ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 15 October 2011

နူတ်ခမ်းသားလေး ကျန်းမာလှပစေဖို့

http://www.wallpaperez.net/wallpaper/games/A3-Age-of-Sovereign-Face-1051.jpg

နူတ်ခမ်းသားကျန်းမာလှပစေဖို့အတွက် အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ လိုအပ်တဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ရဲနေတဲ့ နူတ်ခမ်းသားဟာ သင့်ခန္ဓာကိုယ်က ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အသွင်ကိုဆောင်သလို နုပျိုမူနဲ့ ငယ်ရွယ်မူအသွင်ကိုလည်း ဆောင်ပါတယ်။

နူတ်ခမ်းတ၀ိုက် အရေးကြောင်းကင်းအောင်

နူတ်ခမ်းသားဘေးတစ်ဝိုက်မှာ နူတ်ခမ်းသားတွေကိုပါ နေရောင်ကာကွယ်တဲ့ အမျိုးအစားသုံးပေးပါ။ နေရောင်ခြည်ဟာ အရေပြားကိုတွန့်စေတဲ့ အကြောင်းရင်း တစ်ခုဖြစ်တာကြောင့်ပါ။ ဒါကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ နေရောင်ကာကွယ်တဲ့ နူတ်ခမ်းဆိုးဆေး အမျိုးအစား SPF-15 ဒါမှမဟုတ် ၃၀လောက် ပါဝင်တာကို ဆွဲပြီးသုံးပါ။

နူတ်ခမ်းခြောက်သွေ့မူကင်းအောင်

သင့်ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်မူ ရှိမရှိဆိုတာကိုသိဖို့ သင့်နေ့စဉ် ရေသောက်တဲ့ ပမာဏကို စစ်ဆေးပြီး ရေ ခြောက်ခွက်လောက် အနည်းဆုံးသောက်နိုင်အောင် ကြိုးစားပါ။ ရေဓာတ်ပါဝင်တဲ့ နူတ်ခမ်းဆိုးဆေးအဆီကိုသုံးပြီး Lip Gloss ကို အမြဲသုံးပါ။

နူတ်ခမ်းသားနူးညံ့အောင်

ကြွေးချွတ်သန့်စင်တာမျိုး ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ ဂွမ်းဖတ် ဒါမှမဟုတ် ဖလန်နယ်စကို ရေဆွတ်ပြီး နူတ်ခမ်းသားတွေကို စက်ဝိုင်းပုံပွတ်တိုက် သန့်စင်ပေးပါ။ နူတ်ခမ်းပေါ်က ဆဲလ်သေတွေနဲ့ တခြားနူတ်ခမ်းဆိုးဆေးတွေကို သန့်စင်ပြီးသားဖြစ်စေကာ နူးညံ့သွားစေပါသည်။

နူတ်ခမ်းတွဲတွဲလေးဖြစ်အောင်
အောက်နူတ်ခမ်းတွဲတွဲလေးဟာ အရမ်းကြည့်ကောင်းတဲ့ နူတ်ခမ်းအလှပုံစံပါ။ ဒီလို နူတ်ခမ်းသားလေးဖြစ်အောင် နူတ်ခမ်းနီကို ပုံဖော်ဆိုးပါ။ နူတ်ခမ်းအားလုံးဆိုးပြီးချိန်မှာ အရောင်အပြောင်ပါတဲ့ နူတ်ခမ်းဆိုးဆေးအဆီကို အောက်နူတ်ခမ်း အလယ်နေရာလေးမှာ ဆိုးပေးပါ။

နူတ်ခမ်းပုံလှပနေအောင်
နူတ်ခမ်းသားဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒါပေမဲ့ သေသပ်လှပတဲ့ နူတ်ခမ်းဆိုးတဲ့ပုံစံရစေဖို့ကတော့ နူတ်ခမ်းနီကို Lip Liner နဲ့ ပုံအရင်းဖော်ပြီးမှ ဆိုးပါ။

ပိုမိုတောက်ပနေအောင်
နူတ်ခမ်းနီရဲရဲတောက်တောက်တွေဟာ သင့်ကို ပိုပြီးရင့်စေပါတယ်။ နူတ်ခမ်းသား တောက်ပနေစေဖို့ အရောင်ပေါင်းစပ်ပြီး ဆိုးပါ။ ဥပမာ - အနီရောင် နူတ်ခမ်းနီကို အောက်နူတ်ခမ်းမှာ အရင်ဆိုးလိုက်ပြီးမှ နူတ်ခမ်းဆိုး ဆေးအဆီကို ထပ်ဆိုးပြီး နူတ်ခမ်းသားကို တောက်ပအောင် ပြုလုပ်ပါ။

Thae (GOOD HEALTH JOURNAL)


No comments:

Post a Comment