ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 19 October 2011

သုံးနှစ်အရွယ် မိန်းကလေး အရာရာကို ဝါးစားနေတတ်ပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးမှသည် အုတ်ခဲများအထိ ဝါးစား

http://swesonemedia.org/assets/images/health_new/glasseatinggirl.jpg

နာတာလီဟေးဟက်စ် အမည်ရှိသုံးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် အရာရာကို ဝါးစားတတ်သည့် အလေ့အထ စွဲလမ်းနေပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးကိုပင် ကုန်အောင်ဝါးစား ပစ်သည်ဟု ဆိုသည်။ သူ့၌ အလွန်ထူးဆန်းသော စိတ်ရောဂါ တစ်မျိုးရှိပြီး မဟုတ်မဟတ်အရာများကို ဝါးစားနေရာ အဆိပ်သင့်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဟုဆိုသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလက သူသည် သူ၏ အိပ်ခန်းအတွင်းမှ မီးသီးကိုခွဲကာ ဝါးစားသောကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ သေးသည်ဟု ဆိုသည်။ အဆိုပါ မိန်းကလေး၌ Pica ဟုခေါ်သော ထူးဆန်းသော ရောဂါရှိရာ ကျောက်ခဲ၊ တုတ်ချောင်း၊ အလှစိုက်ထားသော အပင်များ၊ လျှပ်စစ်မီးသီးအစ ရှိသည့် အစာမဟုတ်သော အရာများကို စားချင်စိတ်ပေါက် နေလေ့ရှိသည် ဟုဆိုသည်။ နာတာလီ အကြိုက်ဆုံးအရာမှာ ကျောက်ခဲများနှင့် တုတ်ချောင်းများ ဖြစ်သည်ဟုဆိုသည်။ သူသည် အုတ်ခဲတစ် လုံးလုံးကိုပင် ချောကလက်ကဲ့သို့ ကုန်အောင် ဝါးစားနိုင်သည် ဟုဆိုသည်။ သူ၏မိခင်ဖြစ်သူ ကောလင်း (၃၁-နှစ်)သည် သူ၏သမီးအား အန္တရာယ်ရှိသော အရာများကို မစားမိစေရန် တစ်နေကုန် စောင့်ကြည့်နေရသည်ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် တာရေးဟောင်တေး မြို့၌ နေထိုင်ကြောင်း သိရသည်။


(DM, 26.9.11) NYM

(GOOD HEALTH JOURNAL)

No comments:

Post a Comment