ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 28 October 2011

အရိုးပွခြင်းကို ကာကွယ်ရန် အစား ၁၀-မျိုး

http://www.wallpaperpimper.com/wallpaper/Food/Vegetable/Culinary-Best-Quality-Vegetable-Salad-1-9TK3IQBQ5C-1600x1200.jpg

ပန်းဂေါ်ဖီအစိမ်း (Broccoli)
ပန်းဂေါ်ဖီအစိမ်းသည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေ နှင့် ဗီတာမင်-ဘီတို့ကြွယ်ဝသော ဟင်းရွက်ဖြစ်သည်။ ထို့အပြင် ဗီတာမင်ပါဝင်မူလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ် စုတ်ယူနိုင်မူကို တိုးမြှင့်ပေးသည်။

ဆလတ်ရွက်

ဆလတ်ရွက်သည် အရည်ပါဝင်မူ မြင့်မားသောကြောင့် အခြားအာဟာရပါဝင်မူ နည်းပါးသည်ဟု အသိများသော်လည်း ၎င်းတွင် အရိုးသန်မာစေသော ကယ်လ်စီယမ်နှင့် ဗီတာမင်-ကေတို့အပြင် အခြားဒြပ်ပေါင်းများလည်း ပါဝင်သည်။

ပဲတောင့်ရှည်

၎င်းသည် ဗီတာမင်-ကေ အလွန်ကြွယ်ဝသောအစာဖြစ်သည်။ အရိုးတွင်း ကယ်လ်စီယမ်သိပ်သည်းမူကို မြင့်မားစေ၍ အရိုးကို သန်မာစေသည်။ ဗီတာမင်-ဘီ အုပ်စုပါဝင်သောကြောင့် အရိုးပွခြင်းကို ဟန့်တားနိုင်သည်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်သညလည်း အရိုးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်-ကေ၊ ဖိုးလစ်အက်ဆစ် (folic acid)နှင့် ဗီတာမင်-ဘီတို့ ကြွယ်ဝသည်။ ထို့အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်-စီ ပမာဏလည်းများစွာ ပါဝင်သည်။

ဟင်းနုနွယ်

ဗီတာမင်-ကေနှင့် folic acid များစွာပါဝင်သော ဟင်းနုနွယ်သည် အရိုး ကျန်းမာရေးအတွက် စိတ်ပူသူများ၏ ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သင့်သော ဟင်းတစ်ခွက်ဖြစ်သည်။

လက်ဖက်ခြောက်
လက်ဖက်ခြောက်တွင် အရိုးကိုသန်မာစေမည့် သတ္တုဓာတ်များစွာပါဝင်သည်။ သို့သော် သကြားခတ်၍ သုံးဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ကြောင်း သတိချပ်သင့်သည်။

ကညွတ်

ကညွတ်သည် အာဟာရလွန်စွာမျှတသော ဟင်းရွက်တစ်မျိုး ဖြစ်သည်။ ၎င်းတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်သောကြောင့် အရိုးများကို ကြံ့ခိုင်သန်မာစေသည်။

တရုတ်နံနံ

၎င်းတွင် ပါဝင်သော ဗီတာမင်-ကေ(၀မ်း)သည် အရိုးကို ဖျော့မည် Osteoclasts ခေါ်ကိုယ်တွင်း ဆဲလ်တစ်မျိုးကို ဟန့်တားနိုင်သည်။ ထို့အပြင် အရိုးတွင်း ကယ်လ်စီယမ်ပမာဏစုပ်ယူမူ အားကောင်းအောင်လည်း ကူညီပေးသည်။

သံပယိုသီး

သံပယိုသီးသည် ချဉ်သော်ငြားလည်း ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုနိုင်သော အစားအစာဖြစ်သည်။ အရိုးနှင့် သွားများကို သန်မာစေရုံသာမက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးသည်။

နှံစားသီးနှံများ

၎င်းတို့သည်လည်း အရိုးကျန်းမာရေးအတွက် လိုအပ်သော သတ္တုဒြပ်များစွာပါဝင်သောကြောင့် နေ့စဉ်သုံးဆောင်သင့်သည်။

စန္ဒီ (ဆေး - ၂) (HEALTH CARE JOURNAL)


No comments:

Post a Comment