ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 14 October 2011

ဆယ်လ်မွန်ငါးစားခြင်းကြောင့် ရရှိနိုင်သော အသားအရေလှပမူဆိုင်ရာ အကျိုးကျေးဇူး

http://3.bp.blogspot.com/-DpDVO6e93io/TkBfe4sAOlI/AAAAAAAAET0/PrBOqEhS3ME/s640/IMG_0011.JPG

ဆယ်လ်မွန်ငါးက ဈေးကွက်ထဲမှာ ပေါပေါများများ မတွေ့ရပေမယ့် အဆင်သင့်ရနိုင်တဲ့ ငါးသေတ္တာဘူးတွေအနေနဲ့တော့ ရနိုင်ပါတယ်။ ဒါ့အပြင် တချို့စားသောက်ဆိုင်ကြီးတွေမှာ ဆယ်လ်မွန်ငါးဟင်းလျာတွေ ရနိုင်ပါတယ်။ ဆယ်လ်မွန်ငါးကို စားတာကြောင့် အသားအရေကို လှပစေတယ်လို့ ဆိုကြတဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။


* ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ်အများအပြား ပါဝင်ပါတယ်။


* ဆယ်လ်မွန်ငါးကို စားပေးရင် အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ ကီရာတင်ထုတ်လုပ်အားကို ကောင်းစေပါတယ်။


* မျက်နှာပေါ်မှာ သတိပြုမိလောက်အောင် ပေါ်လွင်ထင်ရှားနေတဲ့ အရေပြားအက်ကွဲတာတွေ၊ အသားအရေ ခြောက်တာတွေမဖြစ်စေဖို့ ဆယ်လ်မွန်ငါးက ကူညီနိုင်ပါတယ်။


* ဆယ်လ်မွန်ငါးကို စားပေးရင် အရေးကြောင်းဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ဖက်တီးအက်စစ်အများအပြား ပါဝင်လို့ပါ။


* ဆယ်လ်မွန်ငါးကို စားပေးရင် စိတ်ဓာတ်ကျတာ၊ အဆစ်တွေ တောင့်တင်းနာကျင်တာနဲ့ ရာသီအကြိုဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆေးပညာလေ့လာမူတွေအရ အတည်ပြုနိုင်နေပါပြီ။

ကြယ်စင် (GOOD HEALTH JOURNAL)

1 comment:

  1. ထုမှပဲ ဘုရာရှိခိုးရတော့တယ် ဟင်းးးး
    အနတ္တ၊ ဒုက္ခ၊ ....... မမြဲခြင်းတွေပါလား
    ဟိဟိ ဘာမှဟုတ်ဘူး ဆရာကြီးလေသံနဲ့ပြောခဲ့တယ် ဟိဟိ
    နောက်တာပါဗျာ

    ReplyDelete