ပြည်တွင်းရှိဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ၀က်ဘ်ဆိုက်ရာနှင့်ချီ၍ အနှောက်အယှက်ပြုခဲ့သော Online Hacker တစ်ခုဖြစ်သည့် BHG အဖွဲ့မှ ၎င်းတို့အဖွဲ့၏ တိုက်ခိုက်မူလုပ်ငန်းများအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
အဆိုပါ ကြေညာချက်အား ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုလတွင် ၎င်းတို့၏ လူပ်ရှားဆောင်ရွက်မူများအား ဖော်ပြလျက်ရှိသည့် ၀က်ဘ်ဆိုက်ကိုပါ ပိတ်ပစ်လိုက်ပြီဖြစ်သည်။
BHG အဖွဲ့သည် ယခုနှစ်များအတွင်း ဌာနဆိုင်ရာဝက်ဘ်ဆိုက်များ၊ အစိုးရဆက်စပ်ဝက်ဘ်ဆိုဒ်များ၊ ဟိုတယ်များ၊ ဖျော်ဖြေရေးဆိုက်များနှင့် ဦးထွန်းလွင်၏၀က်ဘ်ဆိုက် အစရှိသည်တို့ကို ဖောက်ထွင်းဝင်ရောက်၍ အချက်အလက်များ ထိန်းချုပ်ခြင်း၊ ၀က်ဘ်ဆိုက်ပိတ်ခြင်းနှင့် Deface ပြုလုပ်ခြင်းများကို ဆက်တိုက်လုပ်ကိုင်ခဲ့သည်။
ပြည်ပမှ Hacking ၀ါသနာတူများ စုစည်းဖိတ်ခေါ်၍ တိုက်ခိုက်ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြည်တွင်းရှိ နိုင်ငံရေးအခြေအနေအပြောင်းအလဲ အချို့ကြောင့် ၎င်းတို့၏ လုပ်ငန်းများအား ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကြောညာချက်တွင် ဖော်ပြထားသည်။

Friday, 21 October 2011
အွန်လိုင်းဟက်ကာအဖွဲ့တစ်ဖွဲ့တိုက်ခိုက်မူများရပ်နား
နေလင်းအောင် (7 DAYS NEW JOURNAL)
အမျိုးအစား/ကဏ္ဍ
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment