ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 19 October 2011

အမျိုးသမီးများ လျစ်လျူရူမိလေ့ရှိသော ကင်ဆာ သတိပေးလက္ခဏာများ

http://t0.gstatic.com/images?q=tbn:ANd9GcTJ3FFDIcH7nQhjSHpuCwrQmxgY-yAMjVncml5rB4wbkIph3cpAwb04Xfnw

အခုဖော်ပြပေးမယ့် လက္ခဏာတွေပေါ်ရင် ကင်ဆာဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကင်ဆာရဲ့ လက္ခဏာအနေနဲ့ တွေ့ရတတ်တာကြောင့် ဒီလို သတိပေးလက္ခဏာတွေ တွေ့နေရရင် မပေါ့ဆသင့်ပါဘူး။

1) ချွဲသလိပ်နှင့် ခက်ခက်ခဲခဲ အသက်ရှူရခြင်း၊ အသက်ရူမ၀ခြင်း

အဆုတ်ကင်ဆာလူနာတွေမှာ ပထမဆုံတွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါလည်း မရှိဘဲ အရင်တုန်းက တစ်ကြိမ်မှ မဖြစ်ဖူးတဲ့ ခက်ခက်ခဲခဲ အသက်ရှူရတာလိုမျိုး ဖြစ်ပေးလာရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

2) နာတာရှည် ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း
လူကီးမီးယားသွေးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့အပါအ၀င် ကင်ဆာရောဂါအမျိုးမျိုးတို့မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဆိုးဆိုးရွားရွား ချောင်းဆိုးတာ၊ လေပြွန်ရောင်တာတွေနဲ့ ဆက်စပ်မူရှိပါတယ်။ ဒီဝေဒနာက အကြာကြီးဆက်တိုက်ဖြစ်နေရင် ဒါမှမဟုတ် ပျောက်ပြီးမှ ပြန်ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

3) မကြာခဏဖျားခြင်း သို့မဟုတ် မကြာခဏ ကူးစက်ပိုးဝင်ခြင်း
ဒီလက္ခဏာတွေက ပုံမှန်သွေးဖြူဥနဲ့ သွေးနီဥတို့ ထုတ်လုပ်မူကျဆင်းတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ကျဆင်းတဲ့ လူကီးမီးယားသွေးကင်ဆာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

4) အစာမျိုရခက်ခဲခြင်း
အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာတွေကြောင့် အစာမျိုချရခက်ခဲတတ်သလို တစ်ခါတစ်ရံ အဆုတ်ကင်ဆာရဲ့ ပထမဆုံးလက္ခဏာတစ်ရပ်လည်း ဖြစ်နေတတ်ပါတယ်။

5) လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့ရှိ သားနံရည်ကျိတ်များ ရောင်ခြင်း

သားနံရည်ကျိတ်တွေကြီးတာက ပြန်ရည်ကြောစနစ်အပြောင်းအလဲကို ဖော်ပြနေသလို ကင်ဆာရဲ့ သတိပေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ချိုင်းအောက်ရှိ သားနံရည်ကျိတ်ကြီးတာက ရင်သားကင်ဆာရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။

6) သွေးထွက်လျှင် မရပ်ခြင်း
သွေးနီဥနဲ့ သွေးချပ်ပြားတွေ ပုံမှန်မဟုတ်တာကြောင့် သွေးထွက်ရင် မတိတ်တော့တာမျိုး ဖြစ်တာက သွေးကင်ဆာရဲ့ လက္ခာတစ်ရပ်ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ လက်ချောင်းနဲ့ လက်လိုနေရာတွေမှာ သွေးစို့နေတာမျိုး ဖြစ်တတ်သလို သွားဖုံးသွေးယိုတာလည်း ဖြစ်တတ်ပါတယ်။

7) အားနည်းခြင်းနှင့် နုံးချည့်ညောင်းညာခြင်း
အလုပ်မှာ ထိုင်ပြီးလုပ်နေရပေမယ့် ညဘက် ကားမောင်းပြီး အိမ်ပြန်တဲ့အခါမှာ ပင်ပန်းလွန်းနေတာမျိုးပါ။ ဒီလို အလိုလိုနေရင်း အားနည်းတာ၊ နုံးတာတွေက ကင်ဆာရောဂါအမျိုးမျိုးနဲ့ ဆက်စပ်မူရှိပါတယ်။ ဒါကြောင့် အကြောင်းရင်းမသိဘဲ ပင်ပန်းနေရင် ဆရာဝန်နဲ့ပြပါ။

8) လေပွခြင်း၊ ဗိုက်တင်းခြင်းနှင့် ဗိုက်ပူလွန်းခြင်း

ဒီလက္ခဏာတွေက မမျိုးဥအိမ်ကင်ဆာရဲ့ သတိပေးလက္ခဏာ ဖြစ်တတ်တာကြောင့် ရုတ်တရက်ဖြစ်လာရင်နဲ့ တာရှည်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

9) အစာကိုမစားနိုင်ခြင်း သို့မဟုတ် ဗိုက်ပြည့်နေခြင်း
ဒါကလည်း မမျိုးဥအိမ်ကင်ဆာနဲ့ ဆက်စပ်မူရှိနေပါတယ်။ ဘာမှမစားရသေးပေမယ့် စားချင်စိတ်လည်းမရှိ၊ စားလည်း မစားနိုင်ဘူးလို့ အမျိုးသမီးတွေက ဆိုလာရင် ဗိုက်ပူနေသလား လေပွနေသလားဆန်းစစ်ပြီး ဆရာဝန်ထံသွားဖို့ တိုက်တွန်းပါ။

10) တင်ပဆုံ သို့မဟုတ် ၀မ်းဗိုက်နာခြင်း
ဒီလက္ခဏာတွေက သားအိမ်အသားလုံးနဲ့ တခြားမျိုးဆက်ပွားလမ်းကြောင်း ပြဿနာတွေကြောင့် ဖြစ်တတ်သလို တချို့ကင်ဆာတွေနဲ့လည်း ဆက်စပ်မူရှိပါတယ်။

11) သွေးထွက်ခြင်း ၀မ်းထဲ သွေးပါခြင်း
အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာက လိပ်ခေါင်းနဲ့ လွဲမှားတတ်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

12) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း
ကိုယ်အလေးချိန်ကျလာပြီး အစားအသောက်၊ လေ့ကျင့်ခန်းစတဲ့ အနေအထိုင်ပြောင်းလဲမူ မရှိဘူးဆိုရင် ဘာကြောင့်လဲဆိုပြီး အဖြေရှာသင့်နေပါပြီ။ ကိုယ်အလေးချိန်ကျတာက အူမကြီးနဲ့ တခြားအစာခြေစနစ်တစ်လျှောက်ရှိ ကင်ဆာတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

13) ဗိုက်နာခြင်း
ဒီလိုလက္ခဏာတွေကို တာရှည်ခံစားရတာက အူမကြီးနဲ့ အစာဟောင်း အိမ်ကင်ဆာတွေနဲ့ ဆက်စပ်မူရှိတတ်ပါတယ်။

14) ရင်သားနီခြင်း၊ နာခြင်းနှင့် ရောင်ရမ်းခြင်း
ရင်သားမှာ ဖြစ်တဲ့ အကျိတ်တွေကိုလည်း အမျိုးသမီးတိုင်း သတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့ ရင်သားနီတာ၊ နာတာနဲ့ ရောင်တာတွေ ပေါ်ခဲ့ရင်လည်း မပေါ့ဆသင့်ပါဘူး။

15) နို့သီးခေါင်း ပြောင်းလဲခြင်း
နို့သီးခေါင်းက ယားတာ၊ အဖတ်တွေလန်တာ၊ (ကိုယ်ဝန်မရှိဘဲ၊ နို့တိုက်မိခင်မဟုတ်ဘဲ) အရည်ထွက်တာ၊ ပုံစံပြောင်းတာတွေကလည်း ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

16) ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းများခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
အမျိုးသမီးအများစုက ဒီလိုလက္ခဏာတွေခံစားရရင် သားအိမ်ကင်ဆာနဲ့ ဆက်စပ်မူရှိနေတတ်ပါတယ်။

(ဇွန်ခိုင်ဦး - ဆေးဝါးတက္ကသိုလ်)

(GOOD HEALTH JOURNAL)

No comments:

Post a Comment