HIV ရောဂါပိုး သုတေသနပညာရှင်များက အမျိုးသမီးများ လိင်ဆက်ဆံစဉ် သူတို့၏ ပါတနာအမျိုးသားများက ကွန်ဒုံး(Condom)ကို အသုံးမပြုစေကာမူ HIV ရောဂါပိုးအား အကာအကွယ်ပေးနိုင်သော မိန်းမယောနိ(Vagina)အတွင်း ထည့်သွင်းနိုင်သည့် ဂျဲလ်တစ်မျိုးကို တည်ထွင်လိုက်ပြီဖြစ်၏။ ယင်းကို vaginal gel ဟုခေါ်ပြီး ယင်းတွင် HIV ပိုးကို သေစေနိုင်သော tenofovir ဆေးပါဝင်၏၊ ယင်း gel က HIV ပိုးကူးစက်မူကို အမျိုးသမီးများတွင် (၅၄)ရာခိုင်နူန်း ကာကွယ်နိုင်သည်ဟု ဆိုပါသည်။
ထို့ကြောင့် ယင်း Tenofovir ဆေးပါ gel က အမျိုးသမီးများ၏ အမျိုးသားပါတနာများ ကွန်ဒုံးကို အသုံးမပြုပဲနေပါက လုံခြုံမူအတွက် အရေးပါပေသည်ဟု တောင်အာဖရိကမှ AIDS ပရိုဂရမ်သုတေသနဒါရိုက်တာ ပရော်ဖက် ဆာ Salim Abdool ကပြောကြားခဲ့၏။ သူက ဆက်လက်၍ တောင်အာဖရိကနိုင်ငံမှာ လာမည့်အနှစ် ၂၀အတွင်း HIV ရောဂါပိုးကူးစက်မည့် case အသစ် ၁.၃သန်းနှင့် သေဆုံးမူပေါင်း ၈၀၀,၀၀၀ ကျော်ကို အကာအကွယ်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။
ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)
No comments:
Post a Comment