ဓမ္မကိဥပပါသကာကဲ့သို့သော လူသားများကို မဆိုထားဘိ၊ တိရစ္ဆာန်များပင်လျှင် တရားတော်ကို နာကြားရ၍ အကျိုးကျေးဇူးကြီးမားစွာ ရရှိခဲ့ကြဖူး၏။
မြတ်စွာဘုရား ဓမ္ပာမြို့ ဂဂ္ဂရာရေကန်အနီးရှိ တရားမဏ္ဍပ်၌ တစ်နေ့သော ညနေချမ်းတွင် တရားဟော တော်မူရာ ဖားတစ်ကောင်သည် ရေကန်မှတက်၍ မြတ်စွာဘုရားရှင်၏ သာယာသော တရားသံ၌ အာရုံစိုက်ကာ ၀ပ်လျက် နာယူနေ၏။
ထိုအခါ နွားကျောင်းသားတစ်ဦးလည်း ထိုအရပ်သို့ ရောက်ရှိလာကာ ငြိမ်သက်လှသော တရားနာပရိသတ် အစွန်၌ နွားနှင်တံကို အမှတ်တမဲ့ ထောက်လျက်ရပ်ပြီး နားထောင်နေ၏။ သူ၏ နှင်တံသည် ဖားငယ်၏ ဦခေါင်းပေါ်၌ ထောက်မိလျက်ရှိရာ ဖားသားငယ်သည် ထိုနေရာ၌ပင် တရားနာရင်း သေဆုံးကာ တာဝတိံသာနတ်ပြည်၌ ဖားနတ်သား ဖြစ်သွားသည်။

Thursday, 23 December 2010
ဖားနတ်သားဝတ္ထု
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment