အနက်
သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - သဗ္ဗေဉ်ဉာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ၀ိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင် သိတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓေ = အလုံးစုံသော တရားတို့ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
အဓိပ္ပာယ်
ပထမဆုံး အရဟံဂုဏ်တော်ဖြင့် မဂ်ဉာဏ်တော်စွမ်းအားကြောင့် မြတ်စွာဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာ အပူအညစ် ကင်းသဖြင့် အသန့်ရှင်းဆုံး၊ အစင်ကြယ်ဆုံး ဖြစ်တော်မူကြောင်း ပြခဲ့ပြီး။ ယခု ဒုတိယမြောက် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖြင့် မြတ်စွာဘုရားရှင်သည် ကိလေသာ ကင်းစင်ရုံသာမက တရားအလုံးစုံကို အကုန်သိမြင်နိုင်သော သဗ္ဗညုတ ဉာဏ်ထူးရှင်ကြီးလည်း ဖြစ်ကြောင်း ထပ်လောင်းကြည်ညိုရသည်။
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော်တို့ကြောင့် မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ သိစရာမှန်သမျှကို မည်သူနှင့်မျှ နိုင်းယှဉ်မရအောင် လုံးဝဥဿုံ အကုန်အစင် သိတော်မူသည်။
သဗ္ဗညုတဉာဏ်တော်မြတ်
“သဗ္ဗညုတဉာဏ်” ဟူသော ပုဒ်မျာ “သဗ္ဗညုတဉာဏ်” ဟု အပြည့်အစုံ ခေါ်ဆိုရမည် ဖြစ်သော်လည်း စကားလုံးတူနေသော သဗ္ဗပုဒ် နှစ်ပုဒ်ကို တစ်ပုဒ်တည်းဖြစ်အောင် (သဗ္ဗ + သဗ္ဗ = သဗ္ဗ - ဟု ထပ်တူပြု၍ ဧကသိက်ပြု၍) သဗ္ဗညုတဉာဏ် သုံးစွဲထားခြင်းဖြစ်သည်။
သဗ္ဗ = သိစရာတရား အားလုံးကို သိတော်မူသည်။
သဗ္ဗ = သိစရာ အားလုံးထဲက သိစရာ အချက်အလက်တစ်ခုချင်းနှင့် ပတ်သက်၍လည်း အစ အလယ် အဆုံး သုံးပါးလုံး အကုန်အစင် သိမြင်တော်မူ၍ တရဗားနာသူပုဂ္ဂိုလ်တိုပ၏ စိတ်ဓာတ်စရိုက်အလိုက် ဟောပြရမည့် ဒေသနာတို့ကိုလည်း သိတော်မူသည်ဟု ဆိုလိုသည်။
သဗ္ဗညုတဉာဏ်တော်၌ အစွမ်းသုံးပါး ရှိသည်။ ထိုအစွမ်းသုံးပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ဆောင်ပုဒ်။ ။
(၁) သိစရာမှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင် သဗ္ဗ္ပဉာဏ်တော် အစွမ်းတည်း။
(၂) သိသည့်တရား များအပြား၌ ဟောထားစဖွယ် နည်းသွယ်သွယ်ကို ခြယ်လှယ်စုံလင် အကုန်မြင် သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
(၃) ကျွတ်ထိုက်ကြပေ များပေနေ၏ ဣနြေ္ဒစရိုက်သူ့အကြိုက်ကို နိုက်ချွတ်စုံလင် အကုန်မြင် သဗ္ဗဉ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့် အများဝေနေ ကျွတ်လွတ်စေဖို့ မနေမနား သက်တော်အားဖြင့် ကြီးမားသီတိ ရှစ်ဆယ်ပြည့်၍ ပရိနိဗ္ဗာန် စံသည့်တိုင်အောင် သယ်ယူဆောင် ဘုန်းခေါင်ငါတို့ ဘုရားတည်း။
ဉေယျဓမ်တရားငါးပါး
သတ္တ၀ါတို့ နေထိုင်ရာ စကြ၀ဠာ ကမ္ဘာလောကဓာတ်တို့သည် ရေတွက်မရ များလွန်းလှသဖြင့် အနန္တစကြ၀ဠာ ဟု ခေါ်ကြရသည်။ စကြ၀ဠာလောကဓာတ် တစ်ခုတစ်ခု၌လည်း သတ္တ၀ါအနန္တတို့ နေထိုင်ကြသည်။ ထိုသို့ စကြ၀ဠာ အနန္တ၌ သတ္တ၀ါအနန္တတို့ ရှိနေကြလင့်ကစား သိသင့်သိဖွယ် သဘောတရားများကို စုပေါင်းလိုက်လျှင် ငါးမျိုးသာရှိသည်။ ထိုငါးမျိုးကို ဉေယျဓမ်တရားငါးပါး ဟု ခေါ်သည်။
[ ဉေယျ = သိသင့် သိထိုက်သော ( သိစရာဖြစ်သော) +ဓမ် = ဓမ၁မသဘောတရားများ။]
ထိုဉေယျဓမ်တရားငါးပါးမှာ -
(၁) သင်္ခါရ = စိတ် စေတသိက် ဟူသော နာမ်တရားနှင့် နိပ္ဇန္နရုပ်များ၊
(၂) ၀ိကာရ = ၀ိကာရရုပ်ငါးပါး၊
(၃) လက္ခဏ = လက္ခဏရုပ်လေးပါး၊
(၄) ပညတ် = လူ နတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား စသော ပညတ်များ၊
(၅) နိဗ္ဗာန် = တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်သော တရား။
ထိုတရားငါးပါးကို လေ့လာကြည့်လျှင် လူတို့ သတ်မှတ် ခေါ်ဝေါ်နေသော ပညက်များ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော နာမ်တရား၊ ရုပ်တရားများနှင့် နိဗ္ဗာန်တို့သာ ဖြစ်ကြောင်း တွေ့ရသည်၊ ဤထက် ပို၍ သိစရာမရှိပေ။ ဤတရားငါးပါးကို ပြည့်ဝ စုံလင် ကုန်စင်စွာ ပိုင်းခြားသိသူမှသာ ဘုရားဖြစ်နိုင်ပေသည်။
ထိုသို့ သိရာ၌လည်း မြတ်စွာဘုရားသည် ဖောက်လွှဲဖောက်ပြန် မှားယွင်းစွာ သိသည်မဟုတ်ပေ၊ အမှန်အကန် ကောင်းမွန်စွာ သိတော်မူသည်။ ထိုသို့ မှန်ကန် ကောင်းမွန်စွာ သိရာ၌လည်း ဆရာမရှိ ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသည်။ ဤသို့ မှန်ကန်စွာ ကိုယ်တော်တိုင် ထိုးထွင်း သိမြင်တော်မူသဖြင့် သမ္မာသမ္ဇုဒ္ဓဟု ဂုဏ်ပြု ပူဇော်ခဲ့ကြရလေသည်။

Saturday, 18 December 2010
၂။ သမ္မသမ္ဗုဒ္ဓဂုဏ်တော်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment