ဂျင်းကို နေ့စဉ်စားသုံးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ချေကို ကာကွယ်နိုင်ကြောင်း သုတေသန စမ်းသပ်ချက်များမှ တွေ့ရှိထားသည်။ အမေရိကန် ဆေးကျောင်းတစ်ခုတွင် ကျောင်းသား (၁၅)ဦးကို နေ့စဉ်ဂျင်း ၂-ဂရမ်ခန့်စားစေ၍ အခြား (၁၅)ဦးကို အားဆေးများသာကျွေးကာ ၂၈-ရက် ကြာပြီးနောက် ပြန်လည်စစ်ဆေးကြည့်ရာတွင် ဂျင်းစားသူ (၁၅)ဦးတွင် အခြား (၁၅)ဦးထက် အူမကြီးရောင်ရမ်းမူ လျော့ကျနေကြောင်း တွေ့ရှိရသည်။
ဂျင်းစာသုံးခြင်းဖြင့် ရရှိနိုင်သော အခြားအကျိုး ၆-မျိုးကိုလည်း ဖော်ပြလိုက်ရပါသည်။
၁။ သားဥအိမ်ကင်ဆာ
လေ့လာတွေ့ရှိချက်များအရ ဂျင်းစားသုံးခြင်းသည် သားဥအိမ်ကင်ဆာဆဲလ်များ သေကြေပျက်စီးရန် လူံ့ဆော်ကြောင်း သိရှိရသည်။
၂။ ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း
ကိုယ်ဝန် ပထမ ၄လတွင် ကြုံတွေ့ရသော မနက်ခင်းမူးမော်၊ ပျို့အန်ခြင်းကို ဂျင်းစားခြင်းက သိသိသာသာလျော့နည်း သက်သာစေသည်။
၃။ ယာဉ်ရထားစီးစဉ်မူးဝေခြင်း
ကား၊ ရထားစီးစဉ် မူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့အတွက်လည်း ဂျင်းသည် ထိရောက်သော ဆေးဝါးတစ်မျိုးဖြစ်သည်။
၎။ အစာအိမ်နာခြင်း
ရှေးအစဉ်အဆက်မှ တရုတ်လူမျိုးများသည် အစာအိမ်နာခြင်းအတွက် ဂျင်းကို အဓိကသုံးစွဲခဲ့ကြသည်။
၅။ အအေးမိဖျားနာခြင်း
ဂျင်းတွင် ပါဝင်သောဓာတုဗေဒ ပစ္စည်းများသည် အအေးမိဖျားနာခြင်းကို သက်သာစေသည်။ ထို့ကြောင့် အအေးမိဖျားနာပါက ဂျင်းပြုတ်ရည်တွင် သံပယိုသီးလှီးထည့်၍ သောက်သုံးသင့်သည်။
၆။ ရာသီလာစဉ် ကိုက်ခဲခြင်း
ရာသီလာစဉ် ကိုက်ခဲခြင်းအတွက် သုံးစွဲသော ဆေးဝါးများကဲ့သို့ပင် ဂျင်းပြုတ်ရည်သည်လည်း ဆီးစပ်ကိုက်၊ ခါးကိုက်ခြင်းကို သက်သာစေသည်။ ရာသီပထမဆုံးလာသည့်နေ့မှစ၍ တစ်နေ့လေးကြိမ်၊ တစ်ခါသောက်တစ်ခွက်နူန်းဖြင့် ဂျင်းပြုတ်ရည်သောက်ရန် အကြံပြုလိုက်ရပါသည်။

Friday, 21 October 2011
ကျန်းမာရေးအတွက် ကောင်းသော ဂျင်း
စန္ဒီ (ဆေး-၂) (HEALTH CARE JOURNAL)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment