ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 11 October 2011

၁၁ - ပါဋလိပုတ္တပေတ၀တ္ထု

၇၉၃။ ရှင်မ သင်သည် ငရဲတို့ကို၎င်း နဂါးဂဠုန်စသော တိရစ္ဆာန်တို့၎င်း ပြိတ္တာတို့ကို၎င်း အသုရာတို့ကို၎င်း တွေ့မြင်ဘူးကုန်ပြီ၊ ထိုမှတပါး လူတို့ကို၎င်း စတုမဟာရာဇ်နတ်တို့ကို၎င်း မြင်အပ်ဘူးကုန်ပြီ၊ သင်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင် ပင်မြင်ရပြီ၊ ငါသည် ယခုအခါ တစုံတရာမျှ ဆုတ်ယုတ်ပျက်စီးခြင်း မရှိသော သင့်ကို ပါဋလိပုတ်ပြည်သို့ ပို့ဆောင်အံ့၊ ထိုပါဋလိပုတ်ပြည်သို့ သွား၍ ကုသိုလ်ကောင်းမူကို ပြုလေလော့ (ဟု ပြိတ္တာက ပြန်ရန် တောင်းပန်သော မိန်းမကို ပြော၏)။

၇၉၄။ နတ်သား သင်သည် အကျွန်ုပ်၏ အကျိုးကို အလိုရှိပါ၏၊ နတ်သား သင်သည် အကျွန်ုပ်၏ အစိးအပွါးကို အလိုရှိပါ၏၊ အကျွန်ုပ်သည် သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏။

၇၉၅။ နတ်သား အကျွန်ုပ်သည် ငရဲတို့ကို၎င်း နဂါး ဂဠုန်စသော တိရစ္ဆာန်တို့ကို၎င်း ပြိတ္တာတို့ကို၎င်း အသုရာတို့ကို၎င်း တွေ့မြင်ဘူးကုန်ပြီ၊ ထိုမှတပါး လူတို့ကို၎င်း စာတုမဟာရာဇ်နတ်တို့ကို၎င်း တွေ့မြင်ဘူးကုန်ပြီ၊ အကျွန်ုပ်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင်ပင် မြင်ရပါပြီ (ပါဋလိပုတ်ပြည်သို့ သွားရောက်၍) များစွာသော ကုသိုလ်ကောင်းမူတို့ကို ပြုပါအံ့ (ဟု မိန်းမက ပြန်ပြော၏)။

တဆယ့်တခုမြောက်သော ပါဋလိပုတ္တပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment