ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်က လင်းနို့သားငါးရာတို့သည် လိုဏ်ဂူတစ်ခုတွင် မိမိတို့ဘာသာဘာဝ နေထိုင်ကြစဉ် ရဟန်းတော်နှစ်ပါးသည် လင်းနို့်များနေထိုင်ရာ လိုဏ်ဂူတွင်း စင်္ကြံ ကြွလျက် အဘိဓမ္မတရားတော်ကို ရွတ်ဆိုနေကြသည်။ ထိုအသံကို လင်းနို့်သားများ ကြားလျှင် တရားသဘောကို နားမလည်ကြသော်လည်း “တရားသံပဲ” ဟု အာရုံပြုကာ နာကြားခဲ့ရသော ကုသိုလ်ကြောင့် လင်းနို့်သားငါးရာလုံး သေဆုံးကြသောအခါ နတ်ပြည်၌ နတ်သားများ ဖြစ်ကြရလေသသည်။
နောက်ဆုံးဘ၀ ဂေါတမမြတ်စွာဘုရားလက်ထက်တွင် အရှင်သာရိပုတ္တရာ၏ တပည့်ရဟန်းများ ဖြစ်လာကြ၍ အဘိဓမ္မာတရားကို ရှေးဦးစွာ နာကြားသူများဖြစ်ရုံမျှမက ဤသာသနာတော်၌ အဘိဓမ္မာခုနစ်ကျမ်းကို ပထမဦးဆုံး အာဂုံဆောင်သော ရဟန်းတော်များ ဖြစ်လာခဲ့ကြလေသည်။
ဤကား “ကြားနာရုံပင် အပူစင်၍ ကျင့်လျှင် ကျင့်ချင်း ခုလက်ငင်းပင် ချက်ချင်း အကျိုးပေးသော” တရားတော်၏ သာဓက၀တ္ထုအမြွက်မျှ ဖြစ်၏။ တရားနာရင်း စိတ်စိုက်ရူပွားနိုင်ပါမူကား ဆိုဖွယ်ရာမရှိ၊ မိမိ၏ အခြွေအရံ နတ်သမီးငါးရာလုံး ရုတ်တရက်သေဆုံးကာ အ၀ီစိသို့ကျရောက်၍ မိမိလည်း ခုနှစ်ရက်ကျော်လျှင် သေဆုံးကာ အ၀ီစိသို့ကျရောက်တော့မည်ကို သိမြင်၍ အကြောက်ကြီး ကြောက်ကာ ထောက်တည်ရာမရ စိတ်ဒုက္ခရောက်နေသော သုဗြဟ္မနတ်သား၊ သားသေလင်ဆုံး ယူကျုံးမရ အရူးမကြီး ဖြစ်သွားသော ပဋာစာရာ စသူတို့လည်း ဘုရားရှင်နှင့်တွေ့ကာ တရားနာယူရင်း စူးစိုက်ရူပွားရင်းပင် သောက ပရိဒေ၀ မီးတွေ အကုန်ငြိမ်းစဲသွားခဲ့ကြဖူး၏။
ဤမျှ အစွမ်းထက်၍ လက်တွေ့ကျသော တရားစွမ်းအားကို ဤသာသနာတော်မှလွဲ၍ အဘယ်မှာ ရနိုင်ပါမည်နည်း။

Thursday, 23 December 2010
လင်းနို့သားငါးရာဝတ္ထု
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
ကျွန်တော်ကတော့အခုချိန်ထိနေ့စဉ်ပဌာန်း
ReplyDeleteတရားတော်ကြီးကိုနေ့စဉ်ပုံမှန်ပူဇော်ဖြစ်တယ်
မပူဇော်ရမနေနှိုင်ဘူးလေ.။စိတ်အေးချမ်းတာ
ကချက်ချင်းခံစားရတယ်။