ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 22 December 2010

၃။ အကာလိကဂုဏ်တော်


အနက်

ဓမ္မော - သောတာပတ္တိ စသည့်ဆင့်တက် လေးချက်အပြား မဂ်တရားသည်။ အကာလိကော - ငါးရက် ခုနှစ်ရက် စသည်တက်၍ ငံ့လျက်ရှည်ဝေး အကျိုးပေးရာ အခါမငဲ့ အခြားမဲ့ဖိုလ် အကျိုးကိုလည်း ပေးတော်မူတတ်ပါပေ၏။

အကာလိကော - အခါမလင့် ချိန်မဖင့်ဘဲ ကျင့်လျှင်ကျင့်ချင်း ခုလက်ငင်းပင်ချက်ချင်းအကျိုးပေးသော ။ ဓမ္မော - တရားတော်ပါပေတည်း။


အဓိပ္ပာယ်

အကာလိက ဆိုသည်မှာ အခါမလင့် ကာလမခြား ချက်ချင်းအကျိုးကို ပေးတတ်သော တရားဟု ဆိုလို၏။ တိုက်ရိုက်မုချအားဖြင့် မဂ်လေးပါးတရားနှင့် ဆိုင်သည်။ မဂ်လေးပါးတို့သည် ဖြစ်ပြီးလျှင် ပြီးချင်း အချိန်ကာလအားဖြင့် ဆိုင်းငံ့ခြားကွာမနေဘဲ ချက်ချင်း တဆက်တည်း ဖိုလ်တည်းဟူသော အကျိုးကို ပေး၏။ မဂ်ကား အကြောင်းကုသိုလ်ဖြစ်၍ ဖိုလ်ကား အကျိုးဝိပါက်ဖြစ်၏။ မဂ်က ကိလေသာများကို သတ်ပေး၍ ဖိုလ်က ကိလေသာ ငြိမ်းအေးခြင်း သုခကို ခံစား၏။

ဒါနမူ၊ သီလမူ၊ ဘာဝနာမူများကို လက်တွေ့ အားထုတ် ကြည့်ပါလျှင်လည်း အချိန်ကာလအားဖြင့် ခြားကွာ ကြံ့ကြာမူမရှိဘဲ ပြုလုပ်ကျင့်ကြံ့ဆဲ ခဏမှာပင် လောဘ၊ ဒေါသ၊ မောဟတရားများ နည်းပါးမူ၊ ကိလေသာနည်းပါး၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြည်နူးမူ၊ ရတနာသုံးပါး၌ ရိုသေမြတ်နိုးမူ စသည်များကိုလည်း ချက်ခြင်းလက်ငင်းပင်ခံစားရပေသည်။ ဤကဲ့သို့ ခံစားရခြင်းသည်လည်း “အကာလိက” ဂုဏ်တော်ပင်တည်း။

ဤ “အကာလိက” ဂုဏ်တော်ဖြင့်ပင် ဗုဒ္ဓ၀ါဒ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ချမ်းသာသည် သာသနာအပြင်ပ အယူဝါဒများကဲ့သို့ သေပြီးသည့်နောက်မှ၊ တစုံတဦးသော တန်ခိုးရှင်၏ အဆုံးအဖြတ်ကို ခံယူပြီးမှ ရရှိသော ချမ်းသာမျိုး မဟုတ်၊ ယခုလက်ရှိ ဘ၀မှာပင်လျှင် အချိန်မလင့်(အချိန်မရွေး) ရနိုင်သော အတုမရှိ ချမ်းသာကြီးဖြစ်ကြောင်း အတိအလင်း အာမခံချက် ပေးထားသည်။

No comments:

Post a Comment