၇၉၆။ သင်၏ ဤရေကန်သည် အလွန်နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်းရှိ၏၊ များသောရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်း။
၇၉၇။ နတ်သား သင်၏ ဤသရက်ဥယျာဉ်သည် အလွန်နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတုသုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်း (ဟု ကုန်သည်များက မေး၏)။
၇၉၈။ ကုန်သည်တို့ အကျွန်ုပ်ကိုရည်၍ သရက်သီးမှည့်ကို၎င်း ရေကို၎င်း ယာဂုကို၎င်း ပေးလှူ၏၊ သမီး၏ ထိုပေးလှူသော အလှူကြေင့် ဤသရက်ဥယျာဉ်၌ သရက်သီးမှည့်ကို၎င်း ဤရေကန်၌ ရေကို၎င်း ဤဗိမာန်ပဒေသာပင်စသည်တို့၌ နှလုံးမွေ့လျော်ဖွယ်ရှိ၍ ချမ်းအေးသော အရိပ်ကို အကျွန်ုပ်ရပါ၏ (ဟု ပြိတ္တာက ပြောဆို၏)။
၇၉၉။ အလှူပေးခြင်း၏၎င်း ဣနြေ္ဒကို ဆုံးမရခြင်း၏၎င်း သီလစောင့်ထိန်းခြင်း၏၎င်း အကျိုးကို (ကုသိုလ်ကံသည် ဤသို့ပင် မျက်မှောက်ဘ၀၌ ခံစားအပ်သော အကျိုးရှိ၏ဟု) ကြည့်ရူကုန်လော့၊ အကျွန်ုပ်သည် ရှေးက အရှင်သခင်အိမ်တို့၌ ကျွန်မဖြစ်ပြီး၍ ယခုအခါ အိမ်ကို အစိုးရသော ချွေးမဖြစ်ရပါ၏ (ဟု ပြိတ္တာ၏ သမီးက ရွတ်ဆို၏)။
ဤဂါထာသည် ပြိတ္တာ၏သမီးက ရွတ်ဆိုသော ဂါထာတည်း။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment