ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 24 October 2011

ကိုယ်ဝန်ဆောင်စဉ်တွင် အစာအာဟာရကို ပိုမိုစားသင့်

http://1.bp.blogspot.com/_Uu0GIZX4wEA/S_DfAdLFFeI/AAAAAAAAGKA/uCOwaQ8Je8w/s1600/Empirelinethinkstock.jpg

ကိုယ်ဝန်ရှိလာလျှင် သန့်ရှင်းလတ်ဆတ်သော အစာများကို ကိုယ်ဝန်မရှိခင်ကထက် ပိုမိုစားသုံးသင့်ကြောင်း၊ အစာအာဟာရစားသုံးရာတွင် ကိုယ်ဝန်ဆောင်များအနေနှင့် နည်းနည်းချင်း မကြာခဏ စားသုံးရမည်ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးမှ ပြောကြားသည်။

ကြီးထွားလာမည့်သန္ဓေသား၊ သားအိမ်၊ အချင်း၊ မွေးဖွားစဉ်သွေးဆုံးရူံးမူ၊ မွေးပြီး နို့ချိုတိုက်ကျွေးရန် ကလေးပြုစုရန်တို့အတွက် ကိုယ်ဝန်ဆောင်မိခင်သည် အာဟာရပြည့်ဝရန်လိုအပ်ကြောင်း အစာအုပ်စုသုံးစုထဲမှ အနည်းဆုံး တစ်ခုစီပါဝင်အောင် နေ့စဉ်စားသုံးသင့်ကြောင်း သိရသည်။ အချို့လူများသည် အစာအုပ်စု(၃)စုကိုပင် သေချာမသိရှိကြကြောင်း အဆိုပါဆရာဝန်မှ ပြောကြားသည်။ အစားအုပ်စု (၃)စုမှာ -

၁။ အင်အားကိုဖြစ်စေသော (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်၊ ဆီ၊ ထောပတ်)

၂။ ကြီးထွားမူကိုဖြစ်စေသော (အသား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး)

၃။ ရောဂါကာကွယ်ပေးသော (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အမျှင်ပါသော အသီးအနှံများ) ဖြစ်သည်။

MN (HEALTH CARE JOURNAL)

No comments:

Post a Comment