အရွယ်ရောက်ပြီး လူငယ်များသည် ကော်ဘူးများကို မူးယစ်ဆေးသဖွယ် ရူရှိုက်နေကြပြီး သုံးစွဲသူများတွင် ငွေကြေးချို့တဲ့သူ အခြေအနေမဲ့ကလေးငယ်များ အများဆုံး ပါဝင်နေကြောင်းသိရသည်။
ငွေကြေးချို့တဲ့ သူကလေးငယ်အများစုသည် ရန်ကုန်မြို့အတွင်းရှိ လမ်းတကာသို့ဝင်ထွက် သွားလာလေ့ရှိပြီး ပြန်လည်ရောင်းချနိုင်သည့် ပလပ်စတစ်၊ ကော်၊ ဘီယာဘူးခွံစသည်ပစ္စည်းများကို ရှာဖွေကောက်ယူကာ တစ်ဆင့်ရောင်းချပြီး ရရှိလာသည့် ငွေကြေးတချို့နှင့် ထိုကော် ဘူးများဝယ်ယူသုံးစွဲနေကြောင်း သိရသည်။ ထိုကော်ဘူးများ သုံစွဲခြင်းသည် ထမင်းဆာလောင်မူနှင့် လက်ရှိကြုံတွေ့နေရသည့် ဒုက္ခ၊ ပြဿနာများကို ခေတ္တမေ့လျော့နိုင်သည့်အပြင် ၀ယ်ယူရန်လွယ်ခြင်း၊ ဈေးသက်သာခြင်း စသည်တို့ကြောင့် သုံးစွဲနေကြောင်း သိရသည်။
ဖိနပ်ကပ်ခြင်း၊ ပိုက်ဆက်ခြင်း စသည်တို့တွင်အသုံးပြုသည့် ထိုကော်ဗူးများသည် စိမ်းရွှေရွှေအနံ့ရှိပြီး၊ မူးမော်ရီဝေစေခြင်း၊ သတိလစ်မေ့မျောစေခြင်းတို့ကို ဖြစ်စေနိုင်သည့်အပြင် ကြာကြာသုံးစွဲပါက အဆုတ်နှင့် အာရုံကြောကိုပါ ထိခိုက်နိုင်ကြောင်း သိရသည်။

Thursday, 27 October 2011
လမ်းပေါ်မှ ကလေးများ ကော်ဘူးရှူမူ များပြားလာ
မေသဒ္ဓါ (HEALTH CARE JOURNAL)
အမျိုးအစား/ကဏ္ဍ
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment