ကော်ဖီသောက်တာကြောင့် သွေးပေါင်ချိန်မမြင့်တက်ပါ
ကော်ဖီကြိုက်သူတွေ ကော်ဖီသုံး၊ လေးခွက်သောက်နိုင်ပါတယ်။ နေ့စဉ် ကော်ဖီငါးခွက် ဒါမှမဟုတ် ဒါထက်ပိုသောက်သူတွေဟာ ကော်ဖီအနည်းငယ်သာ သောက်သူတွေထက် သွေးဖိအားပိုမိုမြင့်တက်မူ မရှိပါဘူးလို့ Louisiana တက္ကသိုလ်မှ လူပေါင်း ၁၇၀,၀၀၀ ကျော်ကို လေ့လာမူပြုလုပ်အပြီးမှာ တွေ့ရှိခဲ့ပါတယ်။
သွားဆရာဝန်နဲ့ မှန်မှန်စစ်ဆေးတာကြောင့် နှလုံးကို ကာကွယ်ပါတယ်
သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမူပြုလုပ်သူတွေဟာ သွားဖုံးရောင်ရောဂါဖြစ်နိုင်ခြေနည်းပါးတဲ့အတွက် နှလုံးတိုက်ခိုက်ခံရတာ၊ ရင်ဘတ်အောင့်တာ ဒါမှမဟုတ် နှလုံးအလုပ်မလုပ်နိုင်တာ ဖြစ်နိုင်ခြေ ၃၃ ရာခိုင်နူန်းလျော့နည်းသွားတယ်လို့ California တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
ငါးစားတာကြောင့် အရိုးသန်မာစေပါတယ်
အဆီများတဲ့ ငါးကို တစ်ပတ်သုံးကြိမ် ဒါမှမဟုတ် ဒါထက်ပိုစားသူတွေဟာ ငါးမစားသူတွေထက် အရိုးသိပ်သည်းဆနည်းပါးမူ သိသိသာသာလျော့ကျသွားတယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ ငါးမှာပါဝင်တဲ့ Omega-3 Fatty Acid က အရိုးကို ကာကွယ်နိုင်တာကြောင့်လို့ ဆိုပါတယ်။
ရေသန့်ဘူးသောက်ဖို့ မလိုအပ်ပါ
ရေဘုံပိုင်ကလာတဲ့ ရေကိုကျိုချက်ပြီး စစ်သောက်ရင်လည်း ရေသန့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်နိုင်ပါတယ်။ ဒါ့အပြင် ပလတ်စတစ်ရေသန့်ဘူးတွေဟာ နေရာင်နဲ့ ထိတွေ့ရင် ပလတ်စတစ်မှ အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေထွက်လာပြီး ရေထဲစိမ့်ဝင်နိုင်ပါတယ်။

Friday, 14 October 2011
ကျန်းမာရေး ပိုကောင်းအောင်
ဒေါက်တာခင်မိုးမိုး (GOOD HEALTH JOURNAL)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment