၈၀၆။ ယောက်ျား အဘယ်အကြောင်းကြောင့် သင်သည် ရူးသောသူကဲ့သို့၎င်း ကြောက်လန့်သဖြင့် တုန်လူပ်သော သားသမင်ကဲ့သို့၎င်း ထိုမှ ဤမှ ပြေးသွားသနည်း၊ ယောက်ျား သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမူရှိလျက် အဘယ်အကြောင်းကြောင့် မြည်တမ်းနေဘိသနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၈၀၇။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာဒုဂ္ဂတိဘုံသို့ လားရောက်ရသော ပြိတ္တာဖြစ်ပါ၏၊ အရှင်ဘုရား အကျွန်ုပ်သည် မကောင်းမူကံကို ပြုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏။
၈၀၈။ အရှင်ဘုရား အယုတ်အလွန် မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ (ဟု ပြိတ္တာက လျှောက်၏)။
၈၀၉။ ယောက်ျား သင်သည် ကိုယ်ဖြင့်၎င်း စိတ်ဖြင့်၎င်း နူတ်ဖြင့်၎င်း အဘယ် မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်မကောင်းမူကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရဘိသနည်း။
၈၁၀။ အယုတ်အလွန် မရှိမူ၍ ခြောက်သောင်းတိတိပြည့်သော သံတူတို့သည် သင်၏ ဦးခေါင်း၌ အချင်းခပ်သိမ်း အဘယ်ကြောင့် ကျကုန်သနည်း၊ ထိုခြောက်သောင်းသော သံတူတို့သည် သင့်ဦးခေါင်းကို အဘယ်ကြောင့် ခွဲလည်း ခွဲကြကုန်သနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က ထပ်မေး၏)။
၈၁၁။ အရှင်ဘုရား အကျွန်ုပ်သည် သစ်ပင်ရင်း၌ ထိုင်နေတော်မူသော အရိယာမဂ်ဖြင့် ပွါးစေအပ်ပြီးသည့် ဣနြေ္ဒရှိသော အရဟတ္တဖိုလ်ဈာန်လည်းရှိသော ကိလေသာကြောင့်ဖြစ်သည့် ဘေးလည်း မရှိသော သုနေတ္တအမည်ရှိသော ပစ္စေကဗုဒ္ဓါကို မြင်ခဲ့ပါ၏။
၈၁၂။ (ထိုအခါ) ထိုပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်တို့ဖြင့် ပစ်ခတ်သောအားဖြင့် ခွဲခဲ့ဘူးပါ၏၊ အရှင်ဘုရား ထိုကံ၏အကျိုးကြောင့် ဤသို့သော ဆင်းရဲကို ခံရပါ၏။
၈၁၃။ အယုတ်အလွန်မရှိမူ၍ ခြာက်သောင်းတိတိပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန် (ဟု ပြိတ္တာက ထပ်လျှောက်၏)။
၈၁၄။ ယုတ်မာသော ယောက်ျား သင်ပြုသော အကြောင်းအားလျော်စွာ အယုတ်အလွန် မရှိ၍ ထိုခြောက်သောင်းတိတိပြည့်သော သံတူတို့သည် သင့်ဦးခေါင်း၌ အချင်းခပ်သိမ်း ကျကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် သင့်ဦးခေါင်းကို ခွဲလည်း ခွဲကြကုန်၏။
လေးခုမြောက်သော မဟာဝဂ် ပြီး၏။
ပေတ၀တ္ထုပါဠိတော် မြန်မာပြန် ပြီး၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment