုပ်၍စားပါက အလွန်ခံတွင်း တွေ့စေပါသည်။


မိုးကျလက်ဖက်သုပ်

ပါဝင်သောပစ္စည်းများ -

ဒန့်ကျွဲရွက်ပြုတ်ပြီးသား = ၅ကျပ်သား

ကြက်သွန်ကြော် = ၅ကျပ်သား

နှမ်းလှော် = ၅ကျပ်သား

ပဲခြမ်းကြော် = ၅ကျပ်သား

ပဲကြိးကြော် = ၅ကျပ်သား

ဆီ = ၅ကျပ်သား

မြေပဲလှော် = ၅ကျပ်သား

ဆီ = ၅ကျပ်သား

ဆား = အနည်းငယ်

ခရမ်းချဉ်သီး = ၂လုံး

သံပရာသီး = ၁လုံး

ပြုလုပ်ပုံ -

- ဒန့်ကျွဲရွက်ကို မန်ကျည်းသီးနှစ်ဖြင့် နူးအောင်ပြုတ်ပြီး ခပ်ပါးပါးလေးလှီးထားပါ။

- ပြီးလျှင် ကြက်သွန်ကြော်၊ နှမ်း။ ပဲခြမ်း၊ ပဲကြီး၊ မြေပဲလှော်တို့ဖြင့် ရောနယ်၍ သုပ်ပါ။
- ထို့နောက်ဆီဆမ်း၊ ဆားထည့်ပြီး သံပရာရည်ညှစ်ပြီး သုံးဆောင်ပါ။

- အစပ်ကြိုက်သူများ၊ ငရုတ်သီးစိမ်းထည့်၍ စားသုံးနိုင်ပါသည်။

No comments:

Post a Comment