ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 3 October 2011

ဝက်ပုပ် (အတွေးအမြင်ပုံပြင်)

လက်ဖက်ရည်ဆိုင်ထိုင်ဖက် သူငယ်ချင်းတွေကို လန်ဘားက နှစ်သစ်မှာဘာဖြစ်ချင်သလဲ ဆိုတဲ့မေးခွန်းမေးတယ်။

အဖြေတွေက အမျိုးမျိုးပါပဲ။

ကိုကောက်က အသက်ပြန်ငယ်ချင်တယ်။

ဝတုတ်က ကျန်းမာရေးဒေါင်ဒေါင်မြည်ဖြစ်ချင်တယ်။

ကျွဲမက မယ်စကြာဝဠာလို လှပချင်တယ်။

ဘဲဥမက မီလျံနာဖြစ်ချင်တယ်။

မဲတူက နေရာတကာမှာ ပြိုင်ဘက်ကင်းတဲ့သူဖြစ်ချင်တယ်။

အင်တာနက်ထဲမှာ ပုံပြင်တွေ ရှာဖွေဖတ်လေ့ရှိတဲ့ရွှီးကတော့ အင်တာနက်connection ကောင်းကောင်းလိုချင်တယ်တဲ့။

လန်ဘားက "လိုသောဆုများ တစ်လုံးတစ်ဝတည်းပြည့်စေ" လို့ သိက္ခာတော်ရ ဆရာတော်ကြီးလေသံနဲ့ ပြောလိုက်တော့ အားလုံး ရယ်မောကြတယ်။

"မဲတူက ဆုတောင်းပြည့်နိုင်တယ်၊ နေရာတကာမှာ ပြိုင်ဘက်ကင်းဆိုတာလေ" ရွှီးက စကားပြန်ကောက်တယ်။

ကျန်တဲ့လူတွေက မဲတူကို ရွှီး ဘယ်လိုချွတ်မှာလဲလို့ စိတ်ဝင်စားကြတယ်။

ကိုကောက်က "ဘာကြောင့်လဲ" လို့ ထောင်ပေးတယ်။

ရွှီးက "ပုံပြင်ပြောမှာပါ" လို့သာ လေအေးလေးနဲ့ဖြေတယ်။

အားလုံးက ရွှီးရဲ့ပုံပြင်ကို စိတ်ဝင်တစားနားစွင့်နေကြပါတယ်။

"ကျားတစ်ကောင်ဟာ အမဲလိုက်ပြီးနောက် သူ့အာသာဆန္ဒတွေ ပြည့်ဝတဲ့ ပျော်ရွှင်တဲ့နေ့တစ်နေ့ကိုရသတဲ့။ ရေသောက်ချင်တာနဲ့ ရေကန်ကို လျှောက်လှမ်းပြီးလာတယ်။ အဲဒီအချိန်မှာ ရေကန်မှာရေသောက်နေလက်စ ၀က်တစ်ကောင်ဟာ ကျားချဉ်းကပ်လာတာမြင်တော့ ကြောက်ရွံ့စိတ်နဲ့ တစ်ကိုယ်လုံး တုန်ယင်အေးစက်သွားတယ်။ ဒါပေမဲ့ ကျားဟာ သူ့ကို ဂရုမစိုက်ဘဲ ရေကိုပဲ ငုံ့သောက်တယ်။ ရေကဟောင်စော်နံနေတော့ ကျားက မနှစ်သက်ဘဲ တွန့်ဆုတ်သွား သတဲ့"

" ၀က်ကတော့ သောက်တယ်နော် "

"ကျားက အခြားရေကန်တစ်ကန်မှာပဲ သောက်တော့မယ် လို့ ဆုံးဖြတ်ပြီး ထွက်သွားတယ်။ ကျားထွက်သွားတာကို ၀က်က ဝေခွဲမရဖြစ်တယ်။ နောက်တော့ ကျားက သူ့ကိုကြောက်လို့ ရေမသောက်ရဲဘဲ ထွက်သွားတာဖြစ်ရမယ်လို့ ကောက်ချက်ချပြီး ၀မ်းသာအားရ ထခုန်တော့တာပေါ့ "

" အထင်တော်လွဲပလေ "

"ချက်ခြင်းလက်ငင်းပဲ ၊ သူ့ကိုယ်သူ ဆင်တစ်ကောင်လို သန်စွမ်းတယ်လို့ အထင်ရောက်ပြီး
ထွက်ခွာသွားတဲ့ကျားရဲ့နောက်ကို အပြေးလိုက် သတ်ပုတ်ကြဖို့ စိန်ခေါ်ပါသတဲ့"

"၀က်သားနဲ့ ပုန်းရည်ချက်စားရင်ကောင်းတယ် သိလား"

"ကျားက ၀က်ကို နောက်ပြန်လှည့်ကြည့်ပြီး ဒီနေ့တော့နေပါဦး၊ မနက်ဖြန် ဒီနေရာမှာပြန်ဆုံပြီးသတ်ကြတာပေါ့လို့ ကျားကပြန်ဖြေတယ်။ ကျားကသတ်ပုတ်ဖို့ကို တုံ့ဆိုင်းနေတာဟာ သူ့ကိုကြောက်တာသေချာတဲ့သက်သေပဲလို့ ယူဆပြီး ၀က်က ဘ၀င်မြင့်သတဲ့ "

" အခြောက်တိုက်ကြီးပါလား "

" ၀က်က အိမ်ကိုအမြန်ပြန်ပြေးလာပြီး သူဟာ မကြာခင်မှာပဲ ကျားရဲ့နေရာမှာ အစားဝင်ပြီး သားရဲတိရစ္ဆာန်တို့ရဲ့ ဧကရာဇ်ဖြစ်တော့မှာလို့ ကြွားလုံးစထုတ်တော့တာပေါ့၊ ၀က်မိသားစုဝင်တွေနဲ့ အပေါင်းအဖော်တွေကတော့ ကျားကို သူက စိန်ခေါ်တယ်ဆိုတော့ စိုးရိမ်စိတ်ပျက်ကြတယ်ပေါ့ "

"ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်နေတာကိုး"

"သူတို့ဟာ ကျား ဘာကြောင့် ရေကန်ကထွက်ခွာသွားရတာလဲ ဆိုတာ စဉ်းစားကြတယ်၊ ဘာကြောင့် ရုတ်တရက် ကျားက ကြောက်စိတ်မွှန်သွားရတာလဲ၊ အဲဒီအချက်ကို ရှာဖွေပြီး အမိအရ ဆုပ်ကိုင်ရမယ်၊ ၀က်ရဲ့ဘိုးဘိုးက အခြေအနေကို ဝေဖန်သုံးသပ်ပြီး ကျားကို ရင်ဆိုင်ဖို့ စီမံကိန်းဆွဲပေးတယ်"

"စဉ်းစားတတ်တဲ့သူရှိသေးလို့ တော်သေးတာပေါ့"

"၀က်ဘိုးဘိုးက ချိန်းထားတဲ့အတိုင်း ကျားနဲ့ရင်ဆိုင်ပါလို့ ၀က်ကို အကြံပေးတယ်၊ သတ်ပုတ်ပွဲကို အာလုံးလဲလိုက်ပြီး အားပေးမယ်၊ ဒါပေမဲ့ ကျားနဲ့ ရင်မဆိုင်မီမှာ ၇ွှံ့ဗွက်အိုင်ထဲမှာ မင်းကိုမင်း လူးလိမ့်သွားပါ၊ ပုတ်စော်နံတဲ့ရနံ့ဆိုးတွေဟာ အထက်ဘက်တိုင်အောင် နံစော်နေပါစေတဲ့ "

" ဘာသဘောလဲ "

"ချိန်းဆိုထားတဲ့နေ့ကို ရောက်ပြီး ကျားနဲ့မတွေ့မီမှာ ၀က်ဟာ ရွှံ့ပုပ်တွေထဲလူးတယ်၊ ဆင်ချေးတွေလဲလူးတယ်၊ ရှာဖွေတွေ့သမျှ အညစ်အပတ် အရိအရွဲတွေကိုလဲ ကိုယ်မှာလူးပြီး ကျားနဲ့တွေ့ဖို့ ၀က်ကသွားတယ် "

"အထက်ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ ပုဂ္ဂိုလ်၊သတ္တ၀ါတွေအားလုံး အပုပ်နံ့ နံပါစေသတည်းပေါ့ "

" ကျားကတော့ ၀က်ကို စောင့်နေရတာ စိတ်မရှည်နိုင်တော့ဘူး၊ ဒါပေမဲ့ ၀က်လဲ သူ့ဆီချဉ်းကပ်လာရော မနှစ်မြို့စွာ ခြေလှမ်းက နောက်ဆုတ်သွားတယ်၊ ဘာ ပေါက်တတ်ကရတွေ လုပ်လာတာလဲ၊ မင်း.. မင်း ကိုယ်ကနံလိုက်တာ၊ ဟောင်နေတာဘဲလို့ပြောတယ်၊ ကျားရဲ့ စိတ်ကူထဲမှာတော့ ၀က်သားသုံးထပ်သားကို အရာသာရှိရှိတွယ်လိုက်မယ်ပေါ့၊ ယခုတော့ မအီမသာနဲ့ ပျို့ချင်အန်ချင်နေပြီ၊ ခုတော့ စားချင်တဲ့အာသာဆန္ဒလဲပျောက်ကွယ်သွားပြီ"

"ငါလဲ ၀က်သားစားချင်စိတ်ကုန်သွားပြီး"

"သတ္တိရှိရင် ချမယ်၊ လာလေ လို့ပြောပြီး ၀က်က ရှေ့ကို ခြေလှမ်းတိုးလာတယ်၊ ကျားကတော့ ငါနဲ့ ခပ်ဝေးဝေးမှာနေပါ၊ သွားပါ၊ သွားစမ်းပါ လို့ အော်တယ်၊ ၀က်လဲ လှည့်ပြန်လာခဲ့တယ်"

"အကြံပိုင်သောဝက်ပေါ့ "

"၀က်နဲ့သူ့အပေါင်းအသင်းတွေဟာ ညစ်ပတ်တာသူတို့အတွက်ကောင်းတယ်လို့ သိမြင်သွားတယ်။ ဒါကြောင့် သူတို့ဟာ ရွှံ့ပုပ်ဗွက်အိုင်တွေ့တိုင်း လူးနေတာ ဒီနေ့အထိပါပဲတဲ့"

" မဲတူတစ်ယောက် ပြိုင်ဘက်ကင်းပါစေဗျာ"

ဖေလင်းသစ်

No comments:

Post a Comment